



UNICODE

ပရိသတ်ကြီး ရေ……အဆိုဘက် မှာ ရော သရုပ်ဆောင် ဘက်မှာရော ဆရာ တစ်ဆူလို့ တင်စားရလောက်တဲ့ ထွန်းအိန္ဒြာဗိုလ် ရဲ့ တူမလေး ဖြစ်တဲ့ အဆိုတော် G ဟာလည်း The Voice Myanmar ပြိုင်ပွဲဝင် တစ်ယောက်ဖြစ်ခဲ့ပြီး တမူ ထူးခြားတဲ့ အသံလေးကြောင့် ပရိသတ်တွေ ရဲ့ အားပေးချစ်ခင်မှုကို အပြည့်အဝရရှိခဲ့တာလည်း ဖြစ် ပါတယ်……။G ဟာ ပရဟိတအလုပ်တွေမှာ ဆိုရင်လည်း လက်ဖျား‌ခါရ လောက်အောင်ကို အားတက်သရော် ကူညီလုပ်ဆောင်နေတာလည်း ဖြစ်ပြီး သူဌေးသမီး တစ်ယောက်လို မဟုတ်ပဲ ပွင့်လင်းစွာ နေထိုင်တတ်တဲ့ သူလေးပါနော်။

G ဟာ အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်း ရှင်တွေရဲ့ မျိုးဆက်လေး ဖြစ်ပေမယ့်လည်း လတ်တလော ကြုံတွေ့နေရတဲ့ Covid-19 တိုက်ဖျက်ရေး လုပ်ငန်းတွေမှာ တတ်နိုင်သရွေ့ ကိုယ်တိုင် ပါဝင်လုပ်ဆောင် နေတာလည်း ဖြစ်ပါတယ်။ G ဟာ ပရဟိတအလုပ်တွေ လုပ်ကိုင်နေသလို တစ်ဖက်မှာလည်း အနုပညာအလုပ်တွေနဲ့ Live sales ရောင်းချ‌မှုတွေ ပြုလုပ်နေတာ လည်း တွေ့ရပါတယ်နော်။

ပရဟိတ အလုပ်တွေကို အားတက်သရော် လုပ်ဆောင်နေတဲ့ G ဟာ အားလပ်ချိန်လေးတွေ မှာဆိုရင်လည်း လုပ်ဖော် ကိုင်ဖက်မိတ်ဆွေတွေ နဲ့ အတူ ပျော်ပျော်ပါးပါးနေလေ့ရှိပါတယ်။ အခုဆိုရင်လည်း G ဟာ လုပ်ဖော်ကိုင်ဖက် အစ်ကိုတွေ နဲ့ အတူ ပျော်ပျော် ပါးပါးလိုက်ကရင်း Tik Tok ဗီဒီယိုလေးတင်ပေးလာပါတယ်။ ကဲ…..ပရိသတ်တွေ အတွက် ပြန်လည်မျှဝေ ပေးလိုက်ပါတယ်နော်။

သတင်းအရင်းမြစ်: G Vocals’s Facebook page