ကိုယ္တိုင္ လည္းခက္ခဲတဲ့ ဘဝထဲက ႐ုန္းကန္လာခဲ့ရသူမို႔ ခက္ခဲတဲ့ ဘဝေတြကို အျပည့္အဝ ကိုယ္ခ်င္း စာနာတတ္တဲ့ ဖိလစ္ပိုင္ လူမ်ိဳး Sinon Loresca ဟာ ျမန္မာျပည္ကို ခ်စ္သလို ျမန္မာလူမ်ိဳးေတြ ရဲ့ အခက္အခဲေတြ ျမင္တိုင္းလည္း တတ္နိုင္သေလာက္ ကူညီလႉဒါန္း ေပးသူပါ။ ခရစၥမတ္ ေန႔မွာလည္း သူ႔ ရဲ့ အလႉေလးတစ္ခု အျဖစ္နဲ႔ လမ္းေပၚမွာ ေတြ႕သမၽွ အေျခခံ လူတန္းစား ေတြအတြက္ လက္ေဆာင္ေတြလိုက္ေဝေပးခဲ့ပါတယ္။

အခက္ခဲရွိ သူတိုင္းကို လက္လွမ္းမွီသေလာက္ ကူညီေပးတတ္တဲ့ စိတ္ဓာတ္ေလး ေၾကာင့္ ျမန္မာ ပရိသတ္ေတြကလည္း သူ႔ကို သိပ္ၿပီးခ်စ္ခင္ အားေပးၾကပါတယ္။ ကိုယ့္အတြက္ ေတာ့ ေစတနာ သန႔္သန႔္ နဲ႔ လႉလိုက္တဲ့ အရာေလးဟာ တစ္ဖက္မွာေတာ့ ခက္ခဲေနတဲ့ အေျခအေနေတြကို တခဏတာ အဆင္ေျပသြားနိုင္တာမို႔ လႉဒါန္း သူေရာ အလႉ လက္ခံရသူ အတြက္ပါ အက်ိဳးျဖစ္ထြန္းပါတယ္။

ဒီလို ခ်စ္စရာ ေကာင္းတဲ့ စိတ္ထားေလးေၾကာင့္ လည္း အားလုံးရဲ့ အခ်စ္ေတာ္ေလး ျဖစ္ေနခဲ့တာ ပါ။ သူအရမ္း သေဘာက်တဲ့ ဆယ္လက္မ ေဒါက္ျမင့္ ဖိနပ္ေလးကိုေတာ့ ဘယ္ သြားသြား အျမဲဝတ္ၿပီး အျမတ္တနိုးထား တတ္ပါေသးတယ္။ အလႉ ေရစက္ လက္ နဲ႔ မကြာတဲ့ Sinon ရဲ့ ခရစၥမတ္အလႉဗီဒီယိုေလးကို ပရိသတ္ႀကီးအတြက္ တင္ဆက္ေပးလိုက္ပါတယ္။

Happy – Cele Zone
Photo – Sinon Loresca

unicode

ကိုယ်တိုင် လည်းခက်ခဲတဲ့ ဘဝထဲက ရုန်းကန်လာခဲ့ရသူမို့ ခက်ခဲတဲ့ ဘဝတွေကို အပြည့်အဝ ကိုယ်ချင်း စာနာတတ်တဲ့ ဖိလစ်ပိုင် လူမျိုး Sinon Loresca ဟာ မြန်မာပြည်ကို ချစ်သလို မြန်မာလူမျိုးတွေ ရဲ့ အခက်အခဲတွေ မြင်တိုင်းလည်း တတ်နိုင်သလောက် ကူညီလှူဒါန်း ပေးသူပါ။ ခရစ္စမတ် နေ့မှာလည်း သူ့ ရဲ့ အလှူလေးတစ်ခု အဖြစ်နဲ့ လမ်းပေါ်မှာ တွေ့သမျှ အခြေခံ လူတန်းစား တွေအတွက် လက်ဆောင်တွေလိုက်ဝေပေးခဲ့ပါတယ်။

အခက်ခဲရှိ သူတိုင်းကို လက်လှမ်းမှီသလောက် ကူညီပေးတတ်တဲ့ စိတ်ဓာတ်လေး ကြောင့် မြန်မာ ပရိသတ်တွေကလည်း သူ့ကို သိပ်ပြီးချစ်ခင် အားပေးကြပါတယ်။ ကိုယ့်အတွက် တော့ စေတနာ သန့်သန့် နဲ့ လှူလိုက်တဲ့ အရာလေးဟာ တစ်ဖက်မှာတော့ ခက်ခဲနေတဲ့ အခြေအနေတွေကို တခဏတာ အဆင်ပြေသွားနိုင်တာမို့ လှူဒါန်း သူရော အလှူ လက်ခံရသူ အတွက်ပါ အကျိုးဖြစ်ထွန်းပါတယ်။

ဒီလို ချစ်စရာ ကောင်းတဲ့ စိတ်ထားလေးကြောင့် လည်း အားလုံးရဲ့ အချစ်တော်လေး ဖြစ်နေခဲ့တာ ပါ။ သူအရမ်း သဘောကျတဲ့ ဆယ်လက်မ ဒေါက်မြင့် ဖိနပ်လေးကိုတော့ ဘယ် သွားသွား အမြဲဝတ်ပြီး အမြတ်တနိုးထား တတ်ပါသေးတယ်။ အလှူ ရေစက် လက် နဲ့ မကွာတဲ့ Sinon ရဲ့ ခရစ္စမတ်အလှူဗီဒီယိုလေးကို ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။

Happy – Cele Zone
Photo – Sinon Loresca