ချစ်လှစွာော ပရိသတ်ကြီးရေ ခွင့်လွှတ်ပေးဖို့ တောင်းပန်ချင် သီချင်းနဲ့ ပရိတ်သတ်ရင်ထဲကို ရောက်ရှိလာတာကတော့ အဆိုတော်ချယ်ရီသင်းပဲဖြစ်ပါတယ်။ သီချင်းသံစဉ်အေးအေးလေး အသံချိုချိုလေးနဲ့သီချင်းများစွာ ကိုသီဆိုတက်ပြီး ပရိတ်သတ်အချစ်ကိုရရှိခဲ့တာပဲဖြစ်ပါတယ်။ မနေ့ကဇူလိုင် (၁၅) ရက်နေ့မှာ ချယ်ရီသင်းကမင်းသားချောပိုင်တံခွန်နဲ့အတူ သီချင်းအသစ်တစ်ပုဒ်ထွက်ရှိခဲ့တာပဲဖြစ်ပါတယ်..။
သီချင်းလေးကတော့ အသဲကွဲသီချင်းလေးတစ်ပုဒ်ဖြစ်ပြီး တစ်ပုဒ်ဆိုဆို သလောက် လူငယ်ပရိသတ်တွေရဲ့ ပါးစပ်ဖျားမှာ ရေဗန်းစားပြီး ပေါက်တဲ့ သီချင်းတွေကို ဖန်တီးနိုင်တဲ့ ချယ်ရီသင်းရဲ့ ထုံးစံအတိုင်း သီချင်းလေးကတော့ တကယ်ကို သီချင်းကောင်းလေးတစ်ပုဒ် ပဲဖြစ်ခဲ့ပါတယ်။ သီချင်းလေးကသာမက သီချင်းလေးရဲ့ MTV ပိုင်းမှာလည်း မင်းသားချောပိုင်တံခွန်နဲ့ တွဲဖက်ရိုက်ကူးထားခဲ့တာပဲဖြစ်ပါတယ်..။
သီချင်းလေးကသာမက သရုပ်ဆောင်ပိုင်းကလည်း လိုအပ်ချက်မရှိ ပြည့်စုံနေခဲ့တဲ့အတွက် ဒီသီချင်းလေးက ပရိသတ်တွေကြားမှာ ရေဗန်းစားနေခဲ့ပါသေးတယ်။ ပရိသတ်ကြီးတွေထဲက သီချင်းလေးကို ကြည့်ရှု့ခံစားနားမထောင်ရသေးတဲ့ ပရိသတ်တွေ အတွက် ပြန်လည်မျှဝေဖော်ပြပေးလိုက်ပါတယ်နော်။ဖတ်ရှူ့ပေးကြတဲ့ပရိတ်သတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစလေို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။
Credit– CeleZone
zawgyi
Credit– CeleZone