ပရိသတ္ႀကီးေရ.. အႏုပညာ ေလာကမွာ ေအာင္ျမင္ မႈေတြ အခိုင္အမာ ရရွိထားတဲ့ ေမာ္လ္ဒယ္ သ႐ုပ္ေဆာင္ စူးရွထက္ ကေတာ့ လက္ရွိ အေျခအေန ေတြမွာ ျပည္သူေတြနဲ႔အတူ ရပ္တည္ၿပီး လႈပ္ရွားမႈ ေတြမွာ ပါဝင္ ေနသူပဲ ျဖစ္ပါတယ္..။ျပည္သူ အားလုံး စည္းလုံးစြာ ျပဳလုပ္ၾကတဲ့ ေတာ္လွန္ေရး တိုက္ပြဲ ႀကီးမွာ လမ္းေပၚထြက္လႈပ္ရွားမႈေတြအျပင္ အလႉအတန္းေတြလည္း ဆက္တိုက္ျပဳလုပ္ေနၿပီး တတ္နိုင္တဲ့ဘက္ကေန အဖက္ဖက္က အားျဖည့္ ပါဝင္ေန တာ လည္း ေတြ႕ရပါတယ္..။

အလႉရွင္ေတြနဲ႔စုေပါင္း လႉဒါန္းမႈ ေတြအျပင္ သူမရဲ့ေခၽြးနည္းစာ ေငြေၾကးေတြနဲ႔လည္း တစ္ဦးတည္း လႉဒါန္းမႈ ေတြျပဳလုပ္ ေနတဲ့ စူးရွထက္ ကေတာ့ အခုတစ္ခါမွာလည္း သူမရဲ့ကားကိုေရာင္းၿပီး ထပ္မံလႉသြားဦးမယ့္အေၾကာင္းေတြကို ေျပာၿပ လာပါတယ္..။ေန႔မနား ညမနား ရွာေဖြစုေဆာင္းၿပီး ေခၽြးနည္းစာ ေငြေၾကးေတြနဲ႔ ဝယ္ထားတဲ့ ကားကိုျပန္ေရာင္းကာ ရရွိတဲ့ေငြ အားလုံးကို လိုအပ္ေနတဲ့ ျပည္သူေတြအတြက္ ထပ္မံကူညီ လႉဒါန္းသြားမွာျဖစ္ပါတယ္..။

“အလႉပုံေတြ မတင္ ေတာ့ပါဘူး စိတ္ပူေပးၾကတဲ့ သူေတြကိုလဲ ေက်းဇူးတင္ပါတယ္။ ေန႔မနား ညမနားေဈး ေရာင္း လို႔ရတဲ့ပိုက္ဆံေလး နဲ႔ ကားဝယ္ခဲ့တယ္ အဲ့ကားေလးေရာင္းလို႔ ရတဲ့ေငြကို အကုန္လႉမယ္ ကၽြန္မကို ထမင္းေကၽြးထားတဲ့ ျပည္သူေတြကၽြန္မတတ္နိုင္ သေလာက္ ျပန္ကူညီပါ့မယ္ ကတိေပးပါတယ္🙏🙏🙏..” ဆိုၿပီး စူးရွထက္က သူမရဲ့ ေဖ့စ္ဘြတ္စာမ်က္ႏွာကေန ေရးသားေျပာျပထားတာပါ..။ ရွိတာေတြ ေရာင္းခ်ၿပီး ျပည္သူေတြ အတြက္ တစ္ဖက္ တစ္လမ္းကေန အတတ္နိုင္ဆုံး ႀကိဳးစားလႉဒါန္း ေနတဲ့ စူးရွထက္ ရဲ့ စိတ္သေဘာထား ေတြကိုလည္း အားလုံးက ခ်ီးက်ဴးကာ အားေပးစကားေတြ လည္းေျပာထားၾကတာ ျဖစ္ပါတယ္..။

Photo Credit – Zar Chi’s Fb Acc

UNICODE

ပရိသတ်ကြီးရေ.. အနုပညာ လောကမှာ အောင်မြင် မှုတွေ အခိုင်အမာ ရရှိထားတဲ့ မော်လ်ဒယ် သရုပ်ဆောင် စူးရှထက် ကတော့ လက်ရှိ အခြေအနေ တွေမှာ ပြည်သူတွေနဲ့အတူ ရပ်တည်ပြီး လှုပ်ရှားမှု တွေမှာ ပါဝင် နေသူပဲ ဖြစ်ပါတယ်..။ပြည်သူ အားလုံး စည်းလုံးစွာ ပြုလုပ်ကြတဲ့ တော်လှန်ရေး တိုက်ပွဲ ကြီးမှာ လမ်းပေါ်ထွက်လှုပ်ရှားမှုတွေအပြင် အလှူအတန်းတွေလည်း ဆက်တိုက်ပြုလုပ်နေပြီး တတ်နိုင်တဲ့ဘက်ကနေ အဖက်ဖက်က အားဖြည့် ပါဝင်နေ တာ လည်း တွေ့ရပါတယ်..။

အလှူရှင်တွေနဲ့စုပေါင်း လှူဒါန်းမှု တွေအပြင် သူမရဲ့ချွေးနည်းစာ ငွေကြေးတွေနဲ့လည်း တစ်ဦးတည်း လှူဒါန်းမှု တွေပြုလုပ် နေတဲ့ စူးရှထက် ကတော့ အခုတစ်ခါမှာလည်း သူမရဲ့ကားကိုရောင်းပြီး ထပ်မံလှူသွားဦးမယ့်အကြောင်းတွေကို ပြောပြ လာပါတယ်..။နေ့မနား ညမနား ရှာဖွေစုဆောင်းပြီး ချွေးနည်းစာ ငွေကြေးတွေနဲ့ ဝယ်ထားတဲ့ ကားကိုပြန်ရောင်းကာ ရရှိတဲ့ငွေ အားလုံးကို လိုအပ်နေတဲ့ ပြည်သူတွေအတွက် ထပ်မံကူညီ လှူဒါန်းသွားမှာဖြစ်ပါတယ်..။

“အလှူပုံတွေ မတင် တော့ပါဘူး စိတ်ပူပေးကြတဲ့ သူတွေကိုလဲ ကျေးဇူးတင်ပါတယ်။ နေ့မနား ညမနားဈေး ရောင်း လို့ရတဲ့ပိုက်ဆံလေး နဲ့ ကားဝယ်ခဲ့တယ် အဲ့ကားလေးရောင်းလို့ ရတဲ့ငွေကို အကုန်လှူမယ် ကျွန်မကို ထမင်းကျွေးထားတဲ့ ပြည်သူတွေကျွန်မတတ်နိုင် သလောက် ပြန်ကူညီပါ့မယ် ကတိပေးပါတယ်🙏🙏🙏..” ဆိုပြီး စူးရှထက်က သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေ ရေးသားပြောပြထားတာပါ..။ ရှိတာတွေ ရောင်းချပြီး ပြည်သူတွေ အတွက် တစ်ဖက် တစ်လမ်းကနေ အတတ်နိုင်ဆုံး ကြိုးစားလှူဒါန်း နေတဲ့ စူးရှထက် ရဲ့ စိတ်သဘောထား တွေကိုလည်း အားလုံးက ချီးကျူးကာ အားပေးစကားတွေ လည်းပြောထားကြတာ ဖြစ်ပါတယ်..။

Photo Credit – Zar Chi’s Fb Acc