လတ်တလော မြန်မာနိုင်ငံရဲ့ ဒီမီုကရေစီ အရေးမှာ အမှန်တရားကို လိုလားကြတဲ့ ပြည်သူတွေ နဲ့အတူအနုပညာရှင်များစွာကလည်း ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။
ဒီလို ပြည်သူတွေ နဲ့ အတူ တစ်သားတည်း ပါဝင်လှုပ်ရှားတဲ့ အနုပညာရှင်တွေထဲမှာ သရုပ်ဆောင် မင်းမော်ကွန်းလည်း အပါအဝင်ပါပဲ။မင်းမော်ကွန်းဟာ နာမည်ကျော်ဝါရင့်မင်းသား တစ်ယောက်ဖြစ်ပေမယ့် သူ့ရဲ့အောင်မြင်မှုတွေကို ဘေးချိတ်ပြီး အမှန်တရားအတွက် ရဲရဲဝံ့ဝံ့ ရပ် တည်နေတာဖြစ်ပါတယ်။

အခုဆိုရင်လည်း မင်းမော်ကွန်း ရဲ့ ဇနီးဖြစ်သူနဲ့ သားအငယ်ဆုံးလေးဖြစ်တဲ့ သားဘုန်းလေး တို့ဟာ လွတ်မြောက်နယ်မြေကိုရောက်ရှိ နေပြီ ဖြစ်ပြီး မိသားစုတတွေအမှန်တရားအတွက် ရပ်တည်နေကြတာ ဖြစ်ပါတယ်။တောတောင်ထဲ မှာလည်း သားအမိနှစ်ယောက်မှိုချိုးကြရင်း ရလာတဲ့မှိုတွေကို ရွာတွေထဲလိုက်ရောင်းကာ ကိုယ့်အားကိုယ် ကိုးရင်း ရပ်တည် နေကြတာဖြစ်တယ်လို့ သိရပါတယ်။

အခုဆိုရင်လည်း မင်းမော်ကွန်း ရဲ့ဇနီးဖြစ်သူဟာ တောထဲမှာ မှိုချိုးသွားနေတဲ့ သားဘုန်းလေးရဲ့ ဗီဒီယိုလေးကို သူမရဲ့ Facebookစာ မျက် နှာလေးမှာ တင်ပေးလာခဲ့ပါတယ်။ပါရမီဖြည့်ဖက် ကောင်းတစ်ယောက်အနေ နဲ့ အခုလိုအခက်အခဲတွေကြားမှာပါ လိုက်ပြီးနေ ပေးကြတဲ့ မင်းမော်ကွန်းရဲ့ ဇနီးဖြစ်သူကတော့ အင်မတန်လေးစားစရာကောင်းပါတယ်။ပရိသတ်တွေအတွက် ပြန်လည် ဖော်ပြပေးလိုက်ပါတယ်နော်။

Credit…..

ZAWGYI




Credit…..