


Yuan – Cele Zone
Photo – Ni Ni Khin Zaw

UNICODE

အသံပါဝါ ကောင်းကောင်း နဲ့ သီဆို ဖျော်ဖြေတတ် တဲ့ အဆိုတော် ချောလေး နီနီခင်ဇော် ကိုပရိသတ်ကြီး ချစ်ကြမယ် ထင်ပါတယ်။သူဟာ အချိန်ခဏ လေးတွင်းမှာတင် အောင်မြင်တဲ့ မိန်းကလေး အဆိုတော်တစ်ယောက် ဖြစ်လာကာ ပရိသတ် အခိုင်အမာ ရရှိထားတာ ဖြစ်ပါတယ်။သူရဲ့သီချင်းလေး တွေဟာ လူငယ်တွေကြား ရေပန်း စားပြီ အမိုက်စား သီချင်းတွေ ပါမက သီချင်း အေးအေးလေး တွေပါ ကြိုက်နှစ်သက် အားပေးကြတာ တွေ့ရပါတယ်။

သူမ ကတော့ သီချင်းတွေ ဆက်တိုက် ဆိုနေတာ ဖြစ်ပြီး အနုပညာ အလုပ်တွေ လည်း မနားတမ်း လုပ်နေတယ်လို့ လည်းသိရပါတယ်။သူမရဲ့ အနုပညာ လှုပ်ရှားမှု ပုံရိပ်များကို ဖေ့ဘွတ် ပေါ်တွင် ဖော်ပြလေ့ ရှိတာလည်း တွေ့ရပါတယ်။လတ်တလော မှာတော့ ပရိသတ်တွေ မမြင်ဘူးသေးတဲ့ ၂၀၀၅ ခုနှစ် ကာယအလှမယ် ပြိုင်ခဲ့စဉ်က အမှတ်တရ ပုံလေးတွေကို ထုတ်ပြ လာတာဖြစ်ပါတယ်။

ပုံလေးတွေ နဲ့ အတူ “သန်မာ ထွားကြိုင်းတယ် ယဉ်တကိုယ်မယ်~အစချီတဲ့သီချင်း​ လေးနဲ့ ၂၀၀၅-၂၀၀၆ ခုနှစ်ပရိသတ်​တွေ မမြင်ဖူးသေးတဲ့ အထက်တန်း​ကျောင်းသူဘဝ အမှတ်တရ​ ပုံလေး​တွေပါ ….ကျောင်းသူ ဘဝထဲက အားကစား​ လုပ်ဖို့​ မေ​မေက တိုက်တွန်း​ပေးခဲ့ပါတယ် ရေကူး , ကိုယ်ကာယအလှ​တွေ ​ဆော့ခဲ့ရတယ်….၂၀၀၇ ဆယ်တန်းပြီးမှ Melody World အဆိုပြိုင်ပွဲ စပြိုင်ဖြစ်တာပါ(ပြိုင်ပွဲ​​တွေ ပြိုင်ဖူးသမျှ ရဖူးခဲ့တဲ့ အမှတ်တရ ဆု​တွေထဲမှာမှ တချိန် တခါက ကာယ အလှမယ်ဆိုတဲ့ ပြိုင်ပွဲ​လေး​တွေလည်း အများကြီးပြိုင်ခဲ့ ဖူး​လေရဲ့) အခု​တော့ သီချင်းအသစ်​တွေ အသံသွင်း​နေတယ် ကျန်တာ မသိ​တော့ဘူး ” ဆိုတဲ့စာလေးကို ရေးသားဝေမျှ ထားရာ ငယ်ငယ် ကပုံလေးတွေကြည့်ပြီး အရမ်းချောမော လွန်းတာကြောင့် ပရိသတ် ကြီးလည်း ကြည့်ရှုနိုင် စေရန် ဝေမျှပေးလိုက်ပါတယ်။

Yuan – Cele Zone
Photo – Ni Ni Khin Zaw