



unicode

မင်းသမီးချောလေး နေခြည်ဦးကတော့ လက်ရှိမှာ အောင်မြင်လျက် ရှိနေပြီး ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှု ကိုလည်း အခိုင်အမာရယူထားနိုင်ခဲ့တာပဲဖြစ်ပါတယ်။ သူမကတော့ ပေါ့ပေါ့ပါးပါး နေထိုင်တတ်နေပေမယ့် လူကြီးသူမတွေကို ရိုသေလေးစားလျက် ရှိနေတဲ့ သူမကတော့ အလှူအတန်းတွေ ကိုလည်းမကြာခဏပြုလုပ်လေ့ရှိတာဖြစ်ပါတယ်။သူမကတော့ အသက်၂၉မပြည့်ခင်မှာပင် ဘုရားဒါယိကာမ ဖြစ်နေပြီး ဗောဓိကိုးထောင်ဆရာတော်ကြီး ကျောင်းတိုက်မှာ ကြိုးကြိုးစားစားနဲ့ရှာဖွေထားတဲ့ပိုက်ဆံသိန်းပေါင်းရာချီကို လှူဒါန်းခဲ့ပါတယ်။

သူမကတော့ ” နေခြည် အသက် (၂၉) နှစ်မပြည့်ခင် ဘုရားတည် ကျောင်းဆောက် ပြီး သာသနာကို အကျိုးပြုရသူ ဖြစ်ချင်တဲ့ ဆန္ဒကို လိုက်လျော ဖြည့်ဆည်းပေးကြတဲ့ ဗောဓိကိုးထောင်ဆရာတော်ကြီး သစ်တံခါးဆရာတော်ကြီး နဲ့ အချစ်ဆုံး ဖေကြီး ဒေါက်တာမျိုးမြင့်စိန် တို့ကို အရမ်း ကျေးဇူးတင်ပါတယ် နေခြည်နဲ့ အလုပ်တွဲလုပ်ပေးကြတဲ့ ကျေးဇူးရှင် စီးပွားရေးလုပ်ငန်းရှင်များ နဲ့ အချစ်ဆုံး chillies တွေရဲ့ အားပေးမှုနဲ့ ရခဲ့တဲ့ ချွေးနဲစာတွေထဲကမှ မွန်ပြည်နယ် ကျိုက်ထိုမြို့ ဗောဓိကိုးထောင်ဆရာတော်ကြီး ကျောင်းတိုက်တွင်း နဂါးရုံဘုရားကြီး နဲ့ ရှေးဟောင်း ရေကန်ကြီး မွမ်းမံတည်ဆောက်နိုင်ရေး အတွက် အလှူငွေ သိန်း (၅၀၀) ကျပ်လှူဒါန်းခဲ့ပါတယ် “ဆိုပြီး ရေးသားထားပါတယ်။

သူမကတော့ ” သစ်တံခါးဆရာတော်ကြီး ဒုတိယအောင်မြေဖြစ်တဲ့ ကရင်ပြည်နယ် မြဝတီမြို့ ကျောင်းတိုက်ခွဲ အတွင်း တစ်ပါးကျောင်းဆောင် အတွက် အလှူငွေ သိန်း (၁၀၀)ကျပ်စုစုပေါင်း အလှူငွေ သိန်း (၆၀၀) ကျပ်တိတိကို လှူဒါန်းခဲ့ပါတယ်။နေခြည် ပြုလုပ်ခဲ့တဲ့ ကုသိုလ်ကောင်းမှု အားလုံးကို chillies တွေကို အမျှပြန်လည်ပေးဝေပါတယ်။ အမျှရကြပြီး နှစ်သစ်မှာ စည်းပွါးလာဘ်လာဘတွေ ပေါကြွယ်ဝ ကြပါစေ စိတ်ချမ်းသာ ကိုယ်ကျန်းမာ ရှိကြပါစေနော် “ဆိုပြီး ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။

Source: beautybynaychi ‘s facebook page