ကိုယ္ခ်စ္ခင္ ရသူေတြ နဲ႔ အတူတူခရီးထြက္ ရတဲ့အရသာ ဟာ တကယ္ကို ေပ်ာ္ဖို႔ ေကာင္းပါတယ္။ ေနမ်ိဳးေအာင္ နဲ႔ ေမကဗ်ာ ဆိုတာ တစ္အိမ္ နဲ႔ တစ္အိမ္ တံခါးမရွိ ဓားမရွိ ဝင္ထြက္ ေနၾကတဲ့ မိသားစု ရင္းခ်ာ ေတြလိုပါပဲ။ ဒီေန႔မွာလဲ ပုဂံက ဟိုတယ္တစ္ခု ကို ခင္မင္ရသူေတြ နဲ႔ အတူ ခရီးထြက္ လာၾကၿပီး ေပ်ာ္စရာအခိုက္ အတန႔္ေလးမွာ Live လႊင့္ကာ ပရိသတ္ ေတြ နဲ႔ စကား အျပန္ အလွန္ ေျပာခဲ့ၾကပါတယ္။

အလုပ္ေတြ လည္း ႀကိဳးစား သလို ဘုရား တရားေတြ လည္း လုပ္ၾကတာမို႔ အတြဲ ညီၾကတဲ့ အေပါင္းအသင္း ေတြပါပဲ။ အႏုပညာ ခရီးလမ္း မွာလည္း ေအာင္ျမင္မႈေတြကိုယ္စီရေနၾကသလို ကိုယ္ပိုင္ စီးပြားေရး ေတြမွာလည္း အေျခခိုင္ေန ၾကၿပီ ျဖစ္တာမို႔ အခုလို ေပ်ာ္ေပ်ာ္ ရႊင္ရႊင္ ေပါ့ေပါ့ ပါးပါး စိတ္ကို အနားေပးၿပီး ခရီးထြက္ခဲ့ၾကတာ ျဖစ္ပါတယ္။

Live မွာလည္း တစ္ေယာက္ နဲ႔ တစ္ေယာက္ စေနာက္ၿပီး ေပ်ာ္ေပ်ာ္ ပါးပါး စကား ေတြေျပာၾကကာ ပရိသတ္ေတြ နဲ႔လည္း တရင္း တႏွီး ဆုံၾကဖို႔ ကဗ်ာ ကေျပာေနခဲ့ပါေသးတယ္။ ဒီေနာက္ မွာလည္း သူမ ရဲ့ ခ်စ္စဖြယ္ ပုံရိပ္တစ္ခ်ိဳ႕ ကိုလည္း လူမႈကြန္ရက္ မွာေဝမၽွခဲ့ပါတယ္။ စိတ္ပ်ိဳ လြန္းလို႔ ကိုယ္ႏု ေနတဲ့ ကဗ်ာရဲ့ပုံရိပ္ေလးေတြကို တင္ဆက္ ေပးလိုက္ပါတယ္။

Happy – Cele Zone
Photo – May Kabyar

UNICODE

ကိုယ်ချစ်ခင် ရသူတွေ နဲ့ အတူတူခရီးထွက် ရတဲ့အရသာ ဟာ တကယ်ကို ပျော်ဖို့ ကောင်းပါတယ်။ နေမျိုးအောင် နဲ့ မေကဗျာ ဆိုတာ တစ်အိမ် နဲ့ တစ်အိမ် တံခါးမရှိ ဓားမရှိ ဝင်ထွက် နေကြတဲ့ မိသားစု ရင်းချာ တွေလိုပါပဲ။ ဒီနေ့မှာလဲ ပုဂံက ဟိုတယ်တစ်ခု ကို ခင်မင်ရသူတွေ နဲ့ အတူ ခရီးထွက် လာကြပြီး ပျော်စရာအခိုက် အတန့်လေးမှာ Live လွှင့်ကာ ပရိသတ် တွေ နဲ့ စကား အပြန် အလှန် ပြောခဲ့ကြပါတယ်။

အလုပ်တွေ လည်း ကြိုးစား သလို ဘုရား တရားတွေ လည်း လုပ်ကြတာမို့ အတွဲ ညီကြတဲ့ အပေါင်းအသင်း တွေပါပဲ။ အနုပညာ ခရီးလမ်း မှာလည်း အောင်မြင်မှုတွေကိုယ်စီရနေကြသလို ကိုယ်ပိုင် စီးပွားရေး တွေမှာလည်း အခြေခိုင်နေ ကြပြီ ဖြစ်တာမို့ အခုလို ပျော်ပျော် ရွှင်ရွှင် ပေါ့ပေါ့ ပါးပါး စိတ်ကို အနားပေးပြီး ခရီးထွက်ခဲ့ကြတာ ဖြစ်ပါတယ်။

Live မှာလည်း တစ်ယောက် နဲ့ တစ်ယောက် စနောက်ပြီး ပျော်ပျော် ပါးပါး စကား တွေပြောကြကာ ပရိသတ်တွေ နဲ့လည်း တရင်း တနှီး ဆုံကြဖို့ ကဗျာ ကပြောနေခဲ့ပါသေးတယ်။ ဒီနောက် မှာလည်း သူမ ရဲ့ ချစ်စဖွယ် ပုံရိပ်တစ်ချို့ ကိုလည်း လူမှုကွန်ရက် မှာဝေမျှခဲ့ပါတယ်။ စိတ်ပျို လွန်းလို့ ကိုယ်နု နေတဲ့ ကဗျာရဲ့ပုံရိပ်လေးတွေကို တင်ဆက် ပေးလိုက်ပါတယ်။

Happy – Cele Zone
Photo – May Kabyar