



UNICODE

ပရိသတ်ကြီးရေ.. ဇာတ်ပို့ သရုပ်ဆောင် နှိုင်းယှဉ်မြင့်မိုရ် ကတော့ ပရိသတ်တွေ ရဲ့ အချစ်တွေ ကို ရရှိ ထားတဲ့အပြင် လက်ရှိ အခြေအနေတွေ မှာလည်း ပြည်သူတွေ နဲ့ အတူ တစ်သား တည်း ရပ်တည် နေတဲ့ အနုပညာ ရှင်တစ်ဦး ပဲ ဖြစ်ပါတယ်..။တော်လှန်ရေး တိုက်ပွဲ ကြီးမှာ အင်တိုက် အားတိုက် နဲ့ အားကြိုး မာန်တက်ပါဝင်နေတဲ့ နှိုင်းယှဉ်မြင့်မိုရ် ကတော့ လူငယ် ပြည်သူတွေ နဲ့ အတူ ကိုယ်တိုင် လမ်းထွက် လှုပ်ရှားမှုတွေ အပြင် ချွေးနည်း စာငွေလေးတွေ နဲ့ လည်း လှူဒါန်းမှုတွေ ပြုလုပ် နေသူပါ..။

ဖေဖော်ဝါရီလ အစပိုင်းက တည်းက လှုပ်ရှားမှု တွေပြုလုပ်ပြီး အလှူတွေ လည်းလုပ်နေတဲ့ နှိုင်းယှဉ် တို့ ဇနီးမောင်နှံ ကတော့ ယနေ့ အချိန်ထိ လည်း လိုအပ်နေတဲ့ ပြည်သူ တွေကို တတ်နိုင်သ လောက် ဖေးမ ကူညီနေတာ လည်း တွေ့ရ ပါတယ်..။ကိုဗစ်ကာလ Live လွှင့်ဈေး ရောင်းပြီး နဖူးက ချွေးခြေ မကျအောင် ရှာဖွေစုဆောင်းထားတဲ့ ချွေးနည်းစာ ငွေကြေးတွေနဲ့ ပြည်သူတွေ အတွက်ပြန်လည် လှူဒါန်းရလို့ ပီတိဖြစ်နေရတဲ့ အကြောင်းလေးတွေ ကိုလည်း ပြန်လည် ပြောပြလာပါတယ်..။

“ကျွန်မတို့ လင်မယား ကိုဗစ် ကာလစဖြစ်ကတည်းက နဖူးက ချွေး‌ ခြေမကျ သမ္မာ အာဇီဝနည်း နဲ့ Live လွှင့်ပီး သူများတွေကို ဈေးရောင်းပေးခဲ့ပြီး စုဆောင်းထားတာ လေးတွေ ဒီအချိန်မှာ တကယ် လိုအပ်တဲ့ နေရာလေးတွေမှာ တကယ် လှုနိုင်တန်းနိုင်‌တာ အရမ်းပီတိ ဖြစ်ရပါတယ်။🙏🙏🙏မတွန့်မတို ပဲ ကျွန်မနိုင်သလောက်တွေကို လှုနေပါတယ် ။ဒီအလှုတွေ ဟာ ကျွန်မကို အလုပ်အပ် ခဲ့တဲ့ လုပ်ငန်းရှင်‌ တွေရော အားပေးဝယ်ယူခဲ့ကြတဲ့ ကာစတန်မာ များကြောင့် ရခဲ့တာဖြစ်လို့စုပေါင်း အလှူဖြစ်လို့ အားလုံးကုသိုလ်ရမှာပါ🙏🙏🙏 ကျွန်မ kpay ထဲမှာလည်း ပိုက်ဆံ သိပ်မကျန်တော့ပါဘူး။နောက်နေ့လည်း လစဉ်လှုနေကြအတိုင်း မပျက် မကွက် ဘုန်းကြီးကျောင်း မှာ ကျောင်းရှိ သံဃာတွေ ဆွမ်းသွား ကပ်အုံးမှာပါ…ဤမှန်သော သစ္စာ စကားတွေကြောင့် ကျွန်မတို့မြန်မာနိုင်ငံတော်ကြီး နဲ့ 7ရက်သားသမီး မြန်မာ နိုင်ငံသူ နိုင်ငံသားများ အမြန်ဆုံး ပြန်လည် အေးချမ်းပါစေ🙏🙏🙏🙏🙏..” ဆိုပြီး ဆုတောင်း စကားလေး နဲ့ ပြောပြထားတာပါ..။

သတင်းအရင်းမြစ်: Nhying Shin’s fb Acc