အနုပညာလောကမှာ နှစ်ပေါင်းများစွာ တိုင်အောင် ရပ်တည် အောင်မြင်နေပြီး ပရိသတ်အားပေးမှုကို အခိုင်အမာ ရရှိထားတဲ့ ဝါရင့်သရုပ်ဆောင် ညီနန္ဒကိုသိကြမယ်ထင်ပါတယ်နော်။ ညီနန္ဒကတော့ ( ၅၀၅ -က )နဲ့ အမှုဖွင့် အရေးယူခံထားရတာကြောင့် မိသားစုနဲ့ ခွဲခွာနေနေရတာလည်းဖြစ်ပါတယ် ။

မကြာခင်ရက်ပိုင်းက ဖခင်ဖြစ်သူ ကိုဗစ်ကူးစက် ခံထားရကာ အတော်လေး ရောဂါဝေဒနာ ခံစားပြီး ကွယ်လွန် သွားတာကိုလည်း တွေ့ရပါတယ် ။ ဒီနေ့ကတော့ ဖခင်ဖြစ်သူရဲ့ ရက်လည်နေ့ဖြစ်တယ်လို့လည်း သိရပါတယ် ။ဖခင် ရက်လည်နေ့မှာ ထောပတ်ထမင်း များကို လှူဒါန်းခဲ့တယ်လို့ သူရဲ့ အကောင့်လေးမှာ ရေးသားဖော်ပြထားပါတယ် ။

အလှူနဲ့ ပတ်သက်ပြီးလည်း ” ဒီနေ့ အဖေ့ရက်လည် အလှူအတွက် အဖေအရမ်းကြိုက်တဲ့ “ကိုနန္ဒ ထောပတ်ထမင်း” ရဲ့ မျိုးဆက် “စနိုးဦး ထောပတ်ထမင်း” ပွဲ ၂၅၀ ကို ဘုန်းကြီး ကျောင်းနေ့ဆွမ်း, အဖေ့မိတ်ဆွေ အိမ်များ, အဖေအမော ဖောက်နေချိန် မှာ စောင့်ရှောက်ပေးခဲ့ကြတဲ့ ဆရာဝန်များ, ကိုဝေဠုကျော် ဖောင်ဒေးရှင်း, ဒီရက်ပိုင်း စိတ်ရော ကိုယ်ပါပင်ပန်းနေကြတဲ့ ပရဟိတအဖွဲ့များ, အဖေ့ခန္ဓာကိုယ် မီးသဂြိုလ်ခဲ့တဲ့ ကြည်စု သုသာန် မှ ပရဟိတဝန်ထမ်းများသို့ ပေးပို့လှူဒါန်းခဲ့ပါတယ်…သားတို့ ပြုသမျှကုသိုလ်တွေကို ထပ်တူရပြီး ငြိမ်းချမ်းစွာအနားယူပါ အဖေ ” ရေးသာစဖော်ပြထားရာ ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။

Yuan – Cele Zone
Photo – Nyi Nanda

ZAWGYI

အႏုပညာေလာကမွာ ႏွစ္ေပါင္းမ်ားစြာ တိုင္ေအာင္ ရပ္တည္ ေအာင္ျမင္ေနၿပီး ပရိသတ္အားေပးမႈကို အခိုင္အမာ ရရွိထားတဲ့ ဝါရင့္သ႐ုပ္ေဆာင္ ညီနႏၵကိုသိၾကမယ္ထင္ပါတယ္ေနာ္။ ညီနႏၵကေတာ့ ( ၅၀၅ -က )နဲ႔ အမႈဖြင့္ အေရးယူခံထားရတာေၾကာင့္ မိသားစုနဲ႔ ခြဲခြာေနေနရတာလည္းျဖစ္ပါတယ္ ။

မၾကာခင္ရက္ပိုင္းက ဖခင္ျဖစ္သူ ကိုဗစ္ကူးစက္ ခံထားရကာ အေတာ္ေလး ေရာဂါေဝဒနာ ခံစားၿပီး ကြယ္လြန္ သြားတာကိုလည္း ေတြ႕ရပါတယ္ ။ ဒီေန႔ကေတာ့ ဖခင္ျဖစ္သူရဲ့ ရက္လည္ေန႔ျဖစ္တယ္လို႔လည္း သိရပါတယ္ ။ဖခင္ ရက္လည္ေန႔မွာ ေထာပတ္ထမင္း မ်ားကို လႉဒါန္းခဲ့တယ္လို႔ သူရဲ့ အေကာင့္ေလးမွာ ေရးသားေဖာ္ျပထားပါတယ္ ။

အလႉနဲ႔ ပတ္သက္ၿပီးလည္း ” ဒီေန႔ အေဖ့ရက္လည္ အလႉအတြက္ အေဖအရမ္းႀကိဳက္တဲ့ “ကိုနႏၵ ေထာပတ္ထမင္း” ရဲ့ မ်ိဳးဆက္ “စနိုးဦး ေထာပတ္ထမင္း” ပြဲ ၂၅၀ ကို ဘုန္းႀကီး ေက်ာင္းေန႔ဆြမ္း, အေဖ့မိတ္ေဆြ အိမ္မ်ား, အေဖအေမာ ေဖာက္ေနခ်ိန္ မွာ ေစာင့္ေရွာက္ေပးခဲ့ၾကတဲ့ ဆရာဝန္မ်ား, ကိုေဝဠဳေက်ာ္ ေဖာင္ေဒးရွင္း, ဒီရက္ပိုင္း စိတ္ေရာ ကိုယ္ပါပင္ပန္းေနၾကတဲ့ ပရဟိတအဖြဲ႕မ်ား, အေဖ့ခႏၶာကိုယ္ မီးသၿဂိဳလ္ခဲ့တဲ့ ၾကည္စု သုသာန္ မွ ပရဟိတဝန္ထမ္းမ်ားသို႔ ေပးပို႔လႉဒါန္းခဲ့ပါတယ္…သားတို႔ ျပဳသမၽွကုသိုလ္ေတြကို ထပ္တူရၿပီး ၿငိမ္းခ်မ္းစြာအနားယူပါ အေဖ ” ေရးသာစေဖာ္ျပထားရာ ပရိသတ္ႀကီးအတြက္ ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္ ။

Yuan – Cele Zone
Photo – Nyi Nanda