



unicode

ပရိသတ်ကြီးရေ…..အချိန်တို အတွင်းမှာ ပရိသတ်တွေရဲ့ လက်ခံအားပေ းမှုကို အပြည့်အဝရယူနိုင်ခဲ့ပြီး beauty blogger တစ်ယောက်အနေနဲ့ကနေ ရုပ်ရှင်မင်းသမီးတစ်ယောက်အနေနဲ့ရပ်တည်လာတဲ့ နေခြည်ဦး ကိုသိကြမယ်ထင်ပါတယ်နော်။ ချီချီဟာ ဇာတ်လမ်းတွဲတွေအပြင် ရုပ်ရှင်ကားကြီးတွေကိုပါ လက်ခံ‌ရိုက်ကူးနေတဲ့ ဒိတ်ဒိတ်ကြဲမင်းသမီးတစ်ယောက်လည်းဖြစ်ပြီးတော့ သူမရဲ့ ပွင့်လင်းတဲ့အပြေ အဆိုလေးတွေကြောင့်လည်း ပရိသတ်အချစ်ကိုရရှိနေတာပါ။

အခုဆိုရင်လည်းနေခြည်ဟာ ပြင်ဦးလွင်မှာဇာတ်လမ်းတွဲရိုက်ကူးဖို့ အတွက်ရောက်ရှိနေတာလည်းဖြစ်ပြီး ချစ်ပန်းဝါဝါ ဆိုတဲ့ဇာတ်လမ်းကို မင်းသားချောမြင့်မြတ်နဲ့အတူ ရိုက်ကူးနေတာလည်းဖြစ်ပါတယ်။ ချီချီဟာ ရုပ်ရှင်ကားတွေ ဇာတ်လမ်း တွဲတွေနဲ့ ကြော်ငြာတွေအပြင် Live salesရောင်းချမှုတွေပါ ပြုလုပ်နေတာဖြစ်ပြီး အပြောအဆိုချိုသာမှုလေးတွေကြောင့် အောင်မြင်မှု တွေလည်း ဆက်တိုက်ရရှိနေတာဖြစ်ပါတယ်နော်…..။

နေခြည်ဟာ အမြဲမိမိုက်နေတဲ့ဖက်ရှင် တွေနဲ့နေတတ်တဲ့သူလေးဖြစ်တဲ့အပြင် မကြာခဏ ဆိုသလိုလည်း သူမရဲ့ပုံအလန်းတွေကို တင်ပေးလေ့ရှိပါတယ်။ အခုဆိုရင်လည်း ပြင်ဦးလွင်ရဲ့လှပတဲ့ ပန်းခင်းကြီးထဲမှာ နတ်သမီးလေးတစ်ပါးလို တင့်တယ်နေ တဲ့ပုံလေးတွေကို သူမရဲ့ Facebookစာမျက်နှာမှာ “🌼🌼 Live Life In Full Bloom 🌼🌼#pyinoolwin #travelgram…..” ဆိုတဲ့ captionလေ းနဲ့ ပုံလေးတွေကိုတင်ပေးလာပါတယ်။ ကဲ…..ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

သတင်းအရင်းမြစ်: Nay Chi Oo’s Facebook acc