သ႐ုပ္ေဆာင္ ပိုင္ၿဖိဳးသု တို႔ ဇနီးေမာင္ႏွံ ကေတာ့ ေဖေဖာ္ဝါရီလ အစပိုင္းကတည္း ကေန အခုခ်ိန္ထိ လူထု လႈပ္ရွားမႈေတြ မွာ ျပည္သူေတြ နဲ႔ အတူ တက္ႂကြစြာ ပူးေပါင္း ပါဝင္ေနၾကသူ ေတြပဲ ျဖစ္ပါတယ္။ လတ္တေလာ အေျခအေနမ်ားေၾကာင့္ တိမ္းေရွာင္ေနရ ေပမယ့္လည္း ေန႔စဥ္ ရက္ဆက္ သတင္း အခ်က္ အလက္မ်ားအား သူမ ရဲ့ လူမႈ ကြန္ယက္ စာမ်က္ႏွာမွ တစ္ဆင့္ ေဝ မၽွေပးေန တာလည္း ျဖစ္ပါတယ္။ တိမ္းေရွာင္ေန စဥ္အေတာအတြင္း သူမတို႔ ဇနီးေမာင္ ႏွံ နဲ႔ ပတ္သတ္ၿပီး ေတာ့ ေကာလ ဟာလ မ်ားစြာ ထြက္ရွိေန တာေၾကာင့္ မၾကာ ေသးခင္ နာရီပိုင္းေလာက္က သုသု ရဲ့ Facebook အေကာင့္ တြင္ ျပန္လည္ ေျဖရွင္းလာတာပဲ ျဖစ္ပါတယ္။
” အေၿခ အျမစ္ မရွိတဲ့ page နဲ႔ websiteမွာ ပိုင္ၿဖိဳးသု ကေျပာၾကားလာပါတယ္ ဆိုၿပီးတင္ထားတဲ့ သတင္းေတြ႕လိုက္လို႔ပါ….သူေရးထားတာ ကလည္းတကယ္ကိုယုံေလာက္စရာ အကြက္က်က် ဇာတ္လမ္းဆင္ ေရးထားတာပါ…အခုဒီမွာအဲဒီ့ interview ရဲ့ link ကို မထည့္ေပးဘူးဆိုတာ ကၽြန္မထည့္ေပးလိုက္မွအဲဒီ့ page အခုထက္ reach ေကာင္းသြားမွာ စိုးလို႔ပါ….(လက္ရွိေတာင္သူ႔ postက share 5.7K )ရည္ရြယ္ခ်က္ ရွိရွိ နဲ႔ကို ထင္ေယာင္ထင္မွားျဖစ္ေစမယ့္ေခါင္းစဥ္တပ္ ေရးထားတာပါ…
အဲဒီ့post ေအာက္မွာ ဝိုင္းဝန္း စြပ္စြဲေျပာဆိုထားသူ မ်ားကိုလည္း ေမးခ်င္လို႔ပါရွင္…ကၽြန္မတို႔ လင္မယားက ဒလန္ေတြ ဆိုရင္ ဝရမ္း ထုတ္ခံရပါ့မလား??? ကၽြန္မတို႔သာ အမွန္တရားဘက္က မရပ္တည္ခ်င္ရင္ အသာေလးေရ လိုက္ငါးလိုက္ ေရသာခိုေန ၾကမွာေပါ့ရွင္…(အဲ့သလို ေနေနၾကသူေတြလည္းရွိေနတာပဲ)အမ်ား စိတ္ဆင္းရဲေန ရခ်ိန္မွာ ကိုယ့္ဒုကၡေတြ မေဝမၽွခ်င္ေပမယ့္ ဒီတစ္ခုေတာ့ အတိအက်ကၽြန္မေျပာပါရေစ…ကၽြန္မပိုင္ၿဖိဳးသု သည္ မည္သည့္အသြင္ေျပာင္း mediaအတု pageအတုကိုမၽွ interviewေျဖၾကားထားျခင္း မရွိပါ…အေရးေတာ္ပုံႀကီးေအာင္မွ ဝရမ္းေျပးဘဝ အေတြ႕ၾကဳံမ်ားဆိုၿပီး တစ္ရက္ သက္သက္ေျပာျပရဦးမယ္….” ဆိုၿပီး လက္ရွိ ျပန႔္ႏွံ့ေနတဲ့ ေကာလ ဟာလ သတင္းအတု ေတြနဲ႔ပတ္သတ္ၿပီး ျပန္လည္ ေျဖရွင္းလာတာ ေၾကာင့္ ပရိသတ္ေတြ လည္း သိရွိေစရန္အတြက္ တစ္ဆင့္ ျပန္လည္ ကူးယူ တင္ဆက္ေပးလိုက္ ရပါတယ္ေနာ္။
Source and Photo Crd-Paing Phyoe Thu’s Facebook Account
UNICODE
သရုပ်ဆောင် ပိုင်ဖြိုးသု တို့ ဇနီးမောင်နှံ ကတော့ ဖေဖော်ဝါရီလ အစပိုင်းကတည်း ကနေ အခုချိန်ထိ လူထု လှုပ်ရှားမှုတွေ မှာ ပြည်သူတွေ နဲ့ အတူ တက်ကြွစွာ ပူးပေါင်း ပါဝင်နေကြသူ တွေပဲ ဖြစ်ပါတယ်။ လတ်တလော အခြေအနေများကြောင့် တိမ်းရှောင်နေရ ပေမယ့်လည်း နေ့စဉ် ရက်ဆက် သတင်း အချက် အလက်များအား သူမ ရဲ့ လူမှု ကွန်ယက် စာမျက်နှာမှ တစ်ဆင့် ဝေ မျှပေးနေ တာလည်း ဖြစ်ပါတယ်။ တိမ်းရှောင်နေ စဉ်အတောအတွင်း သူမတို့ ဇနီးမောင် နှံ နဲ့ ပတ်သတ်ပြီး တော့ ကောလ ဟာလ များစွာ ထွက်ရှိနေ တာကြောင့် မကြာ သေးခင် နာရီပိုင်းလောက်က သုသု ရဲ့ Facebook အကောင့် တွင် ပြန်လည် ဖြေရှင်းလာတာပဲ ဖြစ်ပါတယ်။
” အခြေ အမြစ် မရှိတဲ့ page နဲ့ websiteမှာ ပိုင်ဖြိုးသု ကပြောကြားလာပါတယ် ဆိုပြီးတင်ထားတဲ့ သတင်းတွေ့လိုက်လို့ပါ….သူရေးထားတာ ကလည်းတကယ်ကိုယုံလောက်စရာ အကွက်ကျကျ ဇာတ်လမ်းဆင် ရေးထားတာပါ…အခုဒီမှာအဲဒီ့ interview ရဲ့ link ကို မထည့်ပေးဘူးဆိုတာ ကျွန်မထည့်ပေးလိုက်မှအဲဒီ့ page အခုထက် reach ကောင်းသွားမှာ စိုးလို့ပါ….(လက်ရှိတောင်သူ့ postက share 5.7K )ရည်ရွယ်ချက် ရှိရှိ နဲ့ကို ထင်ယောင်ထင်မှားဖြစ်စေမယ့်ခေါင်းစဉ်တပ် ရေးထားတာပါ…
အဲဒီ့post အောက်မှာ ဝိုင်းဝန်း စွပ်စွဲပြောဆိုထားသူ များကိုလည်း မေးချင်လို့ပါရှင်…ကျွန်မတို့ လင်မယားက ဒလန်တွေ ဆိုရင် ဝရမ်း ထုတ်ခံရပါ့မလား??? ကျွန်မတို့သာ အမှန်တရားဘက်က မရပ်တည်ချင်ရင် အသာလေးရေ လိုက်ငါးလိုက် ရေသာခိုနေ ကြမှာပေါ့ရှင်…(အဲ့သလို နေနေကြသူတွေလည်းရှိနေတာပဲ)အများ စိတ်ဆင်းရဲနေ ရချိန်မှာ ကိုယ့်ဒုက္ခတွေ မဝေမျှချင်ပေမယ့် ဒီတစ်ခုတော့ အတိအကျကျွန်မပြောပါရစေ…ကျွန်မပိုင်ဖြိုးသု သည် မည်သည့်အသွင်ပြောင်း mediaအတု pageအတုကိုမျှ interviewဖြေကြားထားခြင်း မရှိပါ…အရေးတော်ပုံကြီးအောင်မှ ဝရမ်းပြေးဘဝ အတွေ့ကြုံများဆိုပြီး တစ်ရက် သက်သက်ပြောပြရဦးမယ်….” ဆိုပြီး လက်ရှိ ပြန့်နှံ့နေတဲ့ ကောလ ဟာလ သတင်းအတု တွေနဲ့ပတ်သတ်ပြီး ပြန်လည် ဖြေရှင်းလာတာ ကြောင့် ပရိသတ်တွေ လည်း သိရှိစေရန်အတွက် တစ်ဆင့် ပြန်လည် ကူးယူ တင်ဆက်ပေးလိုက် ရပါတယ်နော်။
Source and Photo Crd-Paing Phyoe Thu’s Facebook Account