ပရိသတ်ကြီးရေ ဒီဇင်ဘာ ၁၀ ရက်နေ့ဟာ မြန်မာပြည်သူ တစ်ရပ်လုံး တိတ်ဆိတ် ငြိမ်သက်ခြင်းနဲ့ အင်အားပြ လိုက်တဲ့ နေ့တစ်နေ့ပဲ ဖြစ်ပါတယ်။ စည်းလုံးခြင်းခွန်အားတွေနဲ့ ပြည့်နှက်နေတဲ့ ဒီနေ့မှာ အချိန်ကိုက် ထွက်ရှိလာတာက တော်လှန် အနုပညာရှင် နှစ်ယောက်ဖြစ်တဲ့ လင်းလင်းနဲ့ R ဇာနည်ရဲ့ “နောက်ဆုံးဖြစ်ရမယ်” ဆိုတဲ့ သီချင်းအသစ် လေး ဖြစ်ပါတယ်။

ဒီသီချင်းလေး ကို လင်းလင်းက ရေးဖွဲ့ပြီး R ဇာနည်နဲ့ လင်းလင်း နှစ်ယောက် တွဲဖက်သီဆို ထားပါတယ်။ R ဇာနည်က လင်းလင်း ဆီ သီချင်းအပ်နေကျပေမဲ့ တစ်ခါမှ တွဲဖက်မဆိုဖူးတာမို့ ဒီသီချင်းက အမှတ်တရ ပါပဲလို့ ဆိုထားပါတယ်။ဒီသီချင်းလေးကိုတော့ WE CLICK 4 MM youtube ချန်နယ်မှာ နားဆင်ရင်း 1M viewer ပြည့်အောင် အားဖြည့် ပေးနိုင်ပါတယ်။

ကြက်သီးထစရာ ကောင်းအောင် သံစဉ်ရော စာသားပါ မိမိုက်နေပါတယ်။ Music video မှာလည်း မှိုင်းရာပြည့်၊ ဦးသန့်အရေးအခင်း၊ ၈၈၊ ရွှေဝါရောင်ကစလို့ ၂၀၂၁ အာဏာသိမ်းမှုဖြစ်စဉ်အပြီး ပြည်သူလူထုရဲ့ ပုံရိပ်တွေကို ဖော်ပြထားတဲ့အတွက် ဆွေးမြေ့ကြေကွဲဖွယ် ကောင်းသလို ခွန်အားတွေ စီးဆင်းစေဦးမယ့် သီချင်းလေးပါပဲ။

Credit……

ZAWGYI

ပရိသတ္ႀကီးေရ ဒီဇင္ဘာ ၁၀ ရက္ေန႔ဟာ ျမန္မာျပည္သူ တစ္ရပ္လုံး တိတ္ဆိတ္ ၿငိမ္သက္ျခင္းနဲ႔ အင္အားၿပ လိုက္တဲ့ ေန႔တစ္ေန႔ပဲ ျဖစ္ပါတယ္။ စည္းလုံးျခင္းခြန္အားေတြနဲ႔ ျပည့္ႏွက္ေနတဲ့ ဒီေန႔မွာ အခ်ိန္ကိုက္ ထြက္ရွိလာတာက ေတာ္လွန္ အႏုပညာရွင္ ႏွစ္ေယာက္ျဖစ္တဲ့ လင္းလင္းနဲ႔ R ဇာနည္ရဲ့ “ေနာက္ဆုံးျဖစ္ရမယ္” ဆိုတဲ့ သီခ်င္းအသစ္ ေလး ျဖစ္ပါတယ္။

ဒီသီခ်င္းေလး ကို လင္းလင္းက ေရးဖြဲ႕ၿပီး R ဇာနည္နဲ႔ လင္းလင္း ႏွစ္ေယာက္ တြဲဖက္သီဆို ထားပါတယ္။ R ဇာနည္က လင္းလင္း ဆီ သီခ်င္းအပ္ေနက်ေပမဲ့ တစ္ခါမွ တြဲဖက္မဆိုဖူးတာမို႔ ဒီသီခ်င္းက အမွတ္တရ ပါပဲလို႔ ဆိုထားပါတယ္။ဒီသီခ်င္းေလးကိုေတာ့ WE CLICK 4 MM youtube ခ်န္နယ္မွာ နားဆင္ရင္း 1M viewer ျပည့္ေအာင္ အားျဖည့္ ေပးနိုင္ပါတယ္။

ၾကက္သီးထစရာ ေကာင္းေအာင္ သံစဥ္ေရာ စာသားပါ မိမိုက္ေနပါတယ္။ Music video မွာလည္း မွိုင္းရာျပည့္၊ ဦးသန႔္အေရးအခင္း၊ ၈၈၊ ေရႊဝါေရာင္ကစလို႔ ၂၀၂၁ အာဏာသိမ္းမႈျဖစ္စဥ္အၿပီး ျပည္သူလူထုရဲ့ ပုံရိပ္ေတြကို ေဖာ္ျပထားတဲ့အတြက္ ေဆြးေျမ့ေၾကကြဲဖြယ္ ေကာင္းသလို ခြန္အားေတြ စီးဆင္းေစဦးမယ့္ သီခ်င္းေလးပါပဲ။

Credit……