



unicode

တစ်ခေတ် တစ်ခါက တည်းက အနုပညာ လောက မှာ မသိသူ မရှိလောက်အောင် နာမည်ကျော် ကြားခဲ့တဲ့ ဝါဝါဝင်းရွှေ ကတော့ အကယ်ဒမီဆု သုံးဆုတိတိ ဆွတ်ခူး ရရှိခဲ့သူ ဖြစ်ပါတယ် ။ ငယ်ရွယ် စဉ်တုန်းက ပုရိသတွေ ငေးမောရလောက်အောင် ကို လှသွေးကြွယ်ခဲ့ တဲ့ ဝါဝါဝင်းရွှေ က အခုချိန်အထိ ကို ပျိုရွယ်နုနယ်နေဆဲ ဖြစ်ပါတယ် ။ ဝါဝါဝင်းရွှေ က သားတွေ ၊ မြေးတွေ ရဲ့ ဂရုစိုက်ကြင်နာမှု ကိုလည်း ရရှိထားသူ ဖြစ်လို့ စိတ်ချမ်းသာ ပျော်ရွှင်နေရတာ ဖြစ်ပါတယ် ။

ဝါဝါဝင်းရွှေ က ကျန်းမာနု ပျိုပြီး အလုပ်တွေကိုလုပ်ကိုင်နေဆဲ ဖြစ်သလို လူငယ်တွေ နဲ့အပြိုင် ကို စတိုင်လ်ကျ နိုင်လွန်းတာလည်း ဖြစ်ပါတယ် ။ ဝါဝါဝင်းရွှေက သူမရဲ့ မိသားစုကို အရမ်းတန်ဖိုးထားတာ ကြောင့် အမြဲတမ်း လိုလို လူမှုကွန်ယက် စာမျက်နှာ မှာ ရေးသား ဖော်ပြလေ့ရှိ တာ ဖြစ်ပါတယ် ။ အခုလည်း ဝါဝါဝင်းရွှေက သူမရဲ့ သားလေး ဝါဇင် တို့ဇနီးမောင်နှံ ရဲ့(၁၀)နှစ်ပြည့် မင်္ဂလာနှစ်ပတ်လည် နေ့ကို ဂုဏ်ပြု ပေးထားတာ ဖြစ်ပါတယ် ။ ဝါဝါဝင်းရွှေ ကတော့ နိုင်ငံခြားမှာနေတဲ့သူမရဲ့ သားလေးကို အမြဲသတိ ရနေတာ ဖြစ်ပါတယ် ။

ဝါဝါဝင်းရွှေက “Happy (10) th Anniversary to War Zin n Saw Sandy သား နဲ့ သမီးရဲ့ ဒီ​နေ့ကျ ​ရောက်တဲ့ မင်္ဂလာ​နေ့မှစပြီး ချစ်​သော မိသားစုများ နဲ့အတူ ရတု​ ပေါင်းများစွာကို ​ပျော်ရွင် ကျန်းမာ ချမ်းသာစွာ ဖြတ်သန်း နိုင်ကြပါ​စေ။ ” ဆိုပြီး ဆုမွန်ကောင်းတောင်း ဆိုပေးထားတာ ဖြစ်ပါတယ် ။ သားလေးဝါဇင်က ချစ်ဇနီး ၊ သမီးလေးတွေ နဲ့ အတူ ပျော်ပျော်ရွှင်ရွှင် နေထိုင်နေတာ ကိုကြည့်ပြီး ဝါဝါဝင်းရွှေ တစ်ယောက် ကြည်နူး ပီတိဖြစ်နေရတာပဲ ဖြစ်ပါတယ် ။ ကဲ မင်္ဂလာသက်တမ်း (၁၀) နှစ်ပြည့်သွားပြီဖြစ် တဲ့ ဝါဝါဝင်းရွှေ ရဲ့ သား ဝါဇင် တို့ဇနီးမောင်နှံ ရဲ့ ကြည်နူးစရာ ပုံရိပ်တွေကို ချစ်ပရိသတ်တွေ အတွက် ပြန်လည်မျှဝေ ပေးလိုက်ပါတယ်နော် ။

Source & Photo Credit-Wa Wa Win Shwe’s FB Acc & War Zin’s FB Acc