ခ်ိဳသာတဲ့ အျပဳံးေတြကို ပိုင္ဆိုင္ ထားတဲ့ မင္းသားေခ်ာ ပိုင္တံခြန္ ကေတာ့ ျပည္တြင္းမွာ သာမက ျပည္ပ နိုင္ငံေတြထိ ထိုးေဖာက္ ေအာင္ျမင္ေနသူ တစ္ေယာက္ပဲ ျဖစ္ပါတယ္။ ပိုင္တံခြန္က နယ္ၿမိဳ႕ ေလးတစ္ၿမိဳ႕ ကေန ရန္ကုန္မွာ အႏုပညာ အလုပ္ေတြကို လုပ္ကိုင္ေနတာ ၾကာၿပီဆို ေပမယ့္ ၿပီးခဲ့တဲ့ (၂၀၁၉) ခုႏွစ္မွာေတာ့ သူ႔ရဲ့ ဆန္းအတက္ဆုံး အခ်ိန္ကိုေရာက္ ရွိလာခဲ့ၿပီး ျပည္ပနိုင္ငံ က ပရိသတ္ေတြ သတိထားမိ ၾကတဲ့အထိ အႀကီးအက်ယ္ ေအာင္ျမင္ လာတာပဲ ျဖစ္ပါတယ္။ ပိုင္တံခြန္ ကေတာ့ အခုဆိုရင္ တစ္နိုင္ငံလုံး အတိုင္းအတာ နဲ႔ ေအာင္ျမင္ေန ၿပီဆိုေပမယ့္ ဂုဏ္ပကာသန ေမာက္မာ ျခင္းမရွိပဲ သူ႔ရဲ့ ပင္ကိုယ္ ပုံစံေလးအတိုင္း ေအးေအး ေဆးေဆး ေလးသာ ေနထိုင္ တတ္တာပဲ ျဖစ္ပါတယ္။

ပရိသတ္ေတြ ေၾကာင့္ ေအာင္ျမင္တဲ့ ေနရာကို ေရာက္ရွိ လာသူပီပီ ပိုင္တံခြန္ က သူ႔ရဲ့ ပရိသတ္ တစ္ဦးတစ္ေယာက္ခ်င္း စီတိုင္းကို ေလးစား စြာ ဆက္ဆံ တတ္သူတစ္ေယာက္ ျဖစ္ပါတယ္။ ဒီတစ္ေခါက္ မွာလည္း ပိုင္တံခြန္က အမွတ္တ ရ လက္မွတ္ လိုခ်င္တဲ့ ပရိသတ္ကို ကားရပ္ၿပီး စိတ္ရွည္ ပ်ဴငွာ စြာနဲ႔ တေလးတစားဆက္ဆံ ခဲ့တာကို အခုလိုပဲ ဗီဒီယိုေလး နဲ႔ တကြ ေတြ႕ျမင္ ရပါတယ္။

ပိုင္တံခြန္ ကေတာ့ သူ႔ရဲ့ ေအာင္ၿမ င္ျခင္း အဓိက ေသာ့ခ်က္ က ပရိသတ္ေတြ အေပၚ ေလးစားစြာ ဆက္ဆံ တတ္မႈေၾကာင့္ဆိုတာ သံသယ ရွိဖြယ္မရွိပါဘူး။ ပရိသတ္ႀကီးလည္း ပိုင္တံခြန္ ရဲ့ အျပဳအမူေလးကို ၾကည့္ၿပီး ပိုင္တံခြန္ကို ေလးစားၿပီးရင္း ေလးစား ခ်စ္ၿပီးရင္း ခ်စ္ေနၾကမွာ ေသခ်ာပါတယ္။ ဖတ္ရႈ ေပးၾကတဲ့ Cele Connections ပရိသတ္ႀကီး အားလုံးလည္း သာယာ ေပ်ာ္ရႊင္တဲ့ ေန႔ေလး တစ္ေန႔ကို ပိုင္ဆိုင္ နိုင္ၾကပါေစ လို႔ ဆုေတာင္းေပးလိုက္ ပါတယ္ေနာ္။

Source: Paing Takhon’s fb
Bilie – Cele Connections

UNICODE

ချိုသာတဲ့ အပြုံးတွေကို ပိုင်ဆိုင် ထားတဲ့ မင်းသားချော ပိုင်တံခွန် ကတော့ ပြည်တွင်းမှာ သာမက ပြည်ပ နိုင်ငံတွေထိ ထိုးဖောက် အောင်မြင်နေသူ တစ်ယောက်ပဲ ဖြစ်ပါတယ်။ ပိုင်တံခွန်က နယ်မြို့ လေးတစ်မြို့ ကနေ ရန်ကုန်မှာ အနုပညာ အလုပ်တွေကို လုပ်ကိုင်နေတာ ကြာပြီဆို ပေမယ့် ပြီးခဲ့တဲ့ (၂၀၁၉) ခုနှစ်မှာတော့ သူ့ရဲ့ ဆန်းအတက်ဆုံး အချိန်ကိုရောက် ရှိလာခဲ့ပြီး ပြည်ပနိုင်ငံ က ပရိသတ်တွေ သတိထားမိ ကြတဲ့အထိ အကြီးအကျယ် အောင်မြင် လာတာပဲ ဖြစ်ပါတယ်။ ပိုင်တံခွန် ကတော့ အခုဆိုရင် တစ်နိုင်ငံလုံး အတိုင်းအတာ နဲ့ အောင်မြင်နေ ပြီဆိုပေမယ့် ဂုဏ်ပကာသန မောက်မာ ခြင်းမရှိပဲ သူ့ရဲ့ ပင်ကိုယ် ပုံစံလေးအတိုင်း အေးအေး ဆေးဆေး လေးသာ နေထိုင် တတ်တာပဲ ဖြစ်ပါတယ်။

ပရိသတ်တွေ ကြောင့် အောင်မြင်တဲ့ နေရာကို ရောက်ရှိ လာသူပီပီ ပိုင်တံခွန် က သူ့ရဲ့ ပရိသတ် တစ်ဦးတစ်ယောက်ချင်း စီတိုင်းကို လေးစား စွာ ဆက်ဆံ တတ်သူတစ်ယောက် ဖြစ်ပါတယ်။ ဒီတစ်ခေါက် မှာလည်း ပိုင်တံခွန်က အမှတ်တ ရ လက်မှတ် လိုချင်တဲ့ ပရိသတ်ကို ကားရပ်ပြီး စိတ်ရှည် ပျူငှာ စွာနဲ့ တလေးတစားဆက်ဆံ ခဲ့တာကို အခုလိုပဲ ဗီဒီယိုလေး နဲ့ တကွ တွေ့မြင် ရပါတယ်။

ပိုင်တံခွန် ကတော့ သူ့ရဲ့ အောင်မြ င်ခြင်း အဓိက သော့ချက် က ပရိသတ်တွေ အပေါ် လေးစားစွာ ဆက်ဆံ တတ်မှုကြောင့်ဆိုတာ သံသယ ရှိဖွယ်မရှိပါဘူး။ ပရိသတ်ကြီးလည်း ပိုင်တံခွန် ရဲ့ အပြုအမူလေးကို ကြည့်ပြီး ပိုင်တံခွန်ကို လေးစားပြီးရင်း လေးစား ချစ်ပြီးရင်း ချစ်နေကြမှာ သေချာပါတယ်။ ဖတ်ရှု ပေးကြတဲ့ Cele Connections ပရိသတ်ကြီး အားလုံးလည်း သာယာ ပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင် နိုင်ကြပါစေ လို့ ဆုတောင်းပေးလိုက် ပါတယ်နော်။

Source: Paing Takhon’s fb
Bilie – Cele Connections