




UNICODE

ပရိတ်သတ်ကြီးရေ… ပြည်သူချစ် အနုပညာရှင် တစ်ဦးဖြစ်တဲ့ ပရဟိတ မင်းသမီးချောလေး ခိုင်နှင်းဝေ ဟာဆိုရင် အနုပညာ လောကမှာ ရုပ်ရှင် နဲ့ဗီဒီယိုဇာတ်ကားပေါင်း များစွာကို ကျရာ ဇာတ်ရုပ်မှာ တိကျပိုင်နိုင်စွာ သရုပ်ဆောင် နိုင်တဲ့မင်းသမီး တစ်လက်ပဲ ဖြစ်ပါတယ်.။အပြုံး ချိုချိုလေး နဲ့ ထင်ရှား တဲ့ ပါးချိုင့်လေးက ပရိတ်သတ်တွေ အတွက်တော့ သူမ ရဲ့ထူးခြားတဲ့ အချက် တစ်ချက်ဆို ရင် လည်းမမှား ပါဘူးနော်..။ ခိုင်နှင်းဝေ ဟာ ဆိုရင် ပရဟိတ လုပ်ငန်း တွေကိုလည်း လုပ်ဆောင် နေတာကြောင့် ပရိတ်သတ် တွေက လေးစား နေကြတာပဲ ဖြစ်ပါတယ်နော်..။

သူမက အကြောင်း အမျိုးမျိုးကြောင့် မိဘမဲ့ခဲ့ ရတဲ့ကလေး ငယ်လေး တွေအတွက် ခိုကိုးရာ အဖြစ် မိဘမဲ့ ဂေဟာ ကိုလည်း တည် ထောင်ထား သ လို လက်ရှိအခြေအနေ တွေကြောင့် စားဝတ်နေ ရေး အခက်အခဲ ဖြစ်နေတဲ့ ပြည်သူတွေကို လည်းသူမ တတ်နိုင် တဲ့ဘက် ကနေ ဖေးမကူညီ လှူ ဒါန်းပေး နေတာပဲ ဖြစ်ပါတယ်။ဒီကနေ့ မှာ ဆိုရင်လည်း နှို့မှုန့် အ ခက်အခဲဖြစ်နေလို့ လက်ဖက် ရည်များဖျော်တိုက် နေရတဲ့ ကလေးတွေ အတွက် သူမတတ် နိုင် သလောက် နို့ ဗူး(၁၀၀၀) ကို ကိုယ်တိုင် သွာရောက် လှူဒါန်းခဲ့တဲ့အကြောင်းလေးကို ခိုင်နှင်းဝေက အခုလိုပဲ သူမ ရဲ့ လူမှုကွန်ယက် စာမျက်နှာ ကနေ ပရိတ် သတ် ကို အသိပေးလာခဲ့တာပဲဖြစ်ပါ တယ်နော်…

ခိုင်နှင်းဝေ က ” နို့မှုန့် ဗူး (၁၀၀၀) အလှု လေးပါရှင်.. နို့မှုန့် အခက်အခဲ ဖြစ်နေသောကြောင့် လက်ဖက်ရည်များ ဖျော်တိုက် နေရသည်ဟု ကြား ရ သောကြောင့် ကျမ ကလေးတွေ အတွက် စုဆောင်း ထားသော နို့မှုန့်များ နှင့် Nature One မှ ဝိုင်းဝန်းလှူဒါန်း ပေးသော နို့မှုန့်ဗူး များ စုပေါင်း ကာ နို့မှုန့် အခက်အခဲဖြစ်နေသော ကလေးများ၊ ကျန်းမာရေး မကောင်းသော ကလေးများ အား တစ်ဦးလျှင် (၂) ဗူးနှုန်း ဖြင့်တတ်နိုင်သလောက် ဝေမျှ လှူဒါန်းသွားပါမည်ရှင်..🙏🙏…

(စုဆောင်းထားသမျှ ဒီလို အချိန်မှာ စားလောက် ရုံထားပြီး ဝေမျှ ခြင်းမှာ မိမိ တစ်ဦးထဲ အဆင် ပြေနေတာ မလိုချင် ပဲ အခက်အခဲ ဖြစ်နေသူ များ အား ကိုယ်ချင်းစာ ၍ ဖြစ်ပါတယ်ရှင်..)..” ရေးသား လာခဲ့တာပဲဖြစ်ပါတယ်နော်..။ကိုယ်ချင်း စာစိတ်အပြည့်ရှိပြီး စိတ်ကောင်း ရှိ လွန်းတဲ့ ခိုင်နှင်းဝေ တစ်ယောက် ဒီထက်မက လှူဒါးနိုင်ပြီး စိတ်ကောင်း ရှိသလောက် အောင်မြင်မှု တွေရရှိပိုင်ဆိုင်ပါစေ လို့ဆိုတောင်း ပေးလိုက် ပါတယ် .။ ဖတ်ရှုပေးတဲ့ ပရိတ်သတ် တစ်ယောက် ချင်းစီကို အထူးပဲ ကျေးဇူးတင် ရှိပါတယ်နော်…။

Source; Khine Hnin Wai’s Facebook acc