ပိုင်တံခွန်လို့ ပြောလိုက်တာနဲ့ အရပ်ရှည်ရှည် ၊ ခပ်တောင့်တောင့် ခန္ဓာကိုယ် ၊ ရုပ်ဖြောင့်ဖြောင့် နဲ့ လူတိုင်းကြိုက် ရတဲ့ ရုပ်ရည်ပိုင်ရှင် ၊ ချစ်စဖွယ် အပြုံးပိုင်ရှင် နဲ့ အနုပညာရှင် တစ်ဦး လို့ လူသိများကြပါတယ်။

ပိုင်တံခွန် ဟာ အနုပညာပိုင်းမှာ ထူးချွန်ရုံသာမက တိရစ္ဆာန်လေးတွေ အပေါ် ဂရုစိုက်ကြင်နာ တတ်မှုတွေကြောင့် ပရိတ်သတ်တွေ ရဲ့ အချစ်ကို တိုးကာရရှိထားတဲ့ အနုပညာရှင်တစ်ဦးလည်းဖြစ်ပါတယ်။

အခုအခါမှာလည်း ပိုင်တံခွန် က သူ့ဆိတ်ကလေးကို ဖက်ပြီး သီချင်းဆိုနေတဲ့ ဗီဒီယို ဟာ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့လာတာဖြစ်ပါတယ်။ ဒီဗီဒီယို ကို သူ့အစ်မက တင်လာတာဖြစ်ပြီး ပိုင်တံခွန် သီချင်း ဆိုတာကို ဆိတ်ကလေး က စိတ်ညစ်နေ ဟန်ပေါ်တာကြောင့် “ဆိတ်ဆင်းရဲတယ်ဆိုတာ ဒါမျိုး ” လို့ရေးသားကာ နောက်ပြောင်နေကြတာဖြစ်ပါတယ်။ ပရိတ်သတ်ကြီးလည်း ပိုင်တံခွန်က သူ့ဆိတ်ကလေးကို သီချင်းဆိုပြနေတဲ့ဗီဒီယိုကို ကြည့်ရှုနိုင် စေရန် ဖော်ပြလိုက်ရပါတယ်။

credit

zaw gyi




credit