မိန္းကေလး ပရိသတ္ေတြ ရဲ့ သည္းသည္း လႈပ္အားေပးျခင္း ကို ခံရတဲ့ မင္းသားေခ်ာ ပိုင္တံခြန္ ကေတာ့ ကမၻာအလည္ မွာ ျမန္မာ ဆိုတာကို ထင္ရွား ေစသူ မင္းသား တစ္ေယာက္ ဆိုလည္း မမွားပါဘူး။ ပိုင္တံခြန္ က (၂၀၁၉) ခုႏွစ္ အတြင္းမွာ ထိုင္းနိုင္ငံ နဲ႔ အႏုပညာ လႈပ္ရွားမႈ ေတြမ်ားစြာ ျပဳလုပ္ခဲ့ သလို (၂၀၂၀) ခုႏွစ္ အတြင္းမွာ လည္း အိမ္နီးခ်င္း နိုင္ငံေတြ နဲ႔ အေနာက္ နိုင္ငံေတြ ထိပါ ေပါက္ ေရာက္ေအာင္ျမင္ခဲ့ၿပီး TC Candler ရဲ့ The Most Handsome Face Of 2020 အျဖစ္ နံပါတ္ (၁၀) ေနရာ မွာ ေဖာ္ျပခံ ခဲ့ရတာပဲ ျဖစ္ပါတယ္။ အဲ့ဒါေၾကာင့္ လည္း ပိုင္တံခြန္ က လက္ရွိမွာ သူ႔ရဲ့ေခတ္လို႔ ဆိုရေလာက္ ေအာင္ ေအာင္ျမင္မႈေတြ ဟုန္းဟုန္း ေတာက္ရရွိေနတာ ျဖစ္ပါတယ္။

ေအာင္ျမင္မႈ ေတြ အမ်ားအျပား ရရွိေနတဲ့ ပိုင္တံခြန္ က သူ႔ရဲ့ ေအာင္ျမင္မႈ အေပၚ ဂုဏ္ယူ ေပမယ့္ အစြဲအလန္း မႀကီး သူတစ္ေယာက္ ျဖစ္တာကို ဒီတစ္ေခါက္ သူ႔ရဲ့လုပ္ရပ္က သက္ေသ ျပသြားခဲ့ပါၿပီ။ ပိုင္တံခြန္က သူ႔ကို ထင္ရွားေစတဲ့ အခ်က္တစ္ခ်က္ ျဖစ္တဲ့ ဆံပင္ရွည္ႀကီး ကို စြန႔္လႊတ္ၿပီး သစ္တံခါး ဆရာေတာ္ႀကီးရဲ့ ေမတၱာရိပ္ ေအာက္ခိုလႈံကာ ပရိသတ္ေတြ ကို အသိမေပးပဲ သာသနာ့ေဘာင္ ထဲသို႔ ခဏတာဝင္ေရာက္သြားခဲ့တာပဲ ျဖစ္ပါတယ္။

ပိုင္တံခြန္ကေတာ့ လက္ရွိ မွာ သာသနာ့ေဘာင္ထဲ သို႔ ဝင္ေရာက္ၿပီး တရားဘာဝနာ ေတြ အားထုတ္ေနတာပဲ ျဖစ္ပါတယ္။ ပိုင္တံခြန္ တစ္ေယာက္ မြန္ျမတ္လွတဲ့ တရားထူး တရားျမတ္ ေတြ ရရွိ ပိုင္ဆိုင္နိုင္ပါေစလို႔ ဆုေတာင္းေပး လိုက္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္ရႊင္တဲ့ ေန႔ေလး တစ္ေန႔ကို ပိုင္ဆိုင္နိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Han Nyein Oo’s fb
Bilie – Cele Connections

unicode

မိန်းကလေး ပရိသတ်တွေ ရဲ့ သည်းသည်း လှုပ်အားပေးခြင်း ကို ခံရတဲ့ မင်းသားချော ပိုင်တံခွန် ကတော့ ကမ္ဘာအလည် မှာ မြန်မာ ဆိုတာကို ထင်ရှား စေသူ မင်းသား တစ်ယောက် ဆိုလည်း မမှားပါဘူး။ ပိုင်တံခွန် က (၂၀၁၉) ခုနှစ် အတွင်းမှာ ထိုင်းနိုင်ငံ နဲ့ အနုပညာ လှုပ်ရှားမှု တွေများစွာ ပြုလုပ်ခဲ့ သလို (၂၀၂၀) ခုနှစ် အတွင်းမှာ လည်း အိမ်နီးချင်း နိုင်ငံတွေ နဲ့ အနောက် နိုင်ငံတွေ ထိပါ ပေါက် ရောက်အောင်မြင်ခဲ့ပြီး TC Candler ရဲ့ The Most Handsome Face Of 2020 အဖြစ် နံပါတ် (၁၀) နေရာ မှာ ဖော်ပြခံ ခဲ့ရတာပဲ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် လည်း ပိုင်တံခွန် က လက်ရှိမှာ သူ့ရဲ့ခေတ်လို့ ဆိုရလောက် အောင် အောင်မြင်မှုတွေ ဟုန်းဟုန်း တောက်ရရှိနေတာ ဖြစ်ပါတယ်။

အောင်မြင်မှု တွေ အများအပြား ရရှိနေတဲ့ ပိုင်တံခွန် က သူ့ရဲ့ အောင်မြင်မှု အပေါ် ဂုဏ်ယူ ပေမယ့် အစွဲအလန်း မကြီး သူတစ်ယောက် ဖြစ်တာကို ဒီတစ်ခေါက် သူ့ရဲ့လုပ်ရပ်က သက်သေ ပြသွားခဲ့ပါပြီ။ ပိုင်တံခွန်က သူ့ကို ထင်ရှားစေတဲ့ အချက်တစ်ချက် ဖြစ်တဲ့ ဆံပင်ရှည်ကြီး ကို စွန့်လွှတ်ပြီး သစ်တံခါး ဆရာတော်ကြီးရဲ့ မေတ္တာရိပ် အောက်ခိုလှုံကာ ပရိသတ်တွေ ကို အသိမပေးပဲ သာသနာ့ဘောင် ထဲသို့ ခဏတာဝင်ရောက်သွားခဲ့တာပဲ ဖြစ်ပါတယ်။

ပိုင်တံခွန်ကတော့ လက်ရှိ မှာ သာသနာ့ဘောင်ထဲ သို့ ဝင်ရောက်ပြီး တရားဘာဝနာ တွေ အားထုတ်နေတာပဲ ဖြစ်ပါတယ်။ ပိုင်တံခွန် တစ်ယောက် မွန်မြတ်လှတဲ့ တရားထူး တရားမြတ် တွေ ရရှိ ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Han Nyein Oo’s fb
Bilie – Cele Connections