ပရိသတ်ကြီးရေ…..ကြည်လင် ၀င်းပ တဲ့အသားအရည်လေး နဲ့ အရွယ်တင်နုပျို နေပြီး ဆယ်ကျော်‌သက်လေး တွေနဲ့ အပြိုင်အလှ ပိုနေတဲ့ မင်းသမီးလေး မယ်လိုဒီကို သိကြမယ် ထင်ပါတယ်။ သူမဟာ သရုပ်ဆောင်ပိုင်း မှာလည်းထူးချွန်သူ တစ်ယောက် ဖြစ်ပြီး အကယ်ဒမီ ထူးချွန်ဆု ကိုလည်းရရှိထားတဲ့ မင်းသမီး တစ်ယောက်ပါနော်။မယ်လိုဒီ ဟာ အနုပညာလောက မှာအချိန်အတော်ကြာ ရပ်တည် နေနိုင်သူတစ်ယောက် ဖြစ်ပြီး ယခုအချိန်ထိ ပရိသတ်အားပေးမှု ရရှိနေတဲ့ သူတစ်ယောက် ဆိုလည်း မမှားပါဘူး။

အခု ဆိုရင်လည်;2021ခုနှစ် ကိုကူးပြောင်းတော့မှာဖြစ်တဲ့အတွက် ပရိသတ်တွေရော အနုပညာရှင် တွေပါ ပျော်ရွှင်ကြည်နူး စွာနဲ့ ကြိုဆိုနေ ကြတာဖြစ်ပါတယ်။ မင်းသမီးချောလေး မယ်လိုဒီ ဟာလည်း နှစ်သစ်အတွက် ဆုတောင်းလေး နဲ့အတူ သူမ ရဲ့ Facebook စာမျက်နှာမာ ပုံလေးတွေတင် ပေးခဲ့ပါတယ်။ အာ့တာကတော့ သူမ ရဲ့ Facebook စာမျက်နှာမှာ “၂၀၂၀ ကနေ ၂၀၂၁ ကူးပြောင်းမယ့် အချိန် ပဌာန်းရွတ်ဖတ် ပူဇော်ခြင်း တရားထိုင်ခြင်း ဖြင့် ဖြတ်သန်း ပါမယ် လောဘ မောဟ ဒေါသ တွေ ဖြေလျော့ရင်း အသိ သတိ ထိန်းဖို့ခက် သမို့ ပိုကြိုးစား ရပါတယ် အကုသိုလ် လာလာပေးသူအားလည်း ဥပေက္ခာ စစ်ပြုနိုင်ဖို့ကြိုးစား သွားပါမည်။

နှစ်စဉ် ပဌာန်းရွတ်ရင်း ဖြတ်သန်းတဲ့ ညီမလေး နှိုင်းယဉ် ကို လေးစား သဘောကျ မိပါတယ်၂၀၂၀ မှာ လူပီသ ခွင့် ဗုဒ္ဓဘာသာဝင် စစ်စစ်ဖြစ်အောင် လမ်းပြပေးသော ကျေးဇူးရှင် နှင့် ဆရာတော် ဘုရား အသျှင် သာန္တိသာရ အား ရိုသေလေးစား ဦးခိုက်ပါ၏ ကဲ ကျွန်မတော့ အရက်လုံးဝ မသောက်တော့ဘူး ရှင်တို့ရော နည်းနည်းသောက်ရင် ဆေးဆိုပေမယ့် နိဗ္ဗာန်ရောက်ဖို့တော့ နှေးစေလို့ ရာသက်ပန် ဘိုင့်ဘိုင့် ပါဘဲအတိတ်က ရုန်းထွက်ပြီး လတ်ဆတ်သော ဘဝ သစ်ကို နှစ်သစ်မှာ အစပြုနိုင်ပါစေ ချစ်စွဲ မုန်းစွဲ ငါစွဲ အစွဲတွေ ဖြေလျော့ နိုင်ကြပါစေ အေးချမ်းပါစေ…” ဆိုပြီး ရေးသားထား တာပါ။ ကဲ…..ပြန်လည်မျှဝေပေး လိုက်ပါတယ်နော်။

သတင်းအရင်းမြစ်: Melody Myo’s Facebook acc

unicode