ပရိတ်သတ်ကြီးရေ…..ဇာတ်ဝင်ခန်းတိုင်း မှာ ပီပြင်တဲ့ သရုပ်ဆောင်မှုတွေ နဲ့ အတူ ဖြူစင်ရိုးသားတဲ့ စိတ်ဓာတ်လေး တွေကြောင့် အချစ်တွေပို နေရတာကတော့ သရုပ်ဆောင်စည်ဖြိုး ပဲဖြစ်ပါတယ်။သူသရုပ်ဆောင်တဲ့ ဇာတ်ကားတိုင်းကလည်း ပရိသတ်တွေကို ခံစားမှု ရသတွေပေး နိုင်တာကြောင့်ချစ်နေရတာပါ။ ဆင်းရဲ ချမ်းသာမရွေး မာနမထားပဲ ကူညီတက်တဲ့ စိတ်ဓာတ် လေးတွေကြောင့် အနုပညာရှင် အချင်းချင်းကပါ ချစ်ခင်ပေးနေတာပါ။
သူကတော့လက်ရှိအချိန်မှာ ချစ်စရာကောင်းတဲ့ သမီးလေးနဲ့ အတူပျော်ရွှင်စရာ မိသားစုလေးကို ပိုင်ဆိုင် ထားတာပါ။ချစ်ဇနီးလေး ခင်လွှမ်းကလည်း ပရိသတ် အချစ်တော် တစ်ယောက်ဖြစ်တာကြောင့် သူတို့မိသားစုလေးကို ချစ်ပေးရတဲ့သူတွေ နဲ့ ပြည့်နေတာပါ။မြေးဦးလေးဖြစ်တဲ့စည်ဖြိုးရဲ့သမီးလေးကို အဖွားဖြစ်သူကလည်းသဲသဲလှုပ်ချစ်နေရတာပဲဖြစ်ပါတယ်နော်.။ကွယ်လွန်သွားပြီဖြစ်တဲ့ စည်ဖြိုး ရဲ့ အဒေါ်ဖြစ်သူဗေဒင်ဆရာမကြီး ET ကလည်း စည်ဖြိုးရဲ့သမီးလေးကိုဝင်စားတယ်ဆိုပြီး သမီးလေးမမွေးခင်က အရိပ်လက္ခဏာတွေ နဲ့ အိမ်မက်တွေပေးခဲ့ တယ်လို့လည်းသိရပါတယ်နော်။
ဒီနေ့မှာဆိုရင်လည်း စည်ဖြိုးက သမီးလေးShandra ရဲ့ထူးခြားတဲ့အပြုအမူလေးတစ်ခုကို ပြောပြလာတာပဲဖြစ်ပါတယ်နော်။ဒါကတော့ သမီးလေးကသူ့လက်ကလေးကို ဖြန့်ဖြန့်ကြည့်ပြိီးပြုံးနေတာတွေ့ရလို့အံ့သြနေတဲ့ အကြောင်းကို အခုလိုပဲပြောပြလာတာဖြစ်ပါတယ်နော်။”အမြဲ သူ့ လက်ဖဝါးသူတစိမ့်စိမ့် လက္ခဏာကြည့်တယ် ပြုံးတယ် ဘာသဘောပါလဲ နော် … ချစ်စရာ..🥰” ဆိုပြီးသမီးလေးပုံလေး နဲ့ တကွပြသလာခဲ့တာပဲဖြစ်ပါတယ်နော်။ သမီးလေးShandraရဲ့ဒီလိုအပြုအမူလေးတွေအပေါ်ပရိတ်သတ်ကြီး ရဲ့ အထင်ကိုလည်းပြောပြခဲ့ပါအုံးနော်။ဖတ်ရှုပေးတဲ့ပရိတ်သတ်ကြီးလည်းသာယာပျော်ရွှင်ဖွယ်ကောင်းတဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေ။
Credit….. celebrities Platforms
ZAWGYI