



unicode

အဆိုတော် အဖြစ်နဲ့ သာမကဘဲ သရုပ်ဆောင် ၊ ဒါရိုက်တာ အဖြစ်နဲ့ပါ အနုပညာအလုပ်တွေကို စိတ်ပါဝင်စားစွာ လုပ်ကိုင်နေသူကတော့ ယုန်လေးပဲ ဖြစ်ပါတယ်။ သူဟာ အခက်အခဲတွေများစွာကို ဖြတ်ကျော်ကာ အောင်မြင်မှု တွေ ရရှိအောင် ကြိုးစားလာ ခဲ့သူတစ်ဦးပဲ ဖြစ်ပါတယ်။ လူတိုင်းအပေါ်ကိုလည်း ရယူလိုစိတ်မရှိဘဲ ပေးဆပ်မှုသက်သက် ဖြင့်သာ ကူညီပေးနေတဲ့ ယုန်လေးကို ပရိသတ်တွေအားလုံးက လေးစားအား ကျအတုယူနေကြတာလည်း ဖြစ်ပါတယ်။

မနေ့ညက မြန်မာတစ်နိုင်ငံလုံးက Esports ပရိသတ်တွေ အားပေး ကြည့်ရှုခဲ့တဲ့ M2 World Championship ပြိုင်ပွဲကြီးတွင် Burmese Ghouls အသင်းက ဖိလစ်ပိုင်အသင်းကို Best Of 7 တွင် ရှုံးနိမ့်ခဲ့တာပဲ ဖြစ်ပါတယ်။ ဘယ်လိုပဲ​ဖြစ်ပါစေ 1st Winner Up ရရှိခဲ့တဲ့ BG အသင်းအတွက် အနုပညာရှင်များသာမကဘဲ တစ်နိုင်ငံလုံးက ပရိသတ်တွေကလည်း အားပေးစကား တွေ သူတို့ရဲ့ လူမှုကွန်ယက်များမှာ ရေးသားထား ကြတာလည်း ဖြစ်ပါတယ်။ ယုန်လေးကလည်း သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာတွင် BG အသင်းအတွက် စိတ်ဓာတ်ခွန်အား ဖြစ်စေရန် အခုလိုပဲအားပေး စကားပြောခဲ့တာပဲ ဖြစ်ပါတယ်။

” ဘာပဲ ဖြစ်ဖြစ် အားပေးပါတယ် .ပထမမရပေမယ့် . ညီလေးတို့ Pro ဆော့နေတဲ့ Game ကို အခု တစ်နိုင်ငံလုံး စိတ်ဝင်တစား အချိန်ပေးကြည့် အားပေးနေရတာကိုက ညီလေးတို့ အောင်မြင် ပါတယ် .Fighting ပါ . အစီစဉ် တင်ဆက်တဲ့ ညီလေး ညီမလေးတွေကို လည်း Fighting ပါ .အားလုံး မြန်မာ ဆိုတဲ့ အလံ အောက်မှာ ရှိကျတဲ့ အတွက် . မြန်မာတွေ . သူများ တိုင်းပြည်နဲ့ ယှဉ်တဲ့ ကိစ္စတိုင်းသိသည်ဖြစ်စေ . မသိသည် ဖြစ်စေ .နားလည်သည်ဖြစ်စေ . နားမလည်သည်ဖြစ်စေ .အမြဲ တမ်း အားပေးပြီသား We Are Myanmar 🇲🇲 🇲🇲 🇲🇲” ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပြီး ပရိသတ်တွေ အတွက် ဒီသတင်းလေးကိုတစ်ဆင့် ပြန်လည်ကူး ယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd- Yone Lay’s Facebook Account