



UNICODE

ပရိတ်သတ်ကြီး ရေ….အနုပညာ လောကမှာ အချိန်တို အတွင်း အောင်မြင်မှု တွေကို ရရှိ ပိုင်ဆိုင် ထားပြီး ပရိတ်သတ် ရဲ့ ချစ်ခင် အားပေးမှုကို ပြည့်အဝ ရရှိထားတဲ့ အနုပညာရှင် လေးကတော့ သဇင်ထူးမြင့်ပဲ ဖြစ်ပါတယ်နော်..။သဇင်ထူးမြင့် ဟာ ဟာသ လူရွှင်တော် ဦးခင်လှိုင် ရဲ့သမီးလေး ဖြစ်တဲ့ အပြင် ဖခင် ဖြစ်သူရဲ့ အနုပညာ အမွေတွေ ကို အပြည့်အဝရ ယူထားတာပဲ ဖြစ်ပါတယ် ပရိတ်သတ်ကြီးရေ..။ရိုးရိုး အေးအေး လေးနေတတ် ပြီး စကားသံ ချိုချိုလေး တွေ ပြောတတ်တာကလည်း သူမရဲ့ ထူးခြားတဲ့ ဆွဲဆောင်မှု တစ်ခုလို့ ဆိုရင်လည်း မမှားပါဘူးနော်။

သူမဟာ လတ်တလော ဖြစ်ပေါ်နေတဲ့ အခြေအနေတွေ နဲ့ ပတ်သက်ပြီးတော့လည်း ပြည်သူလူထု နဲ့ အတူ တစ်သားတည်း ရပ်တည် ပေးခဲ့တဲ့ အတွက်ကြောင့် သူမရဲ့စိတ်ဓာတ်ကိုတော့ အားလုံးက မချီးကျူးဘဲ မနေနိုင်အောင် ပါပဲနော်။အခုလက်ရှိမှာ ဆိုရင်လည်း အခြေအနေ အရပ်ရပ် ကြောင့် ခေတ္တ ခဏ တိမ်းရှောင်နေရပေမယ့် သူမတတ် နိုင်တဲ့ ဘက်ကနေ ကူညီပေး နေသူလည်း ဖြစ်ပါ တယ်။ အခု တစ်ခါမှလည်း သဇင်ထူးမြင့်က သူမရဲ့ Instagram မှာ ပုံလေး တစ်ပုံ တင်ထားတာပဲ ဖြစ်ပါ တယ်နော်။

အဲ့ဒါက တော့ လတ်တလော Facebook မသုံး ဖြစ်ပေမယ့်လည်း ပရိသတ်တွေ နဲ့ အဆက်သွယ် မပြတ် အောင် အခြား လူမှုကွန်ယက်များ အသုံးပြုနေတဲ့ အကြောင်းကို ရေးသား ထားတာ ဖြစ်ပါတယ်။ ” လက်ရှိ အရမ်းခက်ခဲ နေတဲ့အခြေအနေ အရ မတတ်နိုင်လို့ ခဏ D ထားရ ပေမယ့် IG ရော Twitter မှာပါ ရှိနေပါမယ် အရေးတော်ပုံ အောင် ရမည် ” ဆိုပြီး ရေးသားထား တာပဲ ဖြစ်ပါတယ်။ ဘယ်လို အခြေနေမျိုး နဲ့ပဲဖြစ်ဖြစ် ပြည်သူဘက်ကနေ တသားတည်း ရပ်တည်ပေးတဲ့ သဇင်ထူးမြင့် ကို ပရိတ်သတ်တွေကလည်း လေးစားနေမယ်လို့ ထင်ပါ တယ်နော်..။ဖတ်ရှုပေးတဲ့ ပရိတ်သတ် ကြီးကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်…။

Source and Photo Crd-Thazin Htoo Myint’s IG Account