


Credit; myanmar Load

UNICODE

ပရိသတ်ကြီး ရေ အဆိုတော် ဖြူဖြူကျော်သိန်း နဲ့ သရုပ်ဆောင် ကျော်ထက်အောင် တို့နှစ်ယောက် ကတော့ (၁.၁.၂၀၂၁) ရက်နေ့ကတည်း က စုံတွဲ ပုံလေးတွေနဲ့အတူ ပရိသတ်တွေကို Surprise လုပ်လိုက်တာ ဖြစ်ပါတယ်။ဖြူဖြူ နဲ့ ကျော်ထက်အောင် တို့အနုပညာ မောင်နှနှစ်ယောက် ကတော့ ချစ်ချစ် ခင်ခင်ရှိကြပြီး အနုပညာ အလုပ်တွေလည်း တွဲလုပ် နေကြတာ ဖြစ်ပါတယ်နော်။ကျော်ထက်အောင် ကလည်း ဖြူဖြူ့ ရဲ့ အိမ်ကို တစ်ခါတလေ သွားလည် လေ့ရှိတာကြောင့် အရမ်းရင်းနှီး နေကြတာ ဖြစ်ပါတယ်။

လတ်တလောမှာ ဆိုရင် ဖြူဖြူကျော်သိန်း က သီချင်း အသစ်လေး တွေအတွက် သေချာ ပြင်ဆင်နေပြီး Photo Shooting လေးတွေလည်း ရိုက်ကူး နေတာဖြစ်ပါတယ်။ကျော်ထက်အောင် နဲ့ ဖြူဖြူ တို့ရဲ့ အရမ်း ရိုဆန်တဲ့ စုံတွဲပုံလေးတွေ ကိုလည်း မကြာခဏ တွေ့ရပြီး ပရိသတ်တွေ ကတောင် သဘောတူနေ ကြတာဖြစ်ပါတယ်။ဖြူဖြူ နဲ့ ကျော်ထက်အောင် တို့နှစ်ယောက်ကလည်း ပရိသတ်တွေ ကို ဇဝေ ဇဝါဖြစ်အောင် အမြဲလုပ် နေကြတာ ဖြစ်ပါတယ်နော်။

အခု ဆိုရင်လည်း ဖြူဖြူကျော်သိန်းက “ချစ်သေးရဲ့လား ဖြေပါ” လို့ မေးပြီး သူမ ရဲ့ ချစ်စရာ ပုံလေးတွေ နဲ့ အတူ ပို့စ်တင်လာတာ ဖြစ်ပါတယ်နော်။ကျော်ထက်အောင်ကလည်း”ချစ်သေးလား လုပ်မနေ နဲ့ အချစ်ရှိတယ်ဆို သက်သေပြပါ”ဆိုပြီး စတိုင်လ် ကျနေတဲ့ ပုံတွေ နဲ့အတူ ပိုစ့်တင်ထားတာဖြစ်ပါတယ်။ဖြူဖြူ နဲ့ကျော်ထက်အောင် တို့ရဲ့ ပိုစ့်နှစ်ခုက မိနစ်အနည်းငယ်ပဲ ကွာဟတာကြောင့် ပရိသတ်တွေ ကလည်း ပဟေဠိများစွာ ဖြစ်ခဲ့ကြတာ ဖြစ်ပါတယ်နော်။

Source&Photo credit:Phyu Phyu Kyaw Thein&Kyaw Htet Aung’s Facebook page
Credit; myanmar Load