ပရိသတ်ကြီးရေ မအေးသောင်းလို့ ပရိသတ်တွေ ချစ်စနိုးနဲ့ ခေါ်ကြတဲ့ အေးဝတ်ရည်သောင်း ကတော့ ဒီနေ့မှာ သူ့ရဲ့လူမှုကွန်ရက် စာမျက်နှာကနေ ဖခင်ကြီး ခွဲစိပ်ကုသမှုခံယူရကြောင်း မျှဝေဖော်ပြလာခဲ့ပါတယ်။ အေးသောင်းရဲ့ ဖခင်ကြီးကတော့ သည်းခြေအိတ်ယောင်ပြီးကျောက်တည်တာကြောင့် ခွဲစိပ်ကုသမှုခံယူခဲ့ရတာပဲဖြစ်ပါတယ်။

အေးသောင်းကတော့ “သမီးကိုဓာတ်ပုံ လှလှလေးတွေ အမြဲရိုက်ပေးတဲ့ ဖေဖေ။ သမီးနဲ့ထပ်ချပ်မကွာအမြဲရှိတဲ့ဖေဖေ။ သည်းခြေအိတ်ယောင်ပြီးကျောက်တည်လို့ ဒီနေ့မနက် အောင်အောင်မြင်မြင်နဲ့ ခွဲစိတ်ကုသပြီးပါပြီ။ ဘုရားသခင်ကိုကျေးဇူးတင်ပါတယ်။” ဆိုပြီး ဖခင်ကြီးရဲ့ ခွဲစိပ်ကုသမှု ကတော့အောင်အောင်မြင်မြင်ပြီးမြောက်ခဲ့ကြောင်းနဲ့ အမြန်ဆုံးပြန်လည် ကျန်းမာစေဖို့ ဆုတောင်းထားခဲ့ပါတယ်။

ဒါ့အပြင် ဖခင်ကြီးအတွက် ဝိုင်းဝန်းဆုတောင်းပေးကြတဲ့ သူငယ်ချင်းမိတ်ဆွေတွေကို ကျေးဇူးတင်ကြောင်းလည်း”ဆုတောင်းပေးကြတဲ့ သူငယ်ချင်းမိတ်ဆွေတွေကိုလည်းကျေးဇူးတင်ပါတယ်“လို့ ရေးသားထားခဲ့ပါသေးတယ်။ ပရိသတ်ကြီးတွေလည်း မအေးသောင်းရဲ့ ဖေဖေအတွက် ဆုတောင်းမေတ္တာပို့သပေးခဲ့ကြပါဦးနော်။

Credit – CeleGabar

zawgyi




Credit – CeleGabar