ဇာတ်သဘင် လောကမှာ အောင်မြင်မှုတွေများစွာ ရရှိထားပေမယ့် ပိုင်ဆိုင်မှုတွေကို စွန့်လွှတ်ပြီး မျိုးချစ်စိတ်အပြည့် နဲ့ တော်လှန်ရေးတိုက်ပွဲဝင်နေကြတဲ့သူတွေကတော့ ဟားငါးကောင် အဖွဲ့ပဲဖြစ်ပါတယ်။ လူရွှင်တော်တွေအနေ နဲ့ ပရိသတ်တွေကို ရယ်မောပျော်ရွှင်စေနိုင်တဲ့ ဟားငါးကောင်အဖွဲ့ဟာ လက်ရှိမှာ‌ဆိုရင်လည်း လွတ်မြောက်နယ်မြေတစ်ခုမှာ စစ်ရေးအတွက် ပြင်ဆင်နေကြတာဖြစ်ပါတယ်…..။

ဒီကနေ့ စက်တင်ဘာလ ၇ ရက်နေ့မှစတင်ကာ ပြည်သူ့​တော်လှန်ရေးနေ့ အဖြစ် ကြေညာကြောင်း NUG သမ္မတ ဒူဝါလရှီးလက ကြေညာလိုက်တာလည်း ဖြစ်ပြီး KNU နယ်မြေဘက်တွေမှာလည်း ထိစပ် တိုက်ပွဲတွေ စတင်ဖြစ်ပေါ်နေတာဖြစ်ပါတယ်။ လွတ်မြောက်နယ်မြေရောက် ဟားငါးကောင်အဖွဲ့အနေနဲ့လည်း စစ်ရေးအတွက်ပြင်ဆင်နေကြပြီဖြစ်ပြီး ပြည်သူတွေကို အစစအရာရာ ဂရုစိုက်ကြဖို့လည်း ပြောလာပါတယ်။

ပရိသတ်တွေအနေနဲ့လည်း ရဲဘော်တွေအတွက် ဆုတောင်းပေးနေကြပြီး ပိုးလေးကလည်း သူ့ရဲ့ Facebookစာမျက်နှာမှာ မကြာခင်မှာ ပရိသတ်တွေနဲ့ပြန်ဆုံချင်ကြောင်းကိုလည်း တင်ပေးသွားခဲ့ပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်မျှဝေ ပေးလိုက်ပါတယ်နော်။

Credit…..

ZAWGYI

ဇာတ္သဘင္ ေလာကမွာ ေအာင္ျမင္မႈေတြမ်ားစြာ ရရွိထားေပမယ့္ ပိုင္ဆိုင္မႈေတြကို စြန႔္လႊတ္ၿပီး မ်ိဳးခ်စ္စိတ္အျပည့္ နဲ႔ ေတာ္လွန္ေရးတိုက္ပြဲဝင္ေနၾကတဲ့သူေတြကေတာ့ ဟားငါးေကာင္ အဖြဲ႕ပဲျဖစ္ပါတယ္။ လူရႊင္ေတာ္ေတြအေန နဲ႔ ပရိသတ္ေတြကို ရယ္ေမာေပ်ာ္ရႊင္ေစနိုင္တဲ့ ဟားငါးေကာင္အဖြဲ႕ဟာ လက္ရွိမွာ‌ဆိုရင္လည္း လြတ္ေျမာက္နယ္ေျမတစ္ခုမွာ စစ္ေရးအတြက္ ျပင္ဆင္ေနၾကတာျဖစ္ပါတယ္…..။

ဒီကေန႔ စက္တင္ဘာလ ၇ ရက္ေန႔မွစတင္ကာ ျပည္သူ႔​ေတာ္လွန္ေရးေန႔ အျဖစ္ ေၾကညာေၾကာင္း NUG သမၼတ ဒူဝါလရွီးလက ေၾကညာလိုက္တာလည္း ျဖစ္ၿပီး KNU နယ္ေျမဘက္ေတြမွာလည္း ထိစပ္ တိုက္ပြဲေတြ စတင္ျဖစ္ေပၚေနတာျဖစ္ပါတယ္။ လြတ္ေျမာက္နယ္ေျမေရာက္ ဟားငါးေကာင္အဖြဲ႕အေနနဲ႔လည္း စစ္ေရးအတြက္ျပင္ဆင္ေနၾကၿပီျဖစ္ၿပီး ျပည္သူေတြကို အစစအရာရာ ဂ႐ုစိုက္ၾကဖို႔လည္း ေျပာလာပါတယ္။

ပရိသတ္ေတြအေနနဲ႔လည္း ရဲေဘာ္ေတြအတြက္ ဆုေတာင္းေပးေနၾကၿပီး ပိုးေလးကလည္း သူ႔ရဲ့ Facebookစာမ်က္ႏွာမွာ မၾကာခင္မွာ ပရိသတ္ေတြနဲ႔ျပန္ဆုံခ်င္ေၾကာင္းကိုလည္း တင္ေပးသြားခဲ့ပါတယ္။ ပရိသတ္ေတြအတြက္ ျပန္လည္မၽွေဝ ေပးလိုက္ပါတယ္ေနာ္။

Credit…..