


Source: Myint Myat’s fb

unicode

မင်းသားချော မြင့်မြတ် ကတော့ ရုပ်ရှင်နဲ့ ဗီဒီယို ဇာတ်ကားတွေမှာ ကျရာဇာတ်ရုပ်အပေါ် အကောင်းဆုံး သရုပ်ဆောင်တတ်တာကြောင့် အမြို့မြို့ အနယ်နယ်က ပရိသတ်တွေရဲ့ အားပေးမှုကို အများဆုံးရရှိ ပိုင်ဆိုင်ထားသူတစ်ယောက်ပါ။ “အမှောင်တွေရွာချတဲ့မိုးတိမ်”အကယ်ဒမီဆုကြီးတစ်ခုကို လက်ဝယ်ပိုင်ဆိုင် ထားတဲ့ မြင့်မြတ်က လက်ရှိမှာ အိမ်ထောင်ရှင် ကလေးအဖေတစ်ယောက်ဖြစ်နေပြီဆိုပေမယ့် ပရိသတ်တွေရဲ့ အားပေးချစ်ခင် ကိုတော့ မလျော့စတမ်းရရှိပိုင်ဆိုင်နေဆဲပဲ ဖြစ်ပါတယ်။ မြင့်မြတ်ကလည်း အိမ်ထောင်ဦးစီး တစ်ယောက်အဖြစ် မိသားစုကို ဦးဆောင်နေရသူဖြစ်ပေမယ့် ပရိသတ်တွေအတွက်လည်း မရိုးနိုင်တဲ့ အနုပညာလှုပ်ရှားမှုတွေကို အမြဲတမ်းချပြနေဆဲ ဖြစ်ပါတယ်။

လက်ရှိမှာတော့ မြင့်မြတ်က ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး) ရိုက်ကူးတဲ့ “ချစ်ပန်းဝါဝါ” ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်ဖို့ ပြင်ဦးလွင်မြို့ကို ရောက်ရှိနေတာပဲ ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ မြင့်မြတ်က ရုပ်ရှင် သွားရိုက်ရင်း သဲပုံစေတီထီးတော်တင် ပွဲလေးမှာ ပါဝင်ကုသိုလ်ယူခဲ့ကြောင်း “အောင်သိဒ္ဓိသဲပုံစေတီ ထီးတော်တင်ပွဲလေးမှာ တစ်ထောင့် တစ်နေရာကနေ (၇) ရက်သားသမီးနဲ့ အတူ ကုသိုလ်ပြု ခွင့်ရခဲ့ပါတယ်ခင်ဗျာ ….. 🙏🙏🙏” ဆိုပြီး သူ့ရဲ့ ကုသိုလ်လေးကို မျှဝေပေးထားပါတယ်။

မြင့်မြတ်ကတော့ အလှူအတန်းနဲ့ ပက်သတ်လာရင် ရောက်လေ ရာနေရာမှာ ကုသိုလ်ယူတတ်သူ တစ်ယောက်ပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း မြင့်မြတ်ရဲ့ ကုသိုလ်လေးကို ဝမ်းမြောက်စွာ သာဓုခေါ် ဆိုပေးကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင် တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင် ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Myint Myat’s fb
Bilie – Cele Connections