


Chilli – CeleGabar
Source – Burmese Ghouls

UNICODE

ပရိသတ်ကြီးရေ စင်ကာပူ နိုင်ငံမှာ လက်ခံ ကျင်းပ နေခဲ့တဲ့ M2 World Championship ပြိုင်ပွဲကြီး ကိုတော့ မြန်မာ့ကိုယ်စား ပြုအသင်းအနေ နဲ့ Burmese Ghouls အသင်းကတော့ သွားရောက် ယှဉ်ပြိုင်နေ ခဲ့ပါတယ်။ Burmese Ghouls အသင်းကတော့ Esport လောက မှာ အကြီးကျယ်ဆုံး နဲ့ အခမ်းနားဆုံး ဖြစ်တဲ့ ကမ္ဘာချန်ပီယံ ဆုကြီးကို ပေးအပ်တဲ့ M2 ပြိုင်ပွဲ ကိုတော့ မြန်မာနိုင်ငံ ရဲ့တစ်သင်းတည်းသော အသင်းအဖြစ် နဲ့ သွားရောက် ယှဉ်ပြိုင်ခဲ့ရတာပါ။

ဒီနေ့ မှာတော့ Burmese Ghouls အသင်း ဟာ မြန်မာ့ Esport သမိုင်းရဲ့ ပထမဆုံး စံချိန်တစ်ခု အနေနဲ့ M2 World Championship ပြိုင်ပွဲကြီး ရဲ့ Grand Final ကို ရှုံးပွဲ မရှိဆိုတဲ့ ရလဒ် နဲ့ အတူ ဂုဏ်ယူစွာနဲ့ တက်လှမ်းသွားနိုင်ခဲ့ပါတယ်။ ပြိုင်ဘက် အသင်းတွေ ကို အကြိတ်အနယ် နဲ့ ယှဉ်ပြိုင် ခဲ့ပြီး အနိုင်ရရှိကာ ထိုက်ထိုက် တန်တန် နဲ့ ကို စံချိန်အသစ် နဲ့ တက်ရောက် သွားခဲ့တာပဲဖြစ်ပါတယ်။ နိုင်ငံတကာက လာရောက်ယှဉ်ပြိုင်တဲ့ ပြိုင်ဘက် အသင်းတွေကြားထဲ မှာ ရှုံးပွဲမရှိရလဒ်ကို ရရှိအောင် စွမ်းဆောင်ထားနိုင်ခဲ့တဲ့ Burmese Ghouls အသင်းရဲ့ စွမ်းရည်တွေ ကတော့ တကယ်မှကြောက်ခမန်းလိလိပါပဲ။

Champion ဆုကြီး ကို အရယူဖို့ ရည်ရွယ်ချက်ထား ကာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့Burmese Ghouls အသင်း ရဲ့ စွမ်းဆောင်ရည်တွေက တကယ်ကိုပဲစွမ်းရည်ပြည့်ဝလွန်း လှတာကြောင့် မြန်မာပရိသတ် တွေကလည်း ဂုဏ်ယူမဆုံး ဖြစ်နေခဲ့ရပါတယ်။ မြန်မာပရိသတ်တွေ ကလည်း မြန်မာ ကိုယ်စားပြုအသင်းဖြစ်တဲ့ Burmese Ghouls အသင်းကို Final ပွဲစဉ်မှာလည်း အားပေးဖို့ အဆင်သင့် ဖြစ်နေကြပါပြီနော်။

Chilli – CeleGabar
Source – Burmese Ghouls