



UNICODE

ပရိတ်သတ်တွေ ရဲ့ အချစ်တော် ဇာတ်ပို့ သရုပ်ဆောင် နှိုင်းယှဉ်မြင့်မိုရ် ဟာဆိုရင် ရုပ်ရှင် များစွာကို ရိုက်ကူး ခဲ့တဲ့ မင်းသမီး တစ်ယောက်ဖြစ်တဲ့ အပြင် ကျရာဇာတ်ရုပ်ကို ပီပြင်ပိုင်နိုင်စွာ နဲ့ သရုပ်ဆောင်နိုင်တဲ့ အတွက် ယနေ့အချိန်ထိ ပရိတ်သတ် တွေ ရဲ့ ချစ်ခင် အားပေးမှု ကို အပြည့်အဝ ရရှိ ထားတာပဲဖြစ် ပါတယ်နော်..။နှိုင်းယှဉ်က သရုပ်ဆောင် ပိုင်းမှာ ကျွမ်းကျင် ပိုင်နိုင် ရုံတင်မကပဲ Online Sale ရောင်းတဲ့ နေရာမှာလည်း အောင်မြင်နေ သူတစ်ယောက်ပဲ ဖြစ်ပါတယ်။

နှိုင်းယှဉ်က ခင်ပွန်း ကောင်းပီ သပီး သူမအပေါ် အရမ်းကို ချစ်ခင် ကြင်နာတဲ့ ခင်ပွန်းသည် ကိုဘင်း ကိုပိုင်ဆိုင် ထားတဲ့ အပြင် ချစ်စရာ သားလေး တစ်ယောက်ကိုလည်းပိုင်ဆိုင်ထားပြီး ပျော်ရွှင်စရာမိသားစုဘဝလေးကိုဖြတ်သန်းနေတာပဲဖြစ်ပါတယ်နော်.။လတ်တလောမှာဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေနဲ့ပတ်သက်ပြီးတော့ လည်း သူမဟာ လူထု လှုပ်ရှားမှုမှာ တက်ကြွစွာ ပါဝင်လှုပ်ရှားခဲ့တာပဲဖြစ်ပါတယ်။ အဲ့လို နိုင်ငံရေးလှုပ်ရှားမှာ အမြဲပါဝင်နေတဲ့ သူမကို ဒလံမ လို့ပြောတဲ့အပေါ် အခုလိုပဲ တုန့်ပြန်လာခဲ့တာပဲ ဖြစ်ပါတယ်။

နှိုင်းယှဉ် က” ဪ… 505 ထဲမ ပါလို့ ဒလံမ လို့ ပြောချင် တာလားမသိ Feb 1 ရက်နေ့ထဲက Fb မှာ စတင်တယ်… 7ရက် နေ့မှာ လမ်းပေါ် စတက်တယ်…အကြီး နဲ့ အကျယ် အော်ခဲ့တယ် အများကြီး လှုခဲ့တယ် သိအောင်တစ်မျိုး မသိအောင် တစ်မျိုးပရိသတ်တွေက ဘာမှ မလုပ်ဘူးလားပြောလို့ ကမှူးရှုးထိုးထလုပ်တဲ့ အယောင်ပြ သာကူး ယောင်ခြောက်ဆယ်မဟုတ်ဘူးရေးချင်တာ ရေးပီး မဘလော့ခ် ပါနဲ့….မ Dနဲ့….ကျွန်မမှာ တော့ ကိုကေညီ့ အကောင့်ကို ယူသုံးနေမှန်းသိတောတောင် မဘလော့ဖြစ်ဘူး ဦးလေးကြီး အာဘော်တွေကို ကြိတ်ခိုက်နေတာ…ဦးလေးကြီးက ကွိုင်ပဲ.😂 ခုလည်းဗိုက်ကြီးနေ လို့ ဦးလေးကြီးရေ…စိတ်လျော့ဖို့ တားနေ ဝိုင်းပြောနေ ကြလို့…လျှော့ထားတာ..ဒလန်အစစ်တွေ ထပ်ရှာလိုက်ပါအုံး။ အနုပညာလော ကထဲမှာ….အများကြီးပါ….😏😏😏ပုံနေတာပဲ😏😏😏” ဆိုပြီး သူမရဲ့ လူမှုကွန်ယက် စာမျက်နှာ ကနေ တုန့်ပြန်ခဲ့ တာပဲဖြစ်ပါတယ်။ဖတ်ရှု ပေးတဲ့ ပရိတ်သတ်ကြီး ကို အထူး ပဲ ကျေးဇူးတင်ရှိပါတယ်…။

Source ; Nhying Shin’a Facebookacc
Credit ; Celebrity Platforms T.H.S