



UNICODE

ပရိသတ်တွေ ချစ်ကြတဲ့ မင်းသမီး ချောလေး ဖွေးဖွေး က လက် ရှိခေတ် အနုပညာလောက မှာတော့ အအောင်မြင် ဆုံး ထိပ်တန်း မင်းသမီး တစ်ယောက် ဖြစ်ပါတယ်။ သူမရဲ့ ထူးချွန် တဲ့ အနုပညာစွမ်းရည် နဲ့ ကျရာဇာတ်ရုပ် အတိုင်းကို စိတ်ရော ကိုယ်ပါ ပြောင်းလဲပြီး သရုပ်ဆောင်နိုင်သူ ဖြစ်တာကြောင့် အနုပညာသက်တမ်း တစ်လျှောက် အောင်မြင်မှု အရှိန်အဟုန် လုံးဝကျဆင်းမသွားပဲ ပရိသတ်တွေ ရဲ့ အချစ်ကိုသာ တစ်နေ့ ထက် တစ်နေ့ ပိုပြီး ရရှိလာခဲ့ တာပဲ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် လည်း ဖွေးဖွေးက အသက် အငယ်ဆုံး အကယ်ဒမီများရှင် အဖြစ် အောင်မြင်မှုတွေ တဖွဲဖွဲ ရရှိနေတာပဲ ဖြစ်ပါတယ်။

အနုပညာ လောကမှာ ရပ်တည် လာတဲ့ (၁၃) နှစ်တာ ကာလ ပတ်လုံး ပရိသတ်တွေ ကို မတူညီတဲ့ ခံစားမှုရသ အမျိုးမျိုးကို ချပြနေ တဲ့ ဖွေးဖွေး က (၂၀၂၁) ခုနှစ် နှစ်သစ်ကို ရောက်လာချိန်မှာ လည်း ပရိသတ်တွေ ကို အမြင်သစ် နဲ့ သူမကို မြင်တွေ့ စေဖို့ ပြုလုပ်ခဲ့ပါတယ်။ ဖွေးဖွေးက သူမ ရဲ့ ဆံပင်စတိုင်လ်ရော၊ ဆံပင်အရောင်ကိုပါ ပြောင်းလဲပြီး နှစ်သစ် မှာ စိတ်သစ် ၊ လူသစ် ၊ အမြင်သစ် နဲ့ ရှိစေ ဖို့ ကိုယ့်ကို ကိုယ် ပြင်ဆင် ခဲ့တာကို တွေ့ရပါတယ်။

ဖွေးဖွေး ကတော့ အခုလို ဆံပင် အစိမ်းရောင် အကောက်လေး နဲ့ အရမ်းလှပြီး တစ်မျိုးလေး လှနေတာပဲနော်။ ပရိသတ်ကြီးလည်း ဖွေးဖွေး ရဲ့ စတိုင်လ် အသစ်လေးက ဖွေးဖွေး နဲ့ လိုက်ဖက်မှု ရှိရဲ့လားဆိုတာ ပြောပြခဲ့ ပါဦးနော်။ ဖတ်ရှု ပေးကြတဲ့ Cele Connections ပရိသတ်ကြီး အားလုံးလည်း သာယာ ပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင် ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: HELLO Hair, Make-up, Nail & Spa’s fb
Bilie – Cele Connections