ပရိတ်သတ် ကြီးရေ…သရုပ်ဆောင် ထူးခန့်ကျော် ကတော့ အနုပညာ ဘက်တွင် ထူးချွန်ရုံ သာမကဘဲ ခုနှစ်ရက် သားသမီးများ ခံစား နေရတဲ့ နာကျင် ကိုက်ခဲမှုတွေကို သူတတ် ထားတဲ့ ဆေးပညာ ရပ်များဖြင့် ကုသ ပေးနေသူ တစ်ဦး ဖြစ်ပါတယ်။သူက တော့ အခ ကြေးငွေ မယူဘဲ ကုသ ပေးနေတာ ဖြစ်ပြီး ခုနှစ် ရက်သားသမီးများ စေတနာ ဖြင့် ပေးသော ငွေများ ကိုတော့ ဘုရားတည်တဲ့ နေရာတွင် အသုံး ပြု မှာ ဖြစ်ပါတယ်။ထူးခန့်ကျော် ထံသို့ သာမန် ပြည်သူတွေ သာမကဘဲ အနုပညာ အသိုင်းဝိုင်း မှ ညီအစ်ကို မောင်နှမ တွေလည်း လာရောက် ကုသလေ့ ရှိပါတယ်။

မကြာ သေးခင် နာရီပိုင်း လောက်က လည်း ထူးခန့်ကျော် ရဲ့ လူမှု ကွန်ယက်တွင် ဗီဒီယို လေးတစ်ခု တင် ထားတာ ဖြစ်ပါတယ်။ဒါကတော့ ဆေးကု ပေးနေရင်းနဲ့ ကက်ကက် လန်အောင် ပြန်ပြော နေတဲ့ လူရွှင်တော် အုန်းသီး ကို ဗီဒီယို ရိုက်ပြီး ဆေးထိုး လိုက်တာ ဖြစ်ပါတယ်။အုန်းသီး ဟာ အသားထိ လိုက်တာ နဲ့ ယောင်တတ်တဲ့ အကျင့် ရှိတာကြောင့် အခုလိုပုံစံ ဖြစ်နေ တာ ဖြစ်ပါတယ်။ထူးခန့်ကျော် ကလည်း ပရိသတ်တွေ ပျော်ရွှင် စေဖို့ ဗီဒီယို ဖိုင်လေး ကို တင်ပေး ရခြင်းဖြစ်ကြောင်း ကိုလည်း အခုလို ရေးသား ပြောပြ ထားပါတယ်။

” ကျွန်တော် (၇) ရက်သားသမီး များ ရဲ့ရောဂါ ဝေဒနာများကို အခမဲ့ ပါရမီဖြည့်တဲ့ အနေ နဲ့ ကုသပေးခဲ့ရာ လူနာ ပေါင်းမနည်း လှတော့ပေ။ထိုအထဲ မှ ထူးဆန်းစွာဖြင့် ဘယ်လိုလူနာမျိုး နဲ့ မှမတူညီသော ဝေဒနာရှင်လေး အသား ထိလိုက်တာ နဲ့ ဆက်ဆက် ထိမခံ ကက်ကက် လန်အောင် ပြောနေသော သူ ဒါပေမဲ့ကျွန်တော်ရအောင် ကုသနိုင်ခဲ့ တယ်လေ။သူ့ရဲ့ ကပ်ကပ်လန် စကားသံ များဟာလည်း အလွန်တရာ ပင်ချစ်စရာ ကောင်းလှပေသည်။1minute တောင် မရှိသောvideoလေးအား ကြည့်ရှု ခြင်းဖြင့် ဘဝ အမောများ ပြေနိုင်ကြပါစေ သူ့ရဲ့ စကားသံ နဲ့ သူ့နာမည်လေး ကို Comment မှာ ရေးသား ပေးခြင်းဖြင့် အားလုံး ကျန်းမာလို့ချမ်းသာကြပါစေနော်🌸🌸🌸🌸🌸” ဆိုပြီး ရေးသား ထားတာ ဖြစ်ပါတယ်။ပရိသတ်တွေ က လည်း အနုပညာ ညီအစ်ကို တွေ ချစ်ခင် နေကြတာကို ကြည့်ပြီး ကြည်နူး နေကြတာ ဖြစ်ပါတယ်။မကြည့်ရသေး သူများ အတွက် ဒီဗီဒီယို ဖိုင်လေးကို တင်ဆက် ပေးလိုက် ရပါတယ်။

Source and Photo Crd-Htoo Khant Kyaw’s Facebook Account
Credit……

ZAWGYI




Credit……