သ႐ုပ္ေဆာင္ ခိုင္ႏွင္းေဝ ကေတာ့ အမ်ားက ခ်စ္စနိုး နဲ႔ ပရဟိတ မင္းသမီးႀကီး လို႔ တင္စား ေခၚေဝၚ ရေလာက္ ေအာင္ အလႉ အတန္းေတြကို ရက္ေရာ သူတစ္ေယာက္ပါ။ ” ခိုင္ႏွင္းေဝ ရင္ေသြးေလး မ်ား ေဂဟာ” ကိုလည္း ဦးစီး တည္ေထာင္ ထားတဲ့ သူမက လက္ရွိ ျဖစ္ေပၚ ေနတဲ့ အေျခအေန ေတြမွာ ျပည္သူ ေတြနဲ႔အတူ တစ္သားတည္း ရပ္တည္ ကာ တရားမၽွတ မႈရရွိေရးမွာ လည္း တစ္ေထာင့္ တစ္ေနရာ ကေန ပါဝင္ ေနတာ ပဲ ျဖစ္ပါတယ္။

ဒါ့အျပင္ လည္း ေျပာင္းလဲခဲ့တဲ့ အေျခအေန ေတြေၾကာင့္ ဆက္လက္ ရပ္တည္ဖို႔ ခက္ခဲ ေနတဲ့ ျပည္သူ ေတြထံ လိုအပ္ တာေတြကိုလည္း သြားေရာက္ လႉဒါန္းေလ့ရွိတာပါ။ ဒီက ေန႔မွာလည္း ခိုင္ႏွင္းေဝ က အစားအေသာက္ ခက္ခဲေနၾကတဲ့ ျပည္သူ ေတြထံ ေျပာင္းဖူး ၊ ၾကက္သြန္နီ ၊ ဆန္နဲ႔ အေအးေတြ ကို ေဝငွခဲ့ပါတယ္။သြားေရာက္ လႉဒါန္း ခဲ့တဲ့ ၾကည္ႏူးစရာ အလႉ ပုံရိပ္ ေတြကို လည္း သူမ ရဲ့ Facebook Account ထက္မွာ တင္ေပး လာခဲ့ ပါတယ္။အဆိုပါ အလႉပုံရိပ္ေတြအျပင္ ခိုင္ႏွင္းေဝက ” ကိုယ့္ အတြက္ ၿခိဳးၿခံ ေခၽြတာ ၿပီး ကၽြန္မ တတ္နိုင္ သေလာက္ ေလးေတြ မၽွေဝ လႉဒါန္း ျဖစ္ပါတယ္ရွင္။

ခက္ခဲေနတဲ့ မိသားစု ေလးေတြ လာလႉ တဲ့ အခ်ိန္မွာ ေပ်ာ္ၿပီး မ်က္ရည္ က်တာ ျမင္ရေတာ့ စိတ္မ ေကာင္းလဲ ျဖစ္မိပါတယ္ အခက္အခဲ ေတြၾကားက လႉေပးရတဲ့ အတြက္ ပိုၿပီးလဲ ပီတိ ျဖစ္မိပါတယ္ ခက္ခဲ လိုအပ္ ေနတဲ့ သူေတြကို ကၽြန္မ တတ္နိုင္ သေလာက္ ဆက္လက္ လႉဒါန္းသြားပါ ဦးမယ္ရွင္ ” ဆိုတဲ့ စာသားေလးကိုလည္း ေရးသား မၽွေဝလာတာ ျဖစ္လို႔ ပရိသတ္ ေတြထံ ကူးယူ ေဖာ္ျပေပး လိုက္ပါတယ္။

crd-khit yoeyar

UNICODE

သရုပ်ဆောင် ခိုင်နှင်းဝေ ကတော့ အများက ချစ်စနိုး နဲ့ ပရဟိတ မင်းသမီးကြီး လို့ တင်စား ခေါ်ဝေါ် ရလောက် အောင် အလှူ အတန်းတွေကို ရက်ရော သူတစ်ယောက်ပါ။ ” ခိုင်နှင်းဝေ ရင်သွေးလေး များ ဂေဟာ” ကိုလည်း ဦးစီး တည်ထောင် ထားတဲ့ သူမက လက်ရှိ ဖြစ်ပေါ် နေတဲ့ အခြေအနေ တွေမှာ ပြည်သူ တွေနဲ့အတူ တစ်သားတည်း ရပ်တည် ကာ တရားမျှတ မှုရရှိရေးမှာ လည်း တစ်ထောင့် တစ်နေရာ ကနေ ပါဝင် နေတာ ပဲ ဖြစ်ပါတယ်။

ဒါ့အပြင် လည်း ပြောင်းလဲခဲ့တဲ့ အခြေအနေ တွေကြောင့် ဆက်လက် ရပ်တည်ဖို့ ခက်ခဲ နေတဲ့ ပြည်သူ တွေထံ လိုအပ် တာတွေကိုလည်း သွားရောက် လှူဒါန်းလေ့ရှိတာပါ။ ဒီက နေ့မှာလည်း ခိုင်နှင်းဝေ က အစားအသောက် ခက်ခဲနေကြတဲ့ ပြည်သူ တွေထံ ပြောင်းဖူး ၊ ကြက်သွန်နီ ၊ ဆန်နဲ့ အအေးတွေ ကို ဝေငှခဲ့ပါတယ်။သွားရောက် လှူဒါန်း ခဲ့တဲ့ ကြည်နူးစရာ အလှူ ပုံရိပ် တွေကို လည်း သူမ ရဲ့ Facebook Account ထက်မှာ တင်ပေး လာခဲ့ ပါတယ်။အဆိုပါ အလှူပုံရိပ်တွေအပြင် ခိုင်နှင်းဝေက ” ကိုယ့် အတွက် ခြိုးခြံ ချွေတာ ပြီး ကျွန်မ တတ်နိုင် သလောက် လေးတွေ မျှဝေ လှူဒါန်း ဖြစ်ပါတယ်ရှင်။

ခက်ခဲနေတဲ့ မိသားစု လေးတွေ လာလှူ တဲ့ အချိန်မှာ ပျော်ပြီး မျက်ရည် ကျတာ မြင်ရတော့ စိတ်မ ကောင်းလဲ ဖြစ်မိပါတယ် အခက်အခဲ တွေကြားက လှူပေးရတဲ့ အတွက် ပိုပြီးလဲ ပီတိ ဖြစ်မိပါတယ် ခက်ခဲ လိုအပ် နေတဲ့ သူတွေကို ကျွန်မ တတ်နိုင် သလောက် ဆက်လက် လှူဒါန်းသွားပါ ဦးမယ်ရှင် ” ဆိုတဲ့ စာသားလေးကိုလည်း ရေးသား မျှဝေလာတာ ဖြစ်လို့ ပရိသတ် တွေထံ ကူးယူ ဖော်ပြပေး လိုက်ပါတယ်။

crd-khit yoeyar