UNICODE
ပရိသတ်ကြီးရေ.. ဂီတလောကမှာ သူမတူတဲ့အမိုက်စား အသံပါဝါကောင်းကောင်းကို ပိုင်ဆိုင် ထားကာ သီချင်းကောင်းလေးတွေ သီဆိုဖျော်ဖြေတတ်တဲ့ အမျိုးသမီးအဆိုတော်ကတော့ ဖြူဖြူ လို့အားလုံးကချစ်စနိုးခေါ်ကြတဲ့ ဖြူဖြူကျော်သိန်းပဲ ဖြစ်ပါတယ်နော်..။ကိုယ်ပိုင် သီချင်းကောင်းလေးတွေများစွာထွက်ရှိထားတဲ့ ဖြူဖြူကျော်သိန်းကတော့ အနုပညာလောကမှာ ပရိသတ်အခိုင်အမာနဲ့ ဆယ်စုနှစ် တွေကတည်းက အောင်မြင်စွာ ရပ်တည်လျှောက်လှမ်းနေတာ ယနေ့အချိန်ထိပါပဲနော်..။
ဖြူဖြူကျော်သိန်းဟာ သီချင်းကောင်းလေး တွေအပြင် အမိုက်စားဖက်ရှင်လေးတွေကြောင့် ပရိသတ်တွေ ရဲ့စိတ်ဝင်စားမှုတွေကို ရရှိထားကာ စကားပြောပွင့်လင်းပြီး ချစ်စရာကောင်းတာတွေကြောင့်လည်း ပရိသတ်တွေက အချစ် ပိုနေကြတာ ဖြစ်ပါတယ်နော်..။သူမရဲ့လှုပ်ရှားမှုလေးတွေကို အမြဲမျှဝေလေ့ရှိတဲ့ ဖြူဖြူတစ်ယောက် အခုတစ်ခါမှာလည်း သူမစားဖို့အတွက် ပိုင်တံခွန် ကိုယ်တိုင်လာပို့တဲ့ Ice-Cream Sandwich မုန့်လေးတွေကို အရသာ ရှိရှိစားရင်း ပျော်နေတဲ့ပုံရိပ်လေးတွေကို ဝေမျှလာပါတယ်နော်..။
“တံခွန် ရေ… ယူ့ရဲ့ Crazy Cream Ice-Cream Sandwich လေး အရမ်းစားကောင်း တယ်‌နော်။ ရေခဲမုန့်ကိုမှ ရောင်စုံပေါင်မုန့်နဲ့ညှပ်စားရတာ မျိုး၊ အဆန်းလေး 🥰။ Chocochips ရော၊ Raspberry ရော နှစ်မျိုးလုံး ကောင်းတယ်။ နောက် flavour အသစ်တွေရှိရင်လည်း ထပ်ပို့လို့ရတယ်နော်… ဘား အားမနာနဲ့ 😁😜။ I love ice-cream!!😍။..” ဆိုပြီး ပြောထားတာပါနော်..။သူမရဲ့အဲ့ဒီ့ပို့စ်အောက် မှာတော့ ပရိသတ်တွေကလည်း ချစ်ခင်ကြတဲ့အကြောင်းလေးတွေနဲ့ ပိုင်တံခွန်နဲ့ နှစ်ယောက်လုံးကို အားပေးနေကြ တာလေးတွေကို Comment လေးတွေမှာ ရေးသားထားကြတာလည်း တွေ့ရပါတယ်..။
သတင်းအရင်းမြစ်: Phyu Phyu Kyaw Thein’s Fb Acc