ပရိသတ္ႀကီး ေရ ျမန္မာအိုင္ေဒါလ္ ၿပိဳင္ပြဲကေန တဆင့္ ပရိသတ္ေတြ အားေပးမႈ အခိုင္အမာ ရရွိခဲ့တဲ့ အဆိုေတာ္ ပိုးမီ ကေတာ့ မၾကာေသးမွီ ကမွ သီခ်င္းသစ္ေလးတစ္ပုဒ္ ထြက္ရွိခဲ့ပါတယ္ ။ သီခ်င္းေလး ရဲ့ အမည္ကေတာ့ အခ်စ္က အခ်စ္ပါပဲ ဆိုတဲ့ သီခ်င္းေလး ျဖစ္ၿပီး LGBT ေတြအတြက္ ဖန္တီး ေရးသားၿပီး သီဆိုထား တဲ့သီခ်င္းေလးပဲ ျဖစ္ပါတယ္ ။

ေယာက်ာ္း တစ္ေယာက္က ေယာက်္ား တစ္ေယာက္ကို ခ်စ္တာ (သို႔) မိန္းမ တစ္ေယာက္က မိန္းမ တစ္ေယာက္ကို ခ်စ္တာဟာ အမွား မဟုတ္ပါဘူး ဆိုတဲ့ စာသားေလး နဲ႔ အတူ ပိုးမီက ဒီသီခ်င္း သစ္ေလးရဲ့ Music Video ေလးကို သူမ ရဲ့ လူမႈကြန္ရက္ စာမ်က္ႏွာက ေနတဆင့္ မၽွေဝေပးခဲ့တာပါ ။ ဒီသီခ်င္းေလးကို အဆိုေတာ္ ေမလသံစဥ္က ေရးသား ေပးထားၿပီး ပိုးမီ ၊ ဇာျခည္ ေရႊေဒြးနဲ႔ JD တို႔က သီဆိုထား ၾကတာျဖစ္ပါတယ္ ။

ဒီသီခ်င္းေလး ဟာ လူတစ္ေယာက္ နဲ႔ တစ္ေယာက္ ခ်စ္တာက အမွား မဟုတ္သလို ေယာက္်ား ခ်င္းျဖစ္ေစ မိန္းမခ်င္း ျဖစ္ေစ ခ်စ္ၾက တာလည္း အမွား မဟုတ္တဲ့အတြက္ လူကို လူလိုပဲ ျမင္ေပးၾကဖို႔ LGBT ေတြအတြက္ သီဆို ခဲ့တာျဖစ္ပါတယ္ ။ ဒီသီခ်င္းေလး နဲ႔ ပတ္သက္ၿပီး LGBT တစ္ေယာက္ ျဖစ္တယ္လို႔ အတိလင္း ဝန္ခံထားတဲ့ အႏုပညာရွင္ တစ္ေယာက္ျဖစ္ တဲ့ ဥကၠာမင္းေမာင္က LGBTIQ ေတြ အတြက္ အခုလို သီခ်င္းေလး ဖန္တီးၿပီး အသိပညာ မၽွေဝေပးတဲ့ အတြက္ ပိုးမီကို ေက်းဇူး တင္ရွိေၾကာင္း သူ႔ရဲ့ ေဖ့ဘုတ္စ္ စာမ်က္ႏွာ ထက္မွာ ေရးသားေဖာ္ျပခဲ့ပါတယ္ ။

Source : Poe Mi
Emily (Cele Gabar)

UNICODE

ပရိသတ်ကြီး ရေ မြန်မာအိုင်ဒေါလ် ပြိုင်ပွဲကနေ တဆင့် ပရိသတ်တွေ အားပေးမှု အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော် ပိုးမီ ကတော့ မကြာသေးမှီ ကမှ သီချင်းသစ်လေးတစ်ပုဒ် ထွက်ရှိခဲ့ပါတယ် ။ သီချင်းလေး ရဲ့ အမည်ကတော့ အချစ်က အချစ်ပါပဲ ဆိုတဲ့ သီချင်းလေး ဖြစ်ပြီး LGBT တွေအတွက် ဖန်တီး ရေးသားပြီး သီဆိုထား တဲ့သီချင်းလေးပဲ ဖြစ်ပါတယ် ။

ယောကျာ်း တစ်ယောက်က ယောကျ်ား တစ်ယောက်ကို ချစ်တာ (သို့) မိန်းမ တစ်ယောက်က မိန်းမ တစ်ယောက်ကို ချစ်တာဟာ အမှား မဟုတ်ပါဘူး ဆိုတဲ့ စာသားလေး နဲ့ အတူ ပိုးမီက ဒီသီချင်း သစ်လေးရဲ့ Music Video လေးကို သူမ ရဲ့ လူမှုကွန်ရက် စာမျက်နှာက နေတဆင့် မျှဝေပေးခဲ့တာပါ ။ ဒီသီချင်းလေးကို အဆိုတော် မေလသံစဉ်က ရေးသား ပေးထားပြီး ပိုးမီ ၊ ဇာခြည် ရွှေဒွေးနဲ့ JD တို့က သီဆိုထား ကြတာဖြစ်ပါတယ် ။

ဒီသီချင်းလေး ဟာ လူတစ်ယောက် နဲ့ တစ်ယောက် ချစ်တာက အမှား မဟုတ်သလို ယောက်ျား ချင်းဖြစ်စေ မိန်းမချင်း ဖြစ်စေ ချစ်ကြ တာလည်း အမှား မဟုတ်တဲ့အတွက် လူကို လူလိုပဲ မြင်ပေးကြဖို့ LGBT တွေအတွက် သီဆို ခဲ့တာဖြစ်ပါတယ် ။ ဒီသီချင်းလေး နဲ့ ပတ်သက်ပြီး LGBT တစ်ယောက် ဖြစ်တယ်လို့ အတိလင်း ဝန်ခံထားတဲ့ အနုပညာရှင် တစ်ယောက်ဖြစ် တဲ့ ဥက္ကာမင်းမောင်က LGBTIQ တွေ အတွက် အခုလို သီချင်းလေး ဖန်တီးပြီး အသိပညာ မျှဝေပေးတဲ့ အတွက် ပိုးမီကို ကျေးဇူး တင်ရှိကြောင်း သူ့ရဲ့ ဖေ့ဘုတ်စ် စာမျက်နှာ ထက်မှာ ရေးသားဖော်ပြခဲ့ပါတယ် ။

Source : Poe Mi
Emily (Cele Gabar)