အဆိုေတာ္ ရွိုင္းကေတာ့ ရခိုင္လူမ်ိဳး ျဖစ္ၿပီး သူ႔ရဲ့ ေမြးရပ္ေၿမ အတြက္ လိုအပ္တဲ့ေနရာတိုင္းကို အျမဲကူညီ ေဆာင္ရြက္ေပးေနသူ တစ္ဦးပဲ ျဖစ္ပါတယ္။ ရခိုင္ျပည္နယ္ ေျမာက္ဦးၿမိဳ႕နယ္မွာရွိတဲ့ တိမ္ညိဳ စစ္ေဘးေရွာင္စခန္းက မီးေဘးသင့္ခံခဲ့ရတဲ့ ျပည္သူမ်ားအတြက္လည္း ေကာက္ခံရရွိထားတဲ့ စုေပါင္းအလႉေငြမ်ားအား သြားေရာက္လႉဒါန္းေပးခဲ့ တာကိုလည္း ၾကည္ႏူးဖြယ္ ျမင္ေတြ႕ခဲ့ၾကရမွာပါ။

ဒါ့အျပင္ ျမန္မာနိုင္ငံတြင္ လက္ရွိ ျဖစ္ေပၚေနတဲ့ လူထုလႈပ္ရွားမႈေတြမွာလည္း ေရွ႕ဆုံးကေန တက္ႂကြစြာ ပါဝင္ခဲ့သူတစ္ဦးပါ။ အေရးၾကဳံတဲ့ အခါတိုင္း ျပည္သူေတြနဲ႔အတူ တစ္ေသြးတည္း တစ္သားတည္း ရပ္တည္ ေပးခဲ့တဲ့ ရွိုင္းကို အားလုံးက ခ်ီးက်ဴးဂုဏ္ယူေနၾကတာပါ။ သူ႔ရဲ့ လႈပ္ရွားမႈတိုင္းကို အျမဲတင္ေပးေလ့ရွိေသာ္လည္း လတ္တေလာတြင္ ဘာအေၾကာင္းမွ ေဝမၽွျခင္းမရွိ တာေၾကာင့္ ပရိသတ္ေတြက စိုးရိမ္ေနၾကတာပါ။သူ႔ကို စိတ္ပူေပးေနၾကတဲ့ ပရိသတ္ေတြအတြက္ မေန႔ညက ရွိုင္းရဲ့ လူမႈကြန္ယက္စာမ်က္ႏွာတြင္ လတ္တေလာ ေပ်ာက္ကြယ္ေနရတဲ့ အေၾကာင္းရင္းကို ရွင္းျပလာတာပါ။

” ကၽြန္ေတာ္ ရွိပါတယ္ . . . ဘာမွမျဖစ္ေသးပါဘူး . . .ေပ်ာက္သြားတာလည္း မဟုတ္သလို . . . ဘာမွဆက္မ run ျဖစ္ေတာ့တာလည္း မဟုတ္ပါဘူး . . . တစ္ခ်ိဳ႕လုပ္စရာေလးေတြက public နဲ႔လုပ္ျပမွ အဆင္ေျပသလို . . . တစ္ခ်ိဳ႕လုပ္စရာေတြက public နဲ႔ အဆင္မေျပလို႔သာ ခဏေပ်ာက္ေနျခင္းျဖစ္ပါတယ္ . . . ဘယ္လိုပုံစံနဲ႔ပဲလုပ္လုပ္ အေရးေတာ္ပုံေအာင္ျမင္ဖို႔သာ အဓိကမို႔ ကၽြန္ေတာ္ နဲ႔ ပတ္သက္ၿပီး ကၽြန္ေတာ့္ ” PERFECTOR ” ေတြစိတ္မပူၾကဖို႔ပဲ မွာထားလိုပါတယ္ . . .Emergency တစ္ခုခုဆို ကၽြန္ေတာ္ယုံၾကည္ရတဲ့ ကၽြန္ေတာ့္ မိတ္ေဆြေတြကဆီက သတင္းၾကားရပါလိမ့္မယ္ . . . အေရးေတာ္ပုံအတြက္ ဆက္လက္တိုက္ပြဲဝင္လ်က္ပါ . . .အာဏာရွင္မွန္သမၽွ မုခ်က်ရႈံးေစရမည္ . . အေရးေတာ္ပုံ ေအာင္ရမည္ . . .#We_Need_Justice #We_want_democracy#SaveMyammar” ဆိုၿပီး ေရးသားထားတာပဲ ျဖစ္ၿပီး ပရိသတ္ေတြအတြက္ ဒီသတင္းကို တစ္ဆင့္ျပန္လည္ ကူးယူတင္ဆက္ေပးလိုက္ရပါတယ္ေနာ္။

Source and Photo Crd-Shine’s Facebook Page

unicode

အဆိုတော် ရှိုင်းကတော့ ရခိုင်လူမျိုး ဖြစ်ပြီး သူ့ရဲ့ မွေးရပ်မြေ အတွက် လိုအပ်တဲ့နေရာတိုင်းကို အမြဲကူညီ ဆောင်ရွက်ပေးနေသူ တစ်ဦးပဲ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်မှာရှိတဲ့ တိမ်ညို စစ်ဘေးရှောင်စခန်းက မီးဘေးသင့်ခံခဲ့ရတဲ့ ပြည်သူများအတွက်လည်း ကောက်ခံရရှိထားတဲ့ စုပေါင်းအလှူငွေများအား သွားရောက်လှူဒါန်းပေးခဲ့ တာကိုလည်း ကြည်နူးဖွယ် မြင်တွေ့ခဲ့ကြရမှာပါ။

ဒါ့အပြင် မြန်မာနိုင်ငံတွင် လက်ရှိ ဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုတွေမှာလည်း ရှေ့ဆုံးကနေ တက်ကြွစွာ ပါဝင်ခဲ့သူတစ်ဦးပါ။ အရေးကြုံတဲ့ အခါတိုင်း ပြည်သူတွေနဲ့အတူ တစ်သွေးတည်း တစ်သားတည်း ရပ်တည် ပေးခဲ့တဲ့ ရှိုင်းကို အားလုံးက ချီးကျူးဂုဏ်ယူနေကြတာပါ။ သူ့ရဲ့ လှုပ်ရှားမှုတိုင်းကို အမြဲတင်ပေးလေ့ရှိသော်လည်း လတ်တလောတွင် ဘာအကြောင်းမှ ဝေမျှခြင်းမရှိ တာကြောင့် ပရိသတ်တွေက စိုးရိမ်နေကြတာပါ။သူ့ကို စိတ်ပူပေးနေကြတဲ့ ပရိသတ်တွေအတွက် မနေ့ညက ရှိုင်းရဲ့ လူမှုကွန်ယက်စာမျက်နှာတွင် လတ်တလော ပျောက်ကွယ်နေရတဲ့ အကြောင်းရင်းကို ရှင်းပြလာတာပါ။

” ကျွန်တော် ရှိပါတယ် . . . ဘာမှမဖြစ်သေးပါဘူး . . .ပျောက်သွားတာလည်း မဟုတ်သလို . . . ဘာမှဆက်မ run ဖြစ်တော့တာလည်း မဟုတ်ပါဘူး . . . တစ်ချို့လုပ်စရာလေးတွေက public နဲ့လုပ်ပြမှ အဆင်ပြေသလို . . . တစ်ချို့လုပ်စရာတွေက public နဲ့ အဆင်မပြေလို့သာ ခဏပျောက်နေခြင်းဖြစ်ပါတယ် . . . ဘယ်လိုပုံစံနဲ့ပဲလုပ်လုပ် အရေးတော်ပုံအောင်မြင်ဖို့သာ အဓိကမို့ ကျွန်တော် နဲ့ ပတ်သက်ပြီး ကျွန်တော့် ” PERFECTOR ” တွေစိတ်မပူကြဖို့ပဲ မှာထားလိုပါတယ် . . .Emergency တစ်ခုခုဆို ကျွန်တော်ယုံကြည်ရတဲ့ ကျွန်တော့် မိတ်ဆွေတွေကဆီက သတင်းကြားရပါလိမ့်မယ် . . . အရေးတော်ပုံအတွက် ဆက်လက်တိုက်ပွဲဝင်လျက်ပါ . . .အာဏာရှင်မှန်သမျှ မုချကျရှုံးစေရမည် . . အရေးတော်ပုံ အောင်ရမည် . . .#We_Need_Justice #We_want_democracy #SaveMyammar” ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပြီး ပရိသတ်တွေအတွက် ဒီသတင်းကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက်ရပါတယ်နော်။

Source and Photo Crd-Shine’s Facebook Page