ၿပီးခဲ့တဲ့ မတ္လ (၁၄) ရက္ေန႔နဲ႔ (၁၅) ရက္ေန႔မွာေတာ့ ရန္ကုန္ၿမိဳ႕ရွိ ေနရာ ာင္ခန္႔ျငားဟိန္းကေတာ့ အသက္ (၁၇) ႏွစ္သာရွိေသးတဲ့ လူငယ္တစ္ဦးပဲ ျဖစ္ပါတယ္ ။ ေဆးတကၠသိုလ္ (၁) Foundation Year မွာ တက္ေရာက္ ပညာသင္ၾကားေနတဲ့ ေဆးေက်ာင္းသားတစ္ဦးလည္ းျဖစ္တဲ့ ေမာင္ခန္႔ျငားဟိန္းက မတ္လ (၁၄)ရက္ေန႔မွာပဲ ေႂကြလြင့္ခဲ့ရတာ ျဖစ္ပါတယ္ ။

တိုင္းျပည္ရဲ့အနာဂတ္ၾကယ္ပြင့္ ျဖစ္တဲ့ ဆရာဝန္ေလာင္းတစ္ေယာက္ကို ဆုံးရႈံးလိုက္ ရတာေၾကာင့္ ျပည္သူေတြအေနနဲ႔ အရမ္းကို စိတ္မေကာင္းျဖစ္ေနရတာပဲ ျဖစ္ပါတယ္ ။ အခုလည္း ျပည္သူတစ္ေယာက္က ေမာင္ခန္႔ျငားဟိန္းရဲ့မိခင္နဲ႔ ေတြ႕ဆုံခဲ့ၿပီး သူမေျပာျပခဲ့တဲ့စကားေတြကို အားလုံးသိရေအာင္ ျပန္လည္မၽွေဝေပးခဲ့တာ ျဖစ္ပါတယ္ ။ မိခင္ျဖစ္သူရဲ့ေျပာၿပ ခ်က္အရ ေမာင္ခန္႔ျငားဟိန္းက သူပါရဂူႀကီးျဖစ္လာတဲ့ အခ်ိန္က်ရင္ ဆင္းရဲခ်ိဳ႕တဲ့သူေတြကို အလကားကုေပးမယ္လို႔ ရည္မွန္းခ်က္ထားခဲ့သူ ျဖစ္ပါတယ္ ။ စိတ္ထားအရမ္းေကာင္းၿပီး စာေတာ္တဲ့ သားလိမၼာေလးကို ဆုံးရႈံးလိုက္ရတဲ့ မိခင္ျဖစ္သူကေတာ့ သူမရဲ့ သားနဲ႔ပတ္သက္ၿပီး ယူက်ဳံးမရ ျဖစ္ေနရတာ ျဖစ္ပါတယ္ ။

ေမာင္ခန္႔ျငားဟိန္း ရဲ့မိခင္က သားကို အရမ္းခ်စ္ရတဲ့ အေၾကာင္းေတြ ေျပာျပရင္းနဲ႔ “အန္တီ့သား​ေလးကို အျမဲအမွတ္ရ ​ေန​ေပးပါ​ေနာ္၊ သား​ေလးအတြက္ အမွတ္တရ​ျဖစ္​ေစမယ့္​ ေနရာ​ေလး​ေတြလည္း လုပ္​ေပးပါ​ေနာ္၊ အန္တီ့ သား​ေလးကိုလြမ္းတိုင္း အဲ့​ေနရာ​ေလး​ေတြသြားၿပီး ဂုဏ္ယူခ်င္လို႔ပါသားရယ္၊ အန္တီ့သား ဆရာဝန္​ေလာင္း​ေလးကို အန္တီ ဂုဏ္ယူခ်င္လို႔ပါ သားရယ္” ဆိုၿပီး ေတာင္းဆိုခဲ့ တာလည္း ျဖစ္ပါတယ္။ ဒါ့အျပင္ အလႉေငြေပးတာ ေတာင္ လက္မခံဘဲ သူမတို႔ထက္ပိုလိုတဲ့သူေတြကို သာေပးဖို႔နဲ႔ သူမရဲ့သားေလးကို ရည္စူးၿပီး လႉဒါန္းေပးၾကပါလို႔ ေျပာခဲ့ပါေသးတယ္။ သူရဲေကာင္းသားေလး အတြက္ ေၾကကြဲခံစားေနရတဲ့ မိခင္တစ္ဦးရဲ့ရင္ဖြင့္စကားေတြ ကေတာ့ တကယ့္ကို ရင္ထဲအထိ လႈပ္ခတ္ ေစနိုင္တာ ျဖစ္ပါတယ္ ။ ပရိသတ္ေတြအတြက္ ေမာင္ခန္႔ျငားဟိန္း အေၾကာင္းကို ျပန္လည္ေဖာ္ျပရင္းနဲ႔ က်ဆုံးသြားတဲ့ ျပည္သူေတြ အားလုံး ေကာင္းရာမြန္ရာေရာက္ပါေစလို႔ ဆုေတာင္းေပးလိုက္ရပါတယ္။

Source & Photo Credit-Original Uploader & (Si Thu’s FB Acc)

unicode

ပြီးခဲ့တဲ့ မတ်လ (၁၄) ရက်နေ့နဲ့ (၁၅) ရက်နေ့မှာတော့ ရန်ကုန်မြို့ရှိ နေရာ ာင်ခန့်ငြားဟိန်းကတော့ အသက် (၁၇) နှစ်သာရှိသေးတဲ့ လူငယ်တစ်ဦးပဲ ဖြစ်ပါတယ် ။ ဆေးတက္ကသိုလ် (၁) Foundation Year မှာ တက်ရောက် ပညာသင်ကြားနေတဲ့ ဆေးကျောင်းသားတစ်ဦးလည် းဖြစ်တဲ့ မောင်ခန့်ငြားဟိန်းက မတ်လ (၁၄)ရက်နေ့မှာပဲ ကြွေလွင့်ခဲ့ရတာ ဖြစ်ပါတယ် ။

တိုင်းပြည်ရဲ့အနာဂတ်ကြယ်ပွင့် ဖြစ်တဲ့ ဆရာဝန်လောင်းတစ်ယောက်ကို ဆုံးရှုံးလိုက် ရတာကြောင့် ပြည်သူတွေအနေနဲ့ အရမ်းကို စိတ်မကောင်းဖြစ်နေရတာပဲ ဖြစ်ပါတယ် ။ အခုလည်း ပြည်သူတစ်ယောက်က မောင်ခန့်ငြားဟိန်းရဲ့မိခင်နဲ့ တွေ့ဆုံခဲ့ပြီး သူမပြောပြခဲ့တဲ့စကားတွေကို အားလုံးသိရအောင် ပြန်လည်မျှဝေပေးခဲ့တာ ဖြစ်ပါတယ် ။ မိခင်ဖြစ်သူရဲ့ပြောပြ ချက်အရ မောင်ခန့်ငြားဟိန်းက သူပါရဂူကြီးဖြစ်လာတဲ့ အချိန်ကျရင် ဆင်းရဲချို့တဲ့သူတွေကို အလကားကုပေးမယ်လို့ ရည်မှန်းချက်ထားခဲ့သူ ဖြစ်ပါတယ် ။ စိတ်ထားအရမ်းကောင်းပြီး စာတော်တဲ့ သားလိမ္မာလေးကို ဆုံးရှုံးလိုက်ရတဲ့ မိခင်ဖြစ်သူကတော့ သူမရဲ့ သားနဲ့ပတ်သက်ပြီး ယူကျုံးမရ ဖြစ်နေရတာ ဖြစ်ပါတယ် ။

မောင်ခန့်ငြားဟိန်း ရဲ့မိခင်က သားကို အရမ်းချစ်ရတဲ့ အကြောင်းတွေ ပြောပြရင်းနဲ့ “အန်တီ့သား​လေးကို အမြဲအမှတ်ရ ​နေ​ပေးပါ​နော်၊ သား​လေးအတွက် အမှတ်တရ​ဖြစ်​စေမယ့်​ နေရာ​လေး​တွေလည်း လုပ်​ပေးပါ​နော်၊ အန်တီ့ သား​လေးကိုလွမ်းတိုင်း အဲ့​နေရာ​လေး​တွေသွားပြီး ဂုဏ်ယူချင်လို့ပါသားရယ်၊ အန်တီ့သား ဆရာဝန်​လောင်း​လေးကို အန်တီ ဂုဏ်ယူချင်လို့ပါ သားရယ်” ဆိုပြီး တောင်းဆိုခဲ့ တာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် အလှူငွေပေးတာ တောင် လက်မခံဘဲ သူမတို့ထက်ပိုလိုတဲ့သူတွေကို သာပေးဖို့နဲ့ သူမရဲ့သားလေးကို ရည်စူးပြီး လှူဒါန်းပေးကြပါလို့ ပြောခဲ့ပါသေးတယ်။ သူရဲကောင်းသားလေး အတွက် ကြေကွဲခံစားနေရတဲ့ မိခင်တစ်ဦးရဲ့ရင်ဖွင့်စကားတွေ ကတော့ တကယ့်ကို ရင်ထဲအထိ လှုပ်ခတ် စေနိုင်တာ ဖြစ်ပါတယ် ။ ပရိသတ်တွေအတွက် မောင်ခန့်ငြားဟိန်း အကြောင်းကို ပြန်လည်ဖော်ပြရင်းနဲ့ ကျဆုံးသွားတဲ့ ပြည်သူတွေ အားလုံး ကောင်းရာမွန်ရာရောက်ပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်။

Source & Photo Credit-Original Uploader & (Si Thu’s FB Acc)