ပရိတ်သတ်ကြီးရေ..အနုပညာ လောကမှာ ဇာတ်လမ်းတွဲ များစွာကို ရိုက်ကူးထားပြီး သရုပ်ဆောင်ပီပြင်ပိုင်နိုင်တဲ့အတွက် ပရိတ်သတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိထားတဲ့သူကတော့ ဘုုန်းဆက်သွင် ပဲဖြစ်ပါတယ်နော်..။ဘုန်းဆက်သွင် ဟာဆိုရင် လက်ရှိမြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ အခြေအနေနဲ့ပတ်သက်ပြီး လူထုလှုပ်ရှားမှုမှာ ပြည်သူတွေနဲ့အတူ တစ်သားတည်း ရပ်တည်နေတာပဲဖြစ်ပါတယ်.။
အခုလို ပါဝင်ခဲ့ တာကြောင့်လည်း ပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲဆိုခံထားရတာ ဖြစ်ပါတယ်။ဘုန်ဆက်သွင်ဟာဆိုရင် တရားစွဲ ဆိုခံထားရပေမယ့်လည်း ယခုအချိန် ထိလမ်းပေါ်ထွက်ကာ ရင်ထဲကဆန္ဒအမှန်တွေကို ထုတ်ဖော်ပြသနေတာပဲဖြစ်ပါတယ်ပရိတ်သတ်ကြီးရေ…။ ပြည်သူတွေ နဲ့တစ်သားတည်းရပ် တည်ခဲ့တဲ့ ဘုန်းဆက်သွင်ရဲ့ရဲရင့်တဲ့စိတ်ဓာတ်ကိုပရိတ်သတ်တွေကလည်း လေးစားဂုဏ်ယူနေကြ တာပဲဖြစ်ပါတယ်။
ဒီကနေ့မှာဆိုရင်လည်း ဘုန်းဆက်သွင် က ရန်ကုန်မြို့ရဲ့တစ်နေရာကသပိတ်စစ်ကြောင်းတွင် အမှန်တရားအတွက် ရဲရဲဝင့်ဝင့်တိုက်ပွဲဝင်ပြီး ဆန္ဒဖော်ထုတ်ခဲ့တာပဲဖြစ်ပါတယ်။ဒီကနေ့ သပိတ်စစ်ကြောင်း မှာပါဝင်ခဲ့တဲ့ ဘုန်းဆက်သွင် ရဲ့ပုံရိပ်တွေကို သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာကနေတစ်ဆင့် ပရိတ်သတ်ကိုချပြလာတာပဲဖြစ်ပါတယ်နော်…။ ဘုန်းဆက်သွင်က ” ယနေ့ သပိတ်“ငါတို့မှာ…….ငါတို့ပဲရှိတယ် ငါတို့မှာ…….အမှန်တရားရှိတယ် အမှန်တရားမှာ…….အနိုင်ပဲရှိတယ် ” ✊🏼” ဆိုပြီး ရေးသားထားတာပဲဖြစ်ပါတယ်.။
ပြည်သူလူထုနဲ့အတူအမှန်တရားဘက်ကရပ်တည်ပြီးရဲဝင့်စွာနဲ့ဆန္ဒဖော်ထုတ်နေတဲ့ ဘုန်းဆက်သွင်ရဲ့လေးစားစရာပုံရိပ်တွေကို အခုလိုပဲတစ်ဆင့်ပြန်လည်ကူးယူ ဖော်ပြပေးလိုက်ပါတယ်နော်..။ဖတိရှုပေးတဲ့ ပရိတ်သတ်တစ်ယောက်ချင်းစီတိုင်းကို အထူးပဲကျေးဇူးတင်ရှိပါတယ်။
Source ; Phone Sett Thwin’s Facebook Account
Credit ; Celebrity Platforms
zaw gyi