ပရိတ်သတ်ကြီးရေ မတရားထောင်ဒဏ်ချမှတ် ခံထားရတဲ့ ပိုင်တံခွန်ကတော့ ပြီးခဲ့တဲ့ မတ်လ (၂) ရက်နေ့ကပဲ လွတ်ငြိမ်းချမ်းသာခွင့် နဲ့ လွတ်မြောက်လာခဲ့ပြီပဲဖြစ်ပါတယ်။ ပိုင်တံခွန် လွတ်မြောက် လာခြင်းအတွက် သူ့ရဲ့မိတ်ဆွေတွေ သူငယ်ချင်းတွေ က ဝမ်းသာနေကြပြီး အထူးသဖြင့် သူ့ကို ချစ်ကြတဲ့ ပြည်တွင်း ပြည်ပပရိသတ်တွေက ပျော်ရွှင် နေကြတာပဲဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း ပရိသတ်တွေက ပိုင်တံခွန်ကို တွေ့တိုင်း အမှတ်တရ ဓာတ်ပုံတွေ ရိုက်ကူးကြသလို သူတို့ရဲ့ဖေ့စ်ဘုတ် စာမျက်နှာမှာ တင်လေ့ရှိတာပဲ ဖြစ်ပါတယ်။
ဒီတစ်ခေါက်မှာ လည်း နာမည်ကြီး Blogger တစ်ယောက် ဖြစ်တဲ့ It’s Me SF ပေ့ချ်က Siri ဟာလည်း ပိုင်တံခွန် နဲ့ စားသောက်ဆိုင် တစ်ခုမှာဆုံတွေ့ခဲ့တယ်ဆိုပြီး သူမရဲ့ဖေ့စ်ဘုတ် ပေ့ချ်မှာမျှဝေလာပါတယ်။ ပိုင်တံခွန် ဟာ Siri ရဲ့ အကူအညီနဲ့ ထိုင်းနိုင်ငံမှာရှိတဲ့ သူ့ရဲ့ထိုင်း လူမျိုးပရိသတ်တွေ ကို သူတို့ရဲ့ဘာသာစကားနဲ့ နှုတ်ဆက်ခွင့် ရရှိခဲ့တာကို အခုလိုပဲ တွေ့ရပါတယ်။
ပိုင်တံခွန် ကတော့ သူ့ကိုချစ်ကြတဲ့ ပရိသတ်တစ်ဦး တစ်ယောက်ချင်းစီတိုင်း ကို တန်ဖိုးထားပြီး ဂရုစိုက်တတ်သူ တစ်ယောက်ဖြစ်ပါတယ်။ ထိုင်းပရိသတ်တွေလည်း ပိုင်တံခွန်ကို ပြန်လည် မြင်တွေ့ရလို့ အလွမ်း တွေပြေသွားကြမယ်ထင်ပါတယ်နော်။
Source: It’s Me SF’s fb
Credit….
ZAWGYI
Source: It’s Me SF’s fb
Credit….