မင္းသမီးေခ်ာေလး သဇင္ထူးျမင့္ ကေတာ့ အကယ္ဒမီေရႊႀကိဳအ ျဖစ္ စတင္ လုပ္ကိုင္ ခဲ့ၿပီးေနာက္ပိုင္းမွာ အႏုပညာ အလုပ္ေတြကို ဆက္တိုက္ လုပ္ကိုင္ လာရတာပဲ ျဖစ္ပါတယ္ ။ ေဖေဖခင္လွိုင့္ ဆီကေန အႏုပညာေသြးအျပည့္ ပါလာခဲ့တဲ့ သဇင္ထူးျမင့္က အရည္အခ်င္းရွိၿပီး အလုပ္လုပ္ တဲ့ေနရာ မွာ တကယ့္ ကိုေတာ္သူေလး တစ္ေယာက္ ပါပဲေနာ္။ သဇင္ထူးျမင့္ က သီခ်င္းဗီဒီယို ေတြနဲ႔ ဇာတ္လမ္းတြဲေတြမွာ ပါဝင္ သ႐ုပ္ေဆာင္ ခဲ့ရသလို ေၾကာ္ျငာနဲ႔ Photo Shooting ေတြလည္း မနားတမ္း ရိုက္ကူး ေနရတာ ျဖစ္ပါတယ္ ။

လက္ရွိမွာေတာ့ သဇင္ထူးျမင့္ က Double Dating ဆိုတဲ့အစီအစဥ္ေလး မွာ သိန္းလင္းစိုး၊ ေအာင္မင္းခန႔္၊ စည္သူဝင္း၊ ယြန္းယြန္း တို႔နဲ႔အတူ ပါဝင္ ရိုက္ကူးေန ရတာ ျဖစ္ပါတယ္ ။ သဇင္ထူးျမင့္နဲ႔ ယြန္းယြန္း တို႔က ငယ္ငယ္က တည္းက ရင္းႏွီး ခဲ့ၾကသလို အႏုပညာအလုပ္ ေတြလုပ္ကိုင္ ရင္းနဲ႔ တကယ့္ညီအစ္မအရင္း ေတြပမာ ခ်စ္ခင္သြား ၾကတာလည္း ျဖစ္ပါတယ္ ။ ဒီေန႔မွာေတာ့ သဇင္ထူးျမင့္က Double Dating အဖြဲ႕သားေတြနဲ႔အတူ Live လႊင့္ၿပီး ဂိမ္းေတြေပ်ာ္ေပ်ာ္ပါးပါး ကစားျပခဲ့တာ ျဖစ္ပါတယ္။

ရႈံးတဲ့သူခိုင္းတာလုပ္ေၾကးကစားတဲ့အခါမွာေတာ့ သဇင္ထူး ျမင့္တို႔အဖြဲ႕ေလးက ပရိသတ္ေတြ ေတာင္းဆိုတဲ့ အတိုင္း လုပ္ျပခဲ့ရတာ ျဖစ္ပါတယ္ ။ စည္သူဝင္းနဲ႔ သဇင္ထူးၿမ င္တို႔က တစ္ေယာက္လက္ ကိုတစ္ေယာက္ အျပန္အလွန္ကိုင္ၿပီး ခ်စ္တယ္ေျပာခဲ့ရသလို ေအာင္မင္းခန္႔ ကလည္း ယြန္းယြန္း ကို (၅)စကၠန္႔တိတိ ဖက္ျပခဲ့ရ တာလည္း ျဖစ္ပါတယ္။ ကဲ အရမ္းရယ္ရ သလို ေပ်ာ္စရာလည္းေကာင္းတဲ့ သဇင္ထူးျမင့္တို႔ အဖြဲ႕ေလးရဲ့ Live ဗီဒီယိုကို ခ်စ္ပရိသတ္ေတြအတြက္ ျပန္လည္မၽွေဝေပးလိုက္ပါ တယ္ေနာ္ ။

Source & Video Credit-Thazin Htoo Myint’s FB Acc

UNICODE

မင်းသမီးချောလေး သဇင်ထူးမြင့် ကတော့ အကယ်ဒမီရွှေကြိုအ ဖြစ် စတင် လုပ်ကိုင် ခဲ့ပြီးနောက်ပိုင်းမှာ အနုပညာ အလုပ်တွေကို ဆက်တိုက် လုပ်ကိုင် လာရတာပဲ ဖြစ်ပါတယ် ။ ဖေဖေခင်လှိုင့် ဆီကနေ အနုပညာသွေးအပြည့် ပါလာခဲ့တဲ့ သဇင်ထူးမြင့်က အရည်အချင်းရှိပြီး အလုပ်လုပ် တဲ့နေရာ မှာ တကယ့် ကိုတော်သူလေး တစ်ယောက် ပါပဲနော်။ သဇင်ထူးမြင့် က သီချင်းဗီဒီယို တွေနဲ့ ဇာတ်လမ်းတွဲတွေမှာ ပါဝင် သရုပ်ဆောင် ခဲ့ရသလို ကြော်ငြာနဲ့ Photo Shooting တွေလည်း မနားတမ်း ရိုက်ကူး နေရတာ ဖြစ်ပါတယ် ။

လက်ရှိမှာတော့ သဇင်ထူးမြင့် က Double Dating ဆိုတဲ့အစီအစဉ်လေး မှာ သိန်းလင်းစိုး၊ အောင်မင်းခန့်၊ စည်သူဝင်း၊ ယွန်းယွန်း တို့နဲ့အတူ ပါဝင် ရိုက်ကူးနေ ရတာ ဖြစ်ပါတယ် ။ သဇင်ထူးမြင့်နဲ့ ယွန်းယွန်း တို့က ငယ်ငယ်က တည်းက ရင်းနှီး ခဲ့ကြသလို အနုပညာအလုပ် တွေလုပ်ကိုင် ရင်းနဲ့ တကယ့်ညီအစ်မအရင်း တွေပမာ ချစ်ခင်သွား ကြတာလည်း ဖြစ်ပါတယ် ။ ဒီနေ့မှာတော့ သဇင်ထူးမြင့်က Double Dating အဖွဲ့သားတွေနဲ့အတူ Live လွှင့်ပြီး ဂိမ်းတွေပျော်ပျော်ပါးပါး ကစားပြခဲ့တာ ဖြစ်ပါတယ်။

ရှုံးတဲ့သူခိုင်းတာလုပ်ကြေးကစားတဲ့အခါမှာတော့ သဇင်ထူး မြင့်တို့အဖွဲ့လေးက ပရိသတ်တွေ တောင်းဆိုတဲ့ အတိုင်း လုပ်ပြခဲ့ရတာ ဖြစ်ပါတယ် ။ စည်သူဝင်းနဲ့ သဇင်ထူးမြ င်တို့က တစ်ယောက်လက် ကိုတစ်ယောက် အပြန်အလှန်ကိုင်ပြီး ချစ်တယ်ပြောခဲ့ရသလို အောင်မင်းခန့် ကလည်း ယွန်းယွန်း ကို (၅)စက္ကန့်တိတိ ဖက်ပြခဲ့ရ တာလည်း ဖြစ်ပါတယ်။ ကဲ အရမ်းရယ်ရ သလို ပျော်စရာလည်းကောင်းတဲ့ သဇင်ထူးမြင့်တို့ အဖွဲ့လေးရဲ့ Live ဗီဒီယိုကို ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါ တယ်နော် ။

Source & Video Credit-Thazin Htoo Myint’s FB Acc