ပရိသတ္ ေတြကို ရယ္ေမာ ေပ်ာ္ရႊင္ရေအာင္ ဗီဒီယိုေလး ေတြ တင္ဆက္ေပး တတ္တဲ့ ျဖဴျဖဴေထြး ကေတာ့ ေက်းရြာေလး တစ္ရြာကေန ရန္ကုန္ၿမိဳ႕ မွာ ေက်ာင္းလာတက္ရင္း မထင္မွတ္ပဲ နာမည္ႀကီး လာခဲ့သူတစ္ေယာက္ ပဲ ျဖစ္ပါတယ္။ ျဖဴျဖဴေထြး က ရိုးသားႀကိဳးစားၿပီး ဟန္ေဆာင္မႈ မရွိတဲ့ ပုံစံေလးက ပရိသတ္ေတြသာမက စီးပြားေရး လုပ္ငန္းရွင္ေတြ ကပါ သေဘာက်ၾက တာေၾကာင့္ အခုဆိုရင္ အြန္လိုင္း ေၾကာ္ျငာေတြကို လက္မလည္ရေအာင္ ရိုက္ကူးေန တာပဲ ျဖစ္ပါတယ္။ ေအာင္ျမင္ ေက်ာ္ၾကားလာတာ နဲ႔ အမၽွ ပိုက္ဆံေတြကို အမ်ားႀကီး ရွာေဖြ လာနိုင္တဲ့ ျဖဴျဖဴေထြးက သူမရဲ့ မိသားစုေတြ အတြက္လည္း လိုေလ ေသးမရွိ ျဖည့္ ဆည္းေပးသလို အလႉ အတန္းေတြကိုလည္း ရက္ရက္ ေရာေရာျပဳလုပ္တတ္ သူတစ္ေယာက္ ျဖစ္ပါတယ္။

သမီး မိန္းကေလးတစ္ေယာက္ ပီပီ ျပည့္စုံလာတာ နဲ႔ အမၽွ မိဘေတြကို ေရႊေပၚ ျမတင္ထားတဲ့ ျဖဴျဖဴေထြး က သူမရဲ့ မိဘေတြ ကို လိုေလေသးမရွိျဖည့္ဆည္းေပးသလို သူမရဲ့ မိဘေတြကလည္း ရိုးရိုး ေအးေအး ႀကီးေတြရွိလွတာပဲ ျဖစ္ပါတယ္။ ဒီကေန႔မွာ လည္း ျဖဴျဖဴေထြး က ပိုက္ဆံ ႏွေျမာတတ္တဲ့ ေဖေဖ့ကို ေစ်းဝယ္စင္တာႀကီးေတြေခၚၿပီး တန္ဖိုးႀကီး အဝတ္အစား ေတြ ဇြတ္ဝယ္ ေပးခဲ့တဲ့ အမွတ္တရ ဗီဒီယိုေလး ကို အခုလိုပဲ မၽွ ေဝတင္ဆက္ေပးလာပါတယ္။

ျဖဴျဖဴေထြး ရဲ့ ေဖေဖကေတာ့ လူႀကီးပီပီ သမီး ပင္ပင္ပန္းပန္း ရွာေဖြထားတဲ့ ေငြေတြကို အလကား မသုံးပစ္ခ်င္သလို ျဖဴျဖဴေထြး ကလည္း အေဖ့အတြက္ ေခါင္းအစေျခအဆုံး ၿပီးျပည့္စုံ ေအာင္ ျဖည့္ဆည္း ေပးခ်င္တဲ့ သားအဖ ေမတၱာေလးကို ၾကည္ႏူးစြာနဲ႔ ေတြ႕ရပါတယ္။ ပရိသတ္ႀကီး လည္း ျဖဴျဖဴေထြးတို႔ သားအဖႏွစ္ေယာက္ရဲ့ ဗီဒီယိုေလးကို ၾကည့္ၿပီး ပီတိေတြ ကူးစက္ သြားမယ္ ထင္ပါတယ္ေနာ္။ ဖတ္ရႈေပးတဲ့ Cele Connections ပရိသတ္ႀကီး အားလုံးလည္း သာယာေပ်ာ္ရႊင္တဲ့ေန႔ေလး တစ္ေန႔ကို ပိုင္ဆိုင္နိုင္ ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Phyu Phyu Htwe’s fb
Bilie – Cele Connections

UNICODE

ပရိသတ် တွေကို ရယ်မော ပျော်ရွှင်ရအောင် ဗီဒီယိုလေး တွေ တင်ဆက်ပေး တတ်တဲ့ ဖြူဖြူထွေး ကတော့ ကျေးရွာလေး တစ်ရွာကနေ ရန်ကုန်မြို့ မှာ ကျောင်းလာတက်ရင်း မထင်မှတ်ပဲ နာမည်ကြီး လာခဲ့သူတစ်ယောက် ပဲ ဖြစ်ပါတယ်။ ဖြူဖြူထွေး က ရိုးသားကြိုးစားပြီး ဟန်ဆောင်မှု မရှိတဲ့ ပုံစံလေးက ပရိသတ်တွေသာမက စီးပွားရေး လုပ်ငန်းရှင်တွေ ကပါ သဘောကျကြ တာကြောင့် အခုဆိုရင် အွန်လိုင်း ကြော်ငြာတွေကို လက်မလည်ရအောင် ရိုက်ကူးနေ တာပဲ ဖြစ်ပါတယ်။ အောင်မြင် ကျော်ကြားလာတာ နဲ့ အမျှ ပိုက်ဆံတွေကို အများကြီး ရှာဖွေ လာနိုင်တဲ့ ဖြူဖြူထွေးက သူမရဲ့ မိသားစုတွေ အတွက်လည်း လိုလေ သေးမရှိ ဖြည့် ဆည်းပေးသလို အလှူ အတန်းတွေကိုလည်း ရက်ရက် ရောရောပြုလုပ်တတ် သူတစ်ယောက် ဖြစ်ပါတယ်။

သမီး မိန်းကလေးတစ်ယောက် ပီပီ ပြည့်စုံလာတာ နဲ့ အမျှ မိဘတွေကို ရွှေပေါ် မြတင်ထားတဲ့ ဖြူဖြူထွေး က သူမရဲ့ မိဘတွေ ကို လိုလေသေးမရှိဖြည့်ဆည်းပေးသလို သူမရဲ့ မိဘတွေကလည်း ရိုးရိုး အေးအေး ကြီးတွေရှိလှတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာ လည်း ဖြူဖြူထွေး က ပိုက်ဆံ နှမြောတတ်တဲ့ ဖေဖေ့ကို စျေးဝယ်စင်တာကြီးတွေခေါ်ပြီး တန်ဖိုးကြီး အဝတ်အစား တွေ ဇွတ်ဝယ် ပေးခဲ့တဲ့ အမှတ်တရ ဗီဒီယိုလေး ကို အခုလိုပဲ မျှ ဝေတင်ဆက်ပေးလာပါတယ်။

ဖြူဖြူထွေး ရဲ့ ဖေဖေကတော့ လူကြီးပီပီ သမီး ပင်ပင်ပန်းပန်း ရှာဖွေထားတဲ့ ငွေတွေကို အလကား မသုံးပစ်ချင်သလို ဖြူဖြူထွေး ကလည်း အဖေ့အတွက် ခေါင်းအစခြေအဆုံး ပြီးပြည့်စုံ အောင် ဖြည့်ဆည်း ပေးချင်တဲ့ သားအဖ မေတ္တာလေးကို ကြည်နူးစွာနဲ့ တွေ့ရပါတယ်။ ပရိသတ်ကြီး လည်း ဖြူဖြူထွေးတို့ သားအဖနှစ်ယောက်ရဲ့ ဗီဒီယိုလေးကို ကြည့်ပြီး ပီတိတွေ ကူးစက် သွားမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေး တစ်နေ့ကို ပိုင်ဆိုင်နိုင် ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Phyu Phyu Htwe’s fb
Bilie – Cele Connections