လူငယ္ေတးသံရွင္ တစ္ေယာက္ျဖစ္တဲ့ G Fatt ကေတာ့ ဆယ္ေက်ာ္ သက္အရြယ္ကတည္းက ဂီတကို ႐ူးသြပ္ခုံမင္ခဲ့သူ တစ္ေယာက္ ျဖစ္ပါတယ္။ G Fatt ကေတာ့ လက္ရွိ အသက္ (၂၈) ႏွစ္အရြယ္မွာ တစ္နိုင္ငံလုံး အတိုင္းအတာ နဲ႔ ေအာင္ျမင္တဲ့ အဆိုေတာ္ႀကီး တစ္ေယာက္ျဖစ္လို႔ေနၿပီ ျဖစ္ၿပီး ဂီတ မွတ္တိုင္ေတြမ်ားစြာကိုလည္း စိုက္ထူ ထားနိုင္ခဲ့ၿပီ ျဖစ္ပါတယ္။ ဒီကေန႔မွာေတာ့ G Fatt က သူ႔ရဲ့ ခ်စ္ပရိသတ္ေတြ အားလုံးအတြက္ ဝမ္းသာစရာ သတင္းေကာင္းေလးတစ္ခုကို မၽွေဝ ေပးလာခဲ့ပါတယ္။

G Fatt က “ကၽြန္​ေတာ့္ ရဲ့ တတိယ​ေျမာက္ One Man Show ‘ILLUSION PARADISE ‘ ကို ယခုလာမယ့္ 13.1.2021 ဗုဒၶဟူး​ ( ​ကရင္ႏွစ္သစ္ကူး​) ​ေန႔ မွာ ယခု GFatt Official Fan Page , Channel K , V7 Entertainment Page , Mytel Myanmar Page ,MyID App (Free DATA) တို႔မွ တစ္ၿပိဳင္တည္း ထုတ္လႊင့္ျပသြားမွာ ျဖစ္ပါတယ္ ။ ခ်စ္ရ​ေသာ Jaffy ​ေလးမ်ား ​ႏွင့္ ပရိတ္သတ္မ်ား အားလုံး ေစာင့္​​ေမ်ာ္ ၾကည့္ရႈၾကပါရန္ သတင္း​ေကာင္းပါးလိုက္ပါတယ္။ ” ဆိုၿပီး သူ႔ရဲ့ တတိယေျမာက္ One Man Show အေၾကာင္းကို ေျပာလာပါတယ္။

G Fatt ကေတာ့ လာမယ့္ ဗုဒၶဟူးေန႔ (ကရင္ႏွစ္သစ္ကူးေန႔) မွာ သူ႔ရဲ့ တတိယေျမာက္ One Man Show ‘ILLUSION PARADISE ‘ ကို အြန္လိုင္းကေနတဆင့္ ထုတ္လႊင့္ ျပသၿပီး ပရိသတ္ေတြ အတြက္ တင္ဆက္ ေပးေတာ့မွာပဲ ျဖစ္ပါတယ္။ G Fatt ရဲ့ ပရိသတ္ေတြ အတြက္ေတာ့ ဒီသတင္းေလး အတြက္ အရမ္းဝမ္းသာေနၾကမွာ ေသခ်ာ ပါတယ္ေနာ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီး အားလုံးလည္း သာယာ ေပ်ာ္ရႊင္တဲ့ ေန႔ေလး တစ္ေန႔ကို ပိုင္ဆိုင္နိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: G Fatt’s fb
Bilie – Cele Connections

UNICODE

လူငယ်တေးသံရှင် တစ်ယောက်ဖြစ်တဲ့ G Fatt ကတော့ ဆယ်ကျော် သက်အရွယ်ကတည်းက ဂီတကို ရူးသွပ်ခုံမင်ခဲ့သူ တစ်ယောက် ဖြစ်ပါတယ်။ G Fatt ကတော့ လက်ရှိ အသက် (၂၈) နှစ်အရွယ်မှာ တစ်နိုင်ငံလုံး အတိုင်းအတာ နဲ့ အောင်မြင်တဲ့ အဆိုတော်ကြီး တစ်ယောက်ဖြစ်လို့နေပြီ ဖြစ်ပြီး ဂီတ မှတ်တိုင်တွေများစွာကိုလည်း စိုက်ထူ ထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ G Fatt က သူ့ရဲ့ ချစ်ပရိသတ်တွေ အားလုံးအတွက် ဝမ်းသာစရာ သတင်းကောင်းလေးတစ်ခုကို မျှဝေ ပေးလာခဲ့ပါတယ်။

G Fatt က “ကျွန်​တော့် ရဲ့ တတိယ​မြောက် One Man Show ‘ILLUSION PARADISE ‘ ကို ယခုလာမယ့် 13.1.2021 ဗုဒ္ဓဟူး​ ( ​ကရင်နှစ်သစ်ကူး​) ​နေ့ မှာ ယခု GFatt Official Fan Page , Channel K , V7 Entertainment Page , Mytel Myanmar Page ,MyID App (Free DATA) တို့မှ တစ်ပြိုင်တည်း ထုတ်လွှင့်ပြသွားမှာ ဖြစ်ပါတယ် ။ ချစ်ရ​သော Jaffy ​လေးများ ​နှင့် ပရိတ်သတ်များ အားလုံး စောင့်​​မျော် ကြည့်ရှုကြပါရန် သတင်း​ကောင်းပါးလိုက်ပါတယ်။ ” ဆိုပြီး သူ့ရဲ့ တတိယမြောက် One Man Show အကြောင်းကို ပြောလာပါတယ်။

G Fatt ကတော့ လာမယ့် ဗုဒ္ဓဟူးနေ့ (ကရင်နှစ်သစ်ကူးနေ့) မှာ သူ့ရဲ့ တတိယမြောက် One Man Show ‘ILLUSION PARADISE ‘ ကို အွန်လိုင်းကနေတဆင့် ထုတ်လွှင့် ပြသပြီး ပရိသတ်တွေ အတွက် တင်ဆက် ပေးတော့မှာပဲ ဖြစ်ပါတယ်။ G Fatt ရဲ့ ပရိသတ်တွေ အတွက်တော့ ဒီသတင်းလေး အတွက် အရမ်းဝမ်းသာနေကြမှာ သေချာ ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီး အားလုံးလည်း သာယာ ပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: G Fatt’s fb
Bilie – Cele Connections