



UNICODE

ပရိတ်သတ်ကြီးရေ….ပြည်သူချစ် အနုပညာရှင် တစ်ယောက်ဖြစ်တဲ့ မင်းသားချော မြင့်မြတ် ဟာဆိုရင် ရုပ်ရှင် ဇာတ်ကား ပေါင်းများစွာ ကို ပီပြင်ပိုင်နိုင်အောင်သဘာဝကျကျ သရုပ်ဆောင်နိုင်တဲ့ အတွက်ကြောင့် ပရိတ်သတ် တွေရဲ့ ပါးစပ်ဖျား မှာ မြင့်မြတ် ဆိုပြီး အခုချိန် ထိရှိနေတာပဲဖြစ်ပါတယ်နော်.။ သရုပ်ဆောင်ပိုင်းမှာ ပီပြင်ပိုင်နိုင် လွန်းတဲ့ မြင့်မြတ်က ဇာတ်ကား တစ်ကားချင်းစီ တိုင်းကိုလည်း ပရိတ်သတ်တွေ ရဲ့ ရင်ထဲထိရောက်အောင် သရုပ်ဆောင်နိုင်တဲ့ အတွက် ဗိုလ်အောင်ဒင် ချစ်သော မိန်းမများ ကားမှာ စတင်ပြီး ဂျင်းကောင် ဆိုပြီး နာမည်တွင် နေတာပဲဖြစ်ပါတယ်…။

လတ်တလော ဖြစ်ပေါ် နေတဲ့ နိုင်ငံရေး အခြေအနေ နဲ့ ပတ်သက်ပြီး အစပိုင်း မှာတော့ နွေဦးတော်လှန်ရေး တိုက်ပွဲကြီးမှာ ပြည်သူလူထု နဲ့ အတူ တက်ကြွစွာပါဝင်ပြီး နောက်ပိုင်းမှာတော့ ငြိမ်ချက် သားကောင်းနေတာပဲ ဖြစ်ပါတယ်နော်..။လွန်ခဲ့တဲ့ ရက်ပိုင်းက အွန်လိုင်း အသုံးပြုသူတွေ ကြားရေပန်းစားခဲ့တဲ့ စစ်တပ်ကကျင်းပတဲ့ သင်္ကြန်ပွဲ တော်မှာ အနုပညာရှင် တစ်ချို့ တက်ရောက်ခဲ့ပြီး အဲ့ဒီအထဲမှာ မြင့်မြတ် ကလည်းပါဝင် ခဲ့တာကြောင့် ပရိတ်သတ် တွေက စိတ်ဆိုးဒေါသထွက်ကြတာပဲဖြစ်ပါတယ်နော်..။ဒီကိစ္စနဲ့ပတ်သက်ပြီး သူ့ကိုမယုံကြည်ကြတော့ပဲ ဒလန်လို့ထင်နေကြတဲ့ ပရိတ်သတ်တွေကို အခုလိုပဲ ရှင်းပြလာခဲ့ တာပဲဖြစ်ပါတယ်.။

မြင့်မြတ် က”တစ်နိုင်ငံလုံး အရေးအခင်း ဖြစ်နေချိန် ပြည်သူ အားလုံး ဖိအား ပေါင်းများစွာ အောက်မှာ မြေစာပင် ဖြစ်နေ ကြတာပါ…. ကျွန်တော်လည်း ပြည်သူထဲက ပြည်သူ တစ်ယောက်ပါ “မြေစာပင်” တစ်ပင်ပါပဲ… ကျွန်တော် လုံးဝ လုံးဝ “ဒလန်” မဟုတ်ပါဘူး…ယုံကြည်ပေးပါ 🙏🙏🙏” ဆိုပြီး သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာ ကနေတစ်ဆင့် ပရိတ်သတ် ကို ရှင်းပြလာ ခဲ့ တာပဲဖြစ်ပါတယ်။ ဖတ်ရှုပေးတဲ့ ပရိတ်သတ် တစ်ယောက်ချင်းစီ တိုင်းကို အထူးပဲ ကျေးဇူးတင်ရရှိပါတယ်နော်…။

Source ; Myint Myat ‘s Facebook Page
Credit ; Celebrity Platforms