ပရိသတ်ကြီးရေ သရုပ်ဆောင် အဆိုတော် နန်းဆုရတီစိုးက တော့ အနုပညာ လောကမှာ ဆယ်စုနှစ်ကျော်တိုင် နာမည်တစ်လုံး နဲ့ ရပ်တည်ခဲ့သူ တစ်ယောက်ဖြစ်ပါတယ်။ နာမည်ကြီးအနုပညာရှင် တစ်ယောက်ပီပီ ပရိသတ်တွေရဲ့ စိတ်ဝင်စားခြင်းကို အပြည့်အဝခံ နေရတဲ့ နန်းဆုရတီစိုး ဟာ ဒီကနေ့မှာလည်း ပုဂံမှာလျှောက်လည်နေတဲ့ဓာတ်ပုံတွေကြောင့် ရည်းစားဟောင်း G Fatt နဲ့ ပတ်သက်တဲ့ အမှတ်တရတွေ ကို စနောက်ခံနေရတာပဲ ဖြစ်ပါတယ်။

နန်းဆုရတီစိုးက လတ်တလောမှာ ပုဂံ ဘုရားဖူးရောက်ရှိနေ တာဖြစ်ပြီး ပရိသတ်တွေက နန်းဆုရတီစိုး ရဲ့ ရည်းစားဟောင်း G Fatt နဲ့ ပတ်သက်ပြီး စနောက်နေကြတာပဲဖြစ်ပါတယ်။ နန်းဆုရတီစိုးကတော့ သူမရဲ့ ပရိသတ်တွေ ချစ်စနိုးနဲ့ စနောက်နေကြမှု အပေါ် စိတ်ဆိုးခြင်းလုံးဝမရှိပဲ သူမရဲ့သဘာဝအတိုင်း “အဲ့မှာ စနေ နောက်နေလိုက်ကြ 🤪” ၊ “အေနော် ယူတို့မပြီးဘူးနော်😒” ဆိုပြီး အေးအေးဆေးဆေးလေးသာ တုံ့ပြန်ခဲ့ပါတယ်။

နန်းဆုရတီစိုးနဲ့ G Fatt တို့ကတော့ နန်းဆုရတီစိုးရဲ့ “ရူးအောင်ချစ်မယ့်သူ” ဇာတ်လမ်း MV ကို ပုဂံဒေသမှာ ရိုက်ကူးခဲ့ကြပြီး အမှတ်တရ ဟောင်းတွေရှိခဲ့ဖူးတာမို့ ပရိသတ်တွေက ပုဂံကိုမြင်တိုင်း နန်းဆုရတီစိုး နဲ့ G Fatt ကို တွဲလျက်မြင်ယောင် နေကြတာ ပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ပုဂံမှာ လျှောက်လည်နေတဲ့ နန်းဆုရတီစိုးရဲ့ ပုံရိပ်တွေကြည့်ပြီး ကျေနပ်ကြမယ် ထင်ပါတယ်နော်။

Source: Nansu Yati Soe
Credit ; Cele Activw World

ZAWGYI




Source: Nansu Yati Soe