ပရိသတ္တို႔ ေရ သီခ်င္းေကာင္းေလး ေတြကို အျမဲ သီဆိုတတ္တဲ့ ေရာ့ခ္ ဂီတအဆိုေတာ္ ေအာင္လ ဟာဆိုရင္ ပရိသတ္ႀကီး နဲ႔ မစိမ္း တဲ့ အႏုပညာရွင္ တစ္ဦးပဲ ျဖစ္ပါတယ္။ သူဟာ အခုအခ်ိန္ မွာ ခ်စ္သူ ျဖစ္သူ ဝိုင္းစုခိုင္သိန္း ႏွင့္အတူ သာယာ ေအးခ်မ္းတဲ့ ဘဝကို ေနထိုင္ ျဖတ္သန္းေနၿပီး သီခ်င္းမ်ား ကို သီဆိုရင္း အႏုပညာ လႈပ္ရွား မႈမ်ားကို ပုံမွန္ ျပဳလုပ္ေနသူ တစ္ဦးပဲ ျဖစ္ပါတယ္။ေအာင္လ နဲ႔ ဝိုင္းစုတို႔ စုံတြဲဟာ ဆိုရင္ အရင္တစ္ခ်ိန္တည္းက သမီးရည္းစား ေတြ ျဖစ္ၾကေသာ္ လည္း ေနာက္ပိုင္း မွာ အျခားသူေတြ နဲ႔ အိမ္ေထာင္ကိုယ္စီ က်ခဲ့ၾကၿပီး အိမ္ေထာင္ဖက္ ေဟာင္းေတြ နဲ႔ ကင္းကင္း ရွင္းရွင္း လမ္းခြဲျပတ္ဆဲ ၿပီးမွသာ တစ္ဦးႏွင့္တစ္ဦး ျပန္လည္ ေပါင္းစည္းခဲ့ ၾကသူေတြလည္း ျဖစ္ပါတယ္။ ဒီအင္တာဗ်ဴးေလး မွာေတာ့ ေတးသံရွင္ ေအာင္လက ဝိုင္းစု နဲ႔ ျပန္လည္ လက္မတြဲခင္ အိမ္ေထာင္က်ခဲ့တဲ့ အမ်ိဳးသမီး နဲ႔ ကေလးတစ္ေယာက္ ရွိခဲ့တယ္လို႔ ေဝဖန္ေျပာဆိုမႈေတြအေပၚ တုံ႔ျပန္ေျပာဆိုခဲ့တာပဲ ျဖစ္ပါတယ္။

မၾကာခင္ ရက္ပိုင္းအတြင္း မွာပဲ ႏွစ္သစ္ကို ကူးေျပာင္းရေတာ့မွာ ျဖစ္တဲ့ အတြက္ က်န္ရွိခဲ့တဲ့ ၂၀၂၀ ကာလ ကို ခက္ခက္ ခဲခဲ ျဖတ္သန္းခဲ့ရ ပုံကို ေအာင္လက”၂၀၂၀ က မိသားစု ကို ပိုၿပီး အခ်ိန္ေပးရတယ္။ စိတ္ ဒုကၡေတြ ေရာက္ၾကရတယ္။ အဲ့လို ပဲ ျခဳံငုံၿပီးေတာ့ သုံးသပ္ ရမွာပဲ။ ဘာျဖစ္လို႔လည္း ဆိုေတာ့ ကၽြန္ေတာ္တို႔ အားလုံး အတူတူ ခံစားခဲ့ ရတာေတြ ဆိုေတာ့ ဒီအေပၚမွာ ဘာမွ အေထြအထူး မေျပာလိုေတာ့ပါဘူး” လို႔ ရင္ဖြင့္ ေျပာျပခဲ့ ပါတယ္။ကိုဗစ္ကာလအတြင္း ဖန္တီး ျဖစ္ခဲ့တဲ့ သူ႔ရဲ့ အႏုပညာလႈပ္ရွားမႈေလးေတြ နဲ႔ ပတ္သတ္လို႔ ကိုေအာင္လ က”အရင္ကာလေတြ တုန္းကဆို ဝိုင္းစု ပြဲသြားဆိုတဲ့ေနာက္ကိုပဲ ကၽြန္ေတာ္က လိုက္ေနတာ ဆိုေတာ့ ကၽြန္ေတာ့္ Band နဲ႔ ေတြ႕ျဖစ္တာ ရွားတယ္။ အခု ဒီကာလ မွာဆိုရင္ ဘယ္မွ သြားစရာ မရွိတဲ့ အတြက္ ကၽြန္ေတာ္တို႔လည္း အရင္က ထက္ သီခ်င္းေတြ ပိုၿပီး လုပ္ ျဖစ္လာတယ္။ Band နဲ႔ လည္း ရင္းရင္း ႏွီးႏွီး ေျပာဆို၊ ဆက္ဆံရင္း သီခ်င္း တိုက္ရက္ေတြ မ်ားလာေတာ့ ကိုယ္ဘာလုပ္ခ်င္လည္း ဆိုတာကို ပိုသိလာတယ္။ ေနာက္အေခြ အတြက္ Music Arrangement နဲ႔ ပတ္သတ္လို႔ အစီအစဥ္ေလး ေတြလည္း ခ်ျဖစ္သြားတာေပါ့ေနာ္။” လို႔ အသိေပး ေျပာၾကား လာခဲ့ပါတယ္။

ဝိုင္းစုနဲ႔ ေအာင္လတို႔ႏွစ္ေယာက္ ကေလးယူေတာ့မယ္ဆိုၿပီး သတင္းထြက္ ေပၚေနတဲ့ အေပၚမွာေတာ့ ေအာင္လက “ဝိုင္းစု ကေတာ့ ယူလည္း ရတယ္၊ မယူလည္း ရတယ္ေပါ့ေနာ္။ ကၽြန္ေတာ္က ေတာ့ ကေလးခ်စ္တယ္။ သူမ်ားကေလးကို ေတာင္ ခ်စ္တာ၊ ကိုယ္ေမြးတဲ့ကေလးဆိုလည္း ခ်စ္မိမွာပဲေလ။ တခ်ိဳ႕ပရိသတ္ေတြဆို ကၽြန္ေတာ့္ မွာ အရင္အိမ္ေထာင္ နဲ႔ ကေလးရွိတယ္ လို႔ ထင္ၾကတယ္၊ တကယ္ေတာ့ မဟုတ္ပါဘူး။ အခု ဝိုင္းစု နဲ႔ မွ ကၽြန္ေတာ္ ကေလးယူဖို႔ ဆုံးျဖတ္တာေပါ့ေနာ္။ ကေလး ရရင္ေတာ့ ေယာက်ားေလးလည္း ခ်စ္မွာပဲ၊ မိန္းကေလးလည္း ခ်စ္မွာပဲ။ ကၽြန္ေတာ္တို႔ တီးဝိုင္းက အကိုတစ္ေယာက္ရဲ့ သားေလးဆိုလည္း အိမ္မွာ လာလာေဆာ့တယ္။ သူက ကၽြန္ေတာ့္ ကို အရမ္းခ်စ္တယ္။” လို႔ ထုတ္ေျပာလာခဲ့ၿပီပဲ ျဖစ္ပါ တယ္။

ပရိသတ္ႀကီးတို႔ေရ ေအာင္လဟာ ေလာေလာ ဆယ္၊ လတ္တေလာ အႏုပညာ လႈပ္ရွားမႈအေနနဲ႔ 50 TV Live ကေန ျပသမယ့္ ႏွစ္သစ္ႀကိဳဆို ပြဲ ကို ဝိုင္းစုႏွင့္အတူ ေဖ်ာ္ေျဖသြားဖို႔ရွိၿပီး Sky Net မွာလည္း အလားတူ ပါဝင္ ေဖ်ာ္ေျဖသြားဖို႔ ရွိတယ္ လို႔ အသိေပးေျပာၾကားရင္း ဒီအင္တာဗ်ဴးေလးကို အဆုံးသတ္ေျဖၾကားေပး သြားခဲ့ပါတယ္။

UNICODE

ပရိသတ်တို့ ရေ သီချင်းကောင်းလေး တွေကို အမြဲ သီဆိုတတ်တဲ့ ရော့ခ် ဂီတအဆိုတော် အောင်လ ဟာဆိုရင် ပရိသတ်ကြီး နဲ့ မစိမ်း တဲ့ အနုပညာရှင် တစ်ဦးပဲ ဖြစ်ပါတယ်။ သူဟာ အခုအချိန် မှာ ချစ်သူ ဖြစ်သူ ဝိုင်းစုခိုင်သိန်း နှင့်အတူ သာယာ အေးချမ်းတဲ့ ဘဝကို နေထိုင် ဖြတ်သန်းနေပြီး သီချင်းများ ကို သီဆိုရင်း အနုပညာ လှုပ်ရှား မှုများကို ပုံမှန် ပြုလုပ်နေသူ တစ်ဦးပဲ ဖြစ်ပါတယ်။အောင်လ နဲ့ ဝိုင်းစုတို့ စုံတွဲဟာ ဆိုရင် အရင်တစ်ချိန်တည်းက သမီးရည်းစား တွေ ဖြစ်ကြသော် လည်း နောက်ပိုင်း မှာ အခြားသူတွေ နဲ့ အိမ်ထောင်ကိုယ်စီ ကျခဲ့ကြပြီး အိမ်ထောင်ဖက် ဟောင်းတွေ နဲ့ ကင်းကင်း ရှင်းရှင်း လမ်းခွဲပြတ်ဆဲ ပြီးမှသာ တစ်ဦးနှင့်တစ်ဦး ပြန်လည် ပေါင်းစည်းခဲ့ ကြသူတွေလည်း ဖြစ်ပါတယ်။ ဒီအင်တာဗျူးလေး မှာတော့ တေးသံရှင် အောင်လက ဝိုင်းစု နဲ့ ပြန်လည် လက်မတွဲခင် အိမ်ထောင်ကျခဲ့တဲ့ အမျိုးသမီး နဲ့ ကလေးတစ်ယောက် ရှိခဲ့တယ်လို့ ဝေဖန်ပြောဆိုမှုတွေအပေါ် တုံ့ပြန်ပြောဆိုခဲ့တာပဲ ဖြစ်ပါတယ်။

မကြာခင် ရက်ပိုင်းအတွင်း မှာပဲ နှစ်သစ်ကို ကူးပြောင်းရတော့မှာ ဖြစ်တဲ့ အတွက် ကျန်ရှိခဲ့တဲ့ ၂၀၂၀ ကာလ ကို ခက်ခက် ခဲခဲ ဖြတ်သန်းခဲ့ရ ပုံကို အောင်လက”၂၀၂၀ က မိသားစု ကို ပိုပြီး အချိန်ပေးရတယ်။ စိတ် ဒုက္ခတွေ ရောက်ကြရတယ်။ အဲ့လို ပဲ ခြုံငုံပြီးတော့ သုံးသပ် ရမှာပဲ။ ဘာဖြစ်လို့လည်း ဆိုတော့ ကျွန်တော်တို့ အားလုံး အတူတူ ခံစားခဲ့ ရတာတွေ ဆိုတော့ ဒီအပေါ်မှာ ဘာမှ အထွေအထူး မပြောလိုတော့ပါဘူး” လို့ ရင်ဖွင့် ပြောပြခဲ့ ပါတယ်။ကိုဗစ်ကာလအတွင်း ဖန်တီး ဖြစ်ခဲ့တဲ့ သူ့ရဲ့ အနုပညာလှုပ်ရှားမှုလေးတွေ နဲ့ ပတ်သတ်လို့ ကိုအောင်လ က”အရင်ကာလတွေ တုန်းကဆို ဝိုင်းစု ပွဲသွားဆိုတဲ့နောက်ကိုပဲ ကျွန်တော်က လိုက်နေတာ ဆိုတော့ ကျွန်တော့် Band နဲ့ တွေ့ဖြစ်တာ ရှားတယ်။ အခု ဒီကာလ မှာဆိုရင် ဘယ်မှ သွားစရာ မရှိတဲ့ အတွက် ကျွန်တော်တို့လည်း အရင်က ထက် သီချင်းတွေ ပိုပြီး လုပ် ဖြစ်လာတယ်။ Band နဲ့ လည်း ရင်းရင်း နှီးနှီး ပြောဆို၊ ဆက်ဆံရင်း သီချင်း တိုက်ရက်တွေ များလာတော့ ကိုယ်ဘာလုပ်ချင်လည်း ဆိုတာကို ပိုသိလာတယ်။ နောက်အခွေ အတွက် Music Arrangement နဲ့ ပတ်သတ်လို့ အစီအစဉ်လေး တွေလည်း ချဖြစ်သွားတာပေါ့နော်။” လို့ အသိပေး ပြောကြား လာခဲ့ပါတယ်။

ဝိုင်းစုနဲ့ အောင်လတို့နှစ်ယောက် ကလေးယူတော့မယ်ဆိုပြီး သတင်းထွက် ပေါ်နေတဲ့ အပေါ်မှာတော့ အောင်လက “ဝိုင်းစု ကတော့ ယူလည်း ရတယ်၊ မယူလည်း ရတယ်ပေါ့နော်။ ကျွန်တော်က တော့ ကလေးချစ်တယ်။ သူများကလေးကို တောင် ချစ်တာ၊ ကိုယ်မွေးတဲ့ကလေးဆိုလည်း ချစ်မိမှာပဲလေ။ တချို့ပရိသတ်တွေဆို ကျွန်တော့် မှာ အရင်အိမ်ထောင် နဲ့ ကလေးရှိတယ် လို့ ထင်ကြတယ်၊ တကယ်တော့ မဟုတ်ပါဘူး။ အခု ဝိုင်းစု နဲ့ မှ ကျွန်တော် ကလေးယူဖို့ ဆုံးဖြတ်တာပေါ့နော်။ ကလေး ရရင်တော့ ယောကျားလေးလည်း ချစ်မှာပဲ၊ မိန်းကလေးလည်း ချစ်မှာပဲ။ ကျွန်တော်တို့ တီးဝိုင်းက အကိုတစ်ယောက်ရဲ့ သားလေးဆိုလည်း အိမ်မှာ လာလာဆော့တယ်။ သူက ကျွန်တော့် ကို အရမ်းချစ်တယ်။” လို့ ထုတ်ပြောလာခဲ့ပြီပဲ ဖြစ်ပါ တယ်။

ပရိသတ်ကြီးတို့ရေ အောင်လဟာ လောလော ဆယ်၊ လတ်တလော အနုပညာ လှုပ်ရှားမှုအနေနဲ့ 50 TV Live ကနေ ပြသမယ့် နှစ်သစ်ကြိုဆို ပွဲ ကို ဝိုင်းစုနှင့်အတူ ဖျော်ဖြေသွားဖို့ရှိပြီး Sky Net မှာလည်း အလားတူ ပါဝင် ဖျော်ဖြေသွားဖို့ ရှိတယ် လို့ အသိပေးပြောကြားရင်း ဒီအင်တာဗျူးလေးကို အဆုံးသတ်ဖြေကြားပေး သွားခဲ့ပါတယ်။