


Swelsone News

unicode

COVID-19 ကာလ အတွင်း လူစုလူဝေး ဖြင့် ကျင်းပခဲ့သည့် မွေးနေ့ပွဲတွင် ဖျော်ဖြေခဲ့ မှုကြောင့် သဘာဝဘေး အန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅/ ၃၀ (က) ဖြင့် အမှုဖွင့် ခံထားရတဲ့ ခြိမ့်ကေကို/ ငှက်ပျောသီး ဟာ ဇန်နဝါရီလ (၄) ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့မ ရဲစခန်းမှာ ကိုယ်တိုင် သွားရောက် အဖမ်းခံခဲ့ပါတယ်။

ခြိမ့်ကေကို ကို ပုဒ်မ (၂၅) နဲ့ တစ်ခါထဲဖမ်း ခဲ့တာကြောင့် ပရိသတ်ကြားမှာ ပြောစရာဖြစ်ခဲ့ပါတယ်။ ကိုဗစ်ကာလ KTV မှာ ဖမ်းမိတဲါသူတွေကျ လွှတ်ပေးပြီး ခြိမ့်ကေကို ဖမ်းခဲ့လို့ ပရိတ်သတ် တွေ ဝေဖန်နေကြပါတယ်။ ခြိမ့်ကေကို အချုပ်ထဲမှာ ငိုနေတယ် လို့ သူရဲ့ အမေက ဦးဒိန်းဒေါင် ကို ငိုပြီးပြောခဲ့တာကြောင့် ပရိသတ်တွေကစိတ်မကောင်းဖြစ်နေကြပါတယ်။သရုပ်ဆောင် အောင်ရဲလင်း ကတော့ ခြိမ့်ကေကို ဘက်ကနေ ရပ်တည် ခဲ့တာပဲဖြစ်ပါတယ်။ အောင်ရဲလင်းက “Stay Strong Fella!#KeepYourHeadsHigh #ChaintKKo” ဆိုပြီး သူ့ရဲ့ FB မှာ ဦးဒိန်းဒေါင် ဖြေထားတဲ့ interview လေးကို Share ရင်းရေးခဲ့တာပဲဖြစ်ပါတယ်။

တော်ရုံဝင်မပြောကာ အေးဆေးစွာပဲ နေတတ်သူ အောင်ရဲလင်းကပါ အဆိုတော် ခြိမ့်ကေကို အတွက် အားပေးမှုတွေနဲ့ ရပ်တည် ခဲ့တာပဲဖြစ်ပါတယ်နော်.။ ဖတ်ရှု့ပေးခဲ့ကြတဲ့ ပရိသတ်ကြီးလည်း ပျော်ရွှင်သာယာတဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Swelsone News