သီချင်းသွားဆိုမှာ စကစ ပွဲမှာဆိုမှာမဟုတ်ဖူးလို့ ကြိုတင်ပြီး ရှင်းပြလာတဲ့ အေးမြဖြူ Myanmar Idol Season (4) မှာ Top 3 list ထဲထိ တက်လှမ်းနိုင်ခဲ့တဲ့အေးမြဖြူဟာ လူငယ် ပေမယ့် အဆိုပညာမှာ ထူးချွန် သူတစ်ယောက်ပါ။ပညာလည်း တော်တာကြောင့် မိဘဂုဏ်ယူရတဲ့ သမီးလေး တစ်ယောက်ဖြစ်ခဲ့ပါတယ်။ငယ်စဉ်ကတည်းက ကလေး သရုပ်ဆောင်အဖြစ်နဲ့ ရုပ်ရှင် ဇာတ်ကားတွေမှာပါဝင်ခဲ့သလို သီချင်းဆိုပြိုင်ပွဲတွေမှာလည်း သူမကိုတွေ့ရတာမို့ပရိသတ်တွေက မိုးသိုငယ်ငယ်လေး ကတည်းက ချစ်ခင်ပြီးအားပေးခဲ့ကြပါတယ်။ ဆယ်ကျော်သက်အရွယ် ရောက်လာတဲ့ အချိန်မှာတော့ Myanmar Idol မှာ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီးသူမရဲ့အရည်အချင်းကြောင့် အားပေးတဲ့ပရိသတ်တွေ ပိုမိုများပြားလာ ခဲ့ပါတယ်။နွေဦးတော်လှန်ရေးမှာလည်း တတ်စွမ်းသလောက်ပါဝင်ခဲ့ပါတယ်။

တော်လှန်ရေးအစပိုင်းမှာ မိုးသိုနဲ့ ပတ်သက်တဲ့ အထင်လွဲမှုအနည်းငယ်ရှိ ခဲ့တာကြောင့်သူမက ပရိသတ်တွေကို ပြန်လည် ရှင်းပြပြီး တောင်းပန်ခဲ့ပါသေးတယ်။ဒီနေ့မှာလည်း ဆွေမျိုးတစ်ယောက်ရဲ့ မင်္ဂလာဆောင်မှာ သွားရောက် ဖျော်ဖြေဖို့ ရှိတာကြောင့်ပရိသတ်တွေအထင်မှား အမြင်မှား မဖြစ်ရအောင် သူမရဲ့Facebook Myday ကနေတဆင့် ပြောပြလာခဲ့ ပါတယ်။အထိခိုက်မခံတဲ့ အခြေအနေ တွေမှာ သူမအနေနဲ့လည်း ပရိသတ်အထင် အမြင် လွဲမှားမှာမျိုးတွေ ထပ်မဖြစ်စေချင်ပုံပါပဲ။

ဖျော်ဖြေပွဲသွားရမယ့်အကြောင်းကို” မနက်ဖြန် အမျိုးမင်္ဂလာဆောင် သွားဆိုပေးဖို့ရှိလို့ပါ စကစပွဲလည်း မဟုတ်သလို ဘာမှလည်းမသက်ဆိုင်ပါဘူး။အဲ့တာကြောင့်ကြိုပြီးပြောပြထားရ တာပါ ” ဆိုပြီး ပြောလာခဲ့ ပါတယ်။သူမ ရဲ့ပရိသတ်တွေကတော့ သူမရဲ့ သဘောထားကို အပြည့်အဝနားလည်ကြမှာပါ။အေးချမ်းသွားတဲ့နေ့ရက်တွေရောက်လာခဲ့ရင် မိုးသိုလေး ရဲ့အသံချိုချိုလေး နဲ့ သီချင်းအသစ်တွေကို နားဆင်ဖို့ သူမရဲ့ပရိသတ်တွေက စောင့်မျှော်နေကြပါတယ်။

Credit:celethatin

ZAW GYI

သီခ်င္းသြားဆိုမွာ စကစ ပြဲမွာဆိုမွာမဟုတ္ဖူးလို႔ ႀကိဳတင္ၿပီး ရွင္းျပလာတဲ့ ေအးျမျဖဴ Myanmar Idol Season (4) မွာ Top 3 list ထဲထိ တက္လွမ္းနိုင္ခဲ့တဲ့ေအးျမျဖဴဟာ လူငယ္ ေပမယ့္ အဆိုပညာမွာ ထူးခၽြန္ သူတစ္ေယာက္ပါ။ပညာလည္း ေတာ္တာေၾကာင့္ မိဘဂုဏ္ယူရတဲ့ သမီးေလး တစ္ေယာက္ျဖစ္ခဲ့ပါတယ္။
ငယ္စဥ္ကတည္းက ကေလး သ႐ုပ္ေဆာင္အျဖစ္နဲ႔ ႐ုပ္ရွင္ ဇာတ္ကားေတြမွာပါဝင္ခဲ့သလို သီခ်င္းဆိုၿပိဳင္ပြဲေတြမွာလည္း သူမကိုေတြ႕ရတာမို႔ပရိသတ္ေတြက မိုးသိုငယ္ငယ္ေလး ကတည္းက ခ်စ္ခင္ၿပီးအားေပးခဲ့ၾကပါတယ္။ ဆယ္ေက်ာ္သက္အရြယ္ ေရာက္လာတဲ့ အခ်ိန္မွာေတာ့ Myanmar Idol မွာ ပါဝင္ယွဥ္ၿပိဳင္ခဲ့ၿပီးသူမရဲ့အရည္အခ်င္းေၾကာင့္ အားေပးတဲ့ပရိသတ္ေတြ ပိုမိုမ်ားျပားလာ ခဲ့ပါတယ္။ေႏြဦးေတာ္လွန္ေရးမွာလည္း တတ္စြမ္းသေလာက္ပါဝင္ခဲ့ပါတယ္။

ေတာ္လွန္ေရးအစပိုင္းမွာ မိုးသိုနဲ႔ ပတ္သက္တဲ့ အထင္လြဲမႈအနည္းငယ္ရွိ ခဲ့တာေၾကာင့္သူမက ပရိသတ္ေတြကို ျပန္လည္ ရွင္းျပၿပီး ေတာင္းပန္ခဲ့ပါေသးတယ္။ဒီေန႔မွာလည္း ေဆြမ်ိဳးတစ္ေယာက္ရဲ့ မဂၤလာေဆာင္မွာ သြားေရာက္ ေဖ်ာ္ေျဖဖို႔ ရွိတာေၾကာင့္ပရိသတ္ေတြအထင္မွား အျမင္မွား မျဖစ္ရေအာင္ သူမရဲ့Facebook Myday ကေနတဆင့္ ေျပာျပလာခဲ့ ပါတယ္။အထိခိုက္မခံတဲ့ အေျခအေန ေတြမွာ သူမအေနနဲ႔လည္း ပရိသတ္အထင္ အျမင္ လြဲမွားမွာမ်ိဳးေတြ ထပ္မျဖစ္ေစခ်င္ပုံပါပဲ။

ေဖ်ာ္ေျဖပြဲသြားရမယ့္အေၾကာင္းကို” မနက္ျဖန္ အမ်ိဳးမဂၤလာေဆာင္ သြားဆိုေပးဖို႔ရွိလို႔ပါ စကစပြဲလည္း မဟုတ္သလို ဘာမွလည္းမသက္ဆိုင္ပါဘူး။အဲ့တာေၾကာင့္ႀကိဳၿပီးေျပာျပထားရ တာပါ ” ဆိုၿပီး ေျပာလာခဲ့ ပါတယ္။သူမ ရဲ့ပရိသတ္ေတြကေတာ့ သူမရဲ့ သေဘာထားကို အျပည့္အဝနားလည္ၾကမွာပါ။ေအးခ်မ္းသြားတဲ့ေန႔ရက္ေတြေရာက္လာခဲ့ရင္ မိုးသိုေလး ရဲ့အသံခ်ိဳခ်ိဳေလး နဲ႔ သီခ်င္းအသစ္ေတြကို နားဆင္ဖို႔ သူမရဲ့ပရိသတ္ေတြက ေစာင့္ေမၽွာ္ေနၾကပါတယ္။

Credit:celethatin