သ႐ုပ္ေဆာင္ ျမင့္ျမတ္ ကေတာ့ စိတ္ထား ေကာင္းၿပီး သူတစ္ပါး ကို ကူညီခ်င္စိတ္ အျပည့္ရွိတာေၾကာင့္ ပရိသတ္ေတြ သာမက အႏုပညာေလာက သားတစ္ခုလုံးက ေလးစားၾကရ သူတစ္ေယာက္ ျဖစ္ပါတယ္။ ဒါေပမယ့္ အသက္တစ္ရာ မေနရ အမႈတစ္ရာ ၾကဳံရဆိုတဲ့ စကားအတိုင္း ျမင့္ျမတ္က ၿပီးခဲ့တဲ့ ရက္ပိုင္းက သူ႔ဖခင္ကိုယ္တိုင္ ေျဖၾကား ခဲ့တဲ့ အင္တာဗ်ဳး ဗီဒီယိုေၾကာင့္ ပရိသတ္ေတြၾကား မွာ ေဝဖန္မႈေတြ ခံခဲ့ရတာ ျဖစ္ပါတယ္။ ဒါေပမယ့္ ျမင့္ျမတ္ အေၾကာင္းကိုသိၿပီး ျမင့္ျမတ္တို႔ မိသားစု အတြင္းေရးေတြကို ပါသိတဲ့ သူငယ္ခ်င္း၊ မိတ္ေဆြေတြကေတာ့ ျမင့္ျမတ္ဘက္က ေန ရပ္တည္ၿပီး ပရိသတ္ေတြ အထင္အျမင္မ လြဲေအာင္ ေျဖရွင္းေပးခဲ့ၾကတာ ေတြ႕ရပါတယ္။

ဒီကေန႔မွာ ေတာ့ ျမင့္ျမတ္ ရဲ့ သူငယ္ခ်င္း ျဖစ္သူ သ႐ုပ္ေဆာင္ ဂ်ဴးဂ်ဴးပန္ထြာ က ျမင့္ျမတ္ ရဲ့ မိခင္ ကိုယ္တိုင္ ေျပာၾကားထား တဲ့ ျမင့္ျမတ္ တို႔ မိသားစုအတြင္းေရး ဗီဒီယို ကို ခ်ျပလာခဲ့ပါတယ္။ ထိုဗီဒီယို ထဲမွာ ျမင့္ျမတ္ ရဲ့ မိခင္ေျပာတာကေတာ့ ျမင့္ျမတ္ ရဲ့ ဖခင္က သားျဖစ္သူ ရဲ့ေထာက္ပံ့မႈကို အျပည့္အဝရရွိၿပီး ဆိုင္တစ္ ဆိုင္ကိုလည္း ပိုင္ဆိုင္ထားေၾကာင္း၊ ျမင့္ျမတ္ ရဲ့ ဖခင္ဟာ သားကို အရွက္ခြဲခ်င္ လို႔ ႀကံစည္ေနတာ ၾကာခဲ့ၿပီ ျဖစ္ေၾကာင္း ကိုယ္တိုင္ေျပာၾကားလာတာကို အခုလိုပဲ ေတြ႕ရပါတယ္။

ျမင့္ျမတ္ ရဲ့ မိခင္က ေတာ့ သားအလိမၼာ အတြက္ မားမားမတ္မတ္ရပ္တည္ ေပးၿပီး မိသားစုအတြင္းေရး ေတြကို ရွင္းရွင္းလင္းလင္း ေျပာလာခဲ့တာပဲ ျဖစ္ပါတယ္။ ပရိသတ္ႀကီး လည္း ဒီဗီဒီယိုေလးကို ၾကည့္ၿပီး ျမင့္ျမတ္ အေပၚ သံသယေတြ ထားခဲ့မိရင္ အားလုံးရွင္းလင္း သြားမယ္ ထင္ပါတယ္ေနာ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီး အားလုံးလည္း သာယာ ေပ်ာ္ရႊင္တဲ့ ေန႔ေလး တစ္ေန႔ကို ပိုင္ဆိုင္နိုင္ ၾကပါေစလို႔ဆုေတာင္းေပ းလိုက္ပါတယ္။

Source: Jue Lay ‘s fb
Bilie – Cele Connections

unicode

သရုပ်ဆောင် မြင့်မြတ် ကတော့ စိတ်ထား ကောင်းပြီး သူတစ်ပါး ကို ကူညီချင်စိတ် အပြည့်ရှိတာကြောင့် ပရိသတ်တွေ သာမက အနုပညာလောက သားတစ်ခုလုံးက လေးစားကြရ သူတစ်ယောက် ဖြစ်ပါတယ်။ ဒါပေမယ့် အသက်တစ်ရာ မနေရ အမှုတစ်ရာ ကြုံရဆိုတဲ့ စကားအတိုင်း မြင့်မြတ်က ပြီးခဲ့တဲ့ ရက်ပိုင်းက သူ့ဖခင်ကိုယ်တိုင် ဖြေကြား ခဲ့တဲ့ အင်တာဗျုး ဗီဒီယိုကြောင့် ပရိသတ်တွေကြား မှာ ဝေဖန်မှုတွေ ခံခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမယ့် မြင့်မြတ် အကြောင်းကိုသိပြီး မြင့်မြတ်တို့ မိသားစု အတွင်းရေးတွေကို ပါသိတဲ့ သူငယ်ချင်း၊ မိတ်ဆွေတွေကတော့ မြင့်မြတ်ဘက်က နေ ရပ်တည်ပြီး ပရိသတ်တွေ အထင်အမြင်မ လွဲအောင် ဖြေရှင်းပေးခဲ့ကြတာ တွေ့ရပါတယ်။

ဒီကနေ့မှာ တော့ မြင့်မြတ် ရဲ့ သူငယ်ချင်း ဖြစ်သူ သရုပ်ဆောင် ဂျူးဂျူးပန်ထွာ က မြင့်မြတ် ရဲ့ မိခင် ကိုယ်တိုင် ပြောကြားထား တဲ့ မြင့်မြတ် တို့ မိသားစုအတွင်းရေး ဗီဒီယို ကို ချပြလာခဲ့ပါတယ်။ ထိုဗီဒီယို ထဲမှာ မြင့်မြတ် ရဲ့ မိခင်ပြောတာကတော့ မြင့်မြတ် ရဲ့ ဖခင်က သားဖြစ်သူ ရဲ့ထောက်ပံ့မှုကို အပြည့်အဝရရှိပြီး ဆိုင်တစ် ဆိုင်ကိုလည်း ပိုင်ဆိုင်ထားကြောင်း၊ မြင့်မြတ် ရဲ့ ဖခင်ဟာ သားကို အရှက်ခွဲချင် လို့ ကြံစည်နေတာ ကြာခဲ့ပြီ ဖြစ်ကြောင်း ကိုယ်တိုင်ပြောကြားလာတာကို အခုလိုပဲ တွေ့ရပါတယ်။

မြင့်မြတ် ရဲ့ မိခင်က တော့ သားအလိမ္မာ အတွက် မားမားမတ်မတ်ရပ်တည် ပေးပြီး မိသားစုအတွင်းရေး တွေကို ရှင်းရှင်းလင်းလင်း ပြောလာခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီး လည်း ဒီဗီဒီယိုလေးကို ကြည့်ပြီး မြင့်မြတ် အပေါ် သံသယတွေ ထားခဲ့မိရင် အားလုံးရှင်းလင်း သွားမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီး အားလုံးလည်း သာယာ ပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင်နိုင် ကြပါစေလို့ဆုတောင်းပေ းလိုက်ပါတယ်။

Source: Jue Lay ‘s fb
Bilie – Cele Connections