ဘေဘီမောင်ကတော့ ရုပ်ရှင်နဲ့ဗီဒီယိုဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ရင်း ပရိသတ်တွေရဲ့ အားပေးမှုတွေကို သိမ်းပိုက်ရရှိထားတာ ဖြစ်ပါတယ်။ ပရိသတ်တွေအပေါ်မှာလည်း တလေးတစားဆက်ဆံပြီး လူတိုင်းအပေါ်မှာလည်း ကူညီချင်စိတ်ရှိသူ ဖြစ်တာကြောင့် အားလုံးက ချစ်ခင်နေကြတာပါ။

ဒါ့အပြင် အရေးကြုံတဲ့ အခါတိုင်းမှာလည်း ပြည်သူ တွေဘက်မှ ရပ်တည်ပေးသူ အနုပညာရှင် တစ်ဦး ဖြစ်ပါတယ်။ အခုလို တတ်နိုင် သလောက် လိုအပ်တာတွေ ကူညီပေးနေတဲ့အပြင် ဘုရားရှိခိုးကာ ဆုတောင်း ပေးခြင်းတွေလည်း ပြုလုပ်ပေးခဲ့တာကို တွေ့ရပါတယ်။

အခုလည်း နေပူထဲမှာ ပင်ပင်ပန်းပန်းနဲ့ ထီရောင်းနေတဲ့ အဖိုးဆီကနေ ထီများ ဝယ်ယူ အားပေးကာ ကူညီခဲ့ကြောင်းဖော်ပြထားပါတယ်။ ဒီလိုခက်ခဲတဲ့ ကာလမှာ ကြိုးစားပန်းစား ထီရောင်းနေတဲ့ အဖိုးဆီ ကနေလည်း လမ်းမှာတွေ့ခဲ့ရင် ဝယ်ယူအားပေးကြဖို့ကိုလည်း ခုလိုရေးသားထားပါသေးတယ်။ ” ပိုက်ဆံရှားနေတဲ့ခေတ်ကြီးမှာ အဖိုးအတွက် ထီရောင်း နေရတာ ဘယ်လောက်တောင် ခက်ခဲလိုက်မလည်း သက်ကြီး ရွယ်အို အဖိုးအဖွားတွေ့ရင် အားပေးခြင်းဖြင့်ကူညီပေးကြပါနော်” ဆိုတဲ့ စာလေးပဲဖြစ်ရာ ပရိသတ်ကြီး အတွက် ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။

Credit:Cele Zone

Photo – Baby Maung

ZAW GYI

ေဘဘီေမာင္ကေတာ့ ႐ုပ္ရွင္နဲ႔ဗီဒီယိုဇာတ္ကားေတြမွာ ပါဝင္သ႐ုပ္ေဆာင္ရင္း ပရိသတ္ေတြရဲ့ အားေပးမႈေတြကို သိမ္းပိုက္ရရွိထားတာ ျဖစ္ပါတယ္။ ပရိသတ္ေတြအေပၚမွာလည္း တေလးတစားဆက္ဆံၿပီး လူတိုင္းအေပၚမွာလည္း ကူညီခ်င္စိတ္ရွိသူ ျဖစ္တာေၾကာင့္ အားလုံးက ခ်စ္ခင္ေနၾကတာပါ။

ဒါ့အျပင္ အေရးၾကဳံတဲ့ အခါတိုင္းမွာလည္း ျပည္သူ ေတြဘက္မွ ရပ္တည္ေပးသူ အႏုပညာရွင္ တစ္ဦး ျဖစ္ပါတယ္။ အခုလို တတ္နိုင္ သေလာက္ လိုအပ္တာေတြ ကူညီေပးေနတဲ့အျပင္ ဘုရားရွိခိုးကာ ဆုေတာင္း ေပးျခင္းေတြလည္း ျပဳလုပ္ေပးခဲ့တာကို ေတြ႕ရပါတယ္။

အခုလည္း ေနပူထဲမွာ ပင္ပင္ပန္းပန္းနဲ႔ ထီေရာင္းေနတဲ့ အဖိုးဆီကေန ထီမ်ား ဝယ္ယူ အားေပးကာ ကူညီခဲ့ေၾကာင္းေဖာ္ျပထားပါတယ္။ ဒီလိုခက္ခဲတဲ့ ကာလမွာ ႀကိဳးစားပန္းစား ထီေရာင္းေနတဲ့ အဖိုးဆီ ကေနလည္း လမ္းမွာေတြ႕ခဲ့ရင္ ဝယ္ယူအားေပးၾကဖို႔ကိုလည္း ခုလိုေရးသားထားပါေသးတယ္။ ” ပိုက္ဆံရွားေနတဲ့ေခတ္ႀကီးမွာ အဖိုးအတြက္ ထီေရာင္း ေနရတာ ဘယ္ေလာက္ေတာင္ ခက္ခဲလိုက္မလည္း သက္ႀကီး ရြယ္အို အဖိုးအဖြားေတြ႕ရင္ အားေပးျခင္းျဖင့္ကူညီေပးၾကပါေနာ္” ဆိုတဲ့ စာေလးပဲျဖစ္ရာ ပရိသတ္ႀကီး အတြက္ ျပန္လည္ ေဖာ္ျပေပးလိုက္ပါတယ္။

Credit:Cele Zone

Photo – Baby Maung