



UNICODE

ပရိသတ် အချစ်တော် မင်းသမီးချော လေး ဘေဘီမောင် ကိုတော့ မိတ်ဆက် ပေးစရာမလို လောက်အောင် ရင်းနှီး ပြီးသားဖြစ်မှာ အသေအချာပါပဲနော် ။ သူမကတော့ အောင်မြင်တဲ့ အနုပညာရှင် သရုပ်ဆောင်တစ်ဦး ဖြစ်ပါတယ်။ သူမဟာ ကိုယ်ခန္ဓာ အမိုက်စားလေးကို ပိုင်ဆိုင်ထားကာ အမြဲ ဖက်ရှင် အလန်းတွေအပြင် မြန်မာ ဆန်ဆန် ဖက်ရှင်တွေကိုလည်း လိုက်ဖက်ညီညီ ဝတ်ဆင် တတ်တာကြောင့် မိန်းကလေး အများစု အားကျ ချစ်ခင်နေရတာလည်းဖြစ်ပါတယ်။

ဇာတ်ကားများ စွာ ရိုက်ကူးထားပြီး ပီပြင်တဲ့ သရုပ်ဆောင်မှု တွေကြောင့် ပရိသတ် အားပေးမှု များစွာရရှိထားသူ တစ်ယောက်ပဲ ဖြစ်ပါတယ်။ဘေဘီက အနုပညာလမ်းကြောင်းထက်မှာ အောင်မြင်မှုများစွာ ရရှိထားရုံသာမကပဲ အချစ်ရေး မှာလည်း လူအများက အားကျနေရတဲ့ အချစ်ရေး လေးကို ပိုင်ဆိုင်ထားတာပဲဖြစ်ပါတယ်။ ချစ်သူ အဆိုတော် သားဂန်း ကလည်း အမြဲ ဂရုစိုက် ကြင်နာပြီး အလိုလိုက်တာကြောင့် မိန်းကလေး ပရိသတ်တွေက ဘေဘီမောင် ကို အားကျနေကြတာလည်းဖြစ်ပါတယ်။

ဘေဘီက ချစ်သူ သားဂန်းနဲ့အတူ ကြည်နူးစရာ ပုံရိပ်လေး တွေကို သူမရဲ့ လူမှု ကွန်ယက် စာမျက်နှာ ထက်မှာ ဝေမျှပေးလျက် ရှိနေပြီး ယနေ့မှာတော့ ပိုစ့်တစ်ခုတင်ပေးလာခဲ့ပါတယ်။ ဒါကတော့ ” ပန်းပေးရင်အလှမ်းဝေးတယ်လို့ ငယ်ငယ်တုန်း ကပြောတာကြားဘူးတယ် တကယ်တော့ ပန်းပေးတာဟာ အလှမ်းနီးတာပါကွာ မောင်က သီချင်း နဲ့တင်မဟုတ်ဘူး ပန်းပေးပြီးချော့တတ်နေပီ အမွှေပေါ့ ” ဆိုတဲ့ စာသားလေးနဲ့ အတူ သူမရဲ့ လှရက်လွန်းတဲ့ ပုံလေးတွေကို တင်ပေးလာတာကြောင့် ပြန်လည်ဝေမျှပေးလိုက်ပါတယ်…..။

သတင်းအရင်းမြစ်: Source – Baby Maung’s Facebook Account