မင္းသားေခ်ာ ေနတိုးက ေတာ့ ငယ္စဥ္ ကေလးဘဝကတည္း က အႏုပညာနဲ႔ ပက္သတ္ရင္ သူမ်ား တကာထက္ ပိုၿပီး ဝါသနာ ႀကီးသူ တစ္ေယာက္ ျဖစ္ပါတယ္။ တကၠသိုလ္ဝင္တန္း ေအာင္ျမင္ၿပီး ခ်ိန္ကတည္းက အႏုပညာ ေလာကထဲကို ဝင္ေရာက္ လာခဲ့တဲ့ ေနတိုးက အကယ္ဒမီ သုံးဆုရွင္ မင္းသား တစ္ေယာက္အျဖစ္ ထိပ္ဆုံးမွာ ေနရာယူထား နိုင္သလို လက္ရွိအသက္ ေလးဆယ္နီးပါး တိုင္ ႐ုပ္ရွင္၊ ေၾကာ္ျငာတိုင္းမွာ ျမင္ေတြ႕ ေနရဆဲ ျဖစ္ပါတယ္။ ေနတိုးက လည္း သူ႔ကိုအားေပး ေနၾကတဲ့ ပရိသတ္ေတြ စိတ္ပ်က္ အားေလ်ာ့သြားျခင္း မရွိေအာင္ အျမဲတမ္းအသစ္ တစ္ေယာက္လို ႀကိဳးစား ေနဆဲ ျဖစ္ပါတယ္။

႐ုပ္ရွင္ မင္းသား ဆိုေပမယ့္ သီခ်င္းဆို ေကာင္းၿပီး ဇာတ္လမ္းလိုအပ္ခ်က္ အရ ကျပရတာေတြမွာလည္း အေကာင္းဆုံး ႀကိဳးစားနိုင္တဲ့ ေနတိုး က လက္ရွိမွာလည္း ပန္းေရာင္ျခယ္ နဲ႔အတူတူ သ႐ုပ္ေဆာင္ ထားတဲ့ ဖုန္းေၾကာ္ျငာ ေလးေၾကာင့္ ပရိသတ္ေတြ ၾကား ေရပန္းစား ေအာင္ျမင္ေန တာပဲ ျဖစ္ပါတယ္။ ဒီကေန႔မွာေတာ့ ဝတ္မႈံေရႊရည္က ပန္းေရာင္ျခယ္ နဲ႔ ဖုန္းေၾကာ္ ျငာထဲက အမွတ္တရေတြ နဲ႔ အလြဲေတြကို ပရိသတ္ေတြ ၾကည့္ရႈ နိုင္ဖို႔ သူ႔ရဲ့ Youtube စာမ်က္ႏွာကေန အခုလိုပဲ တင္ဆက္ ေပးလာပါတယ္။

ပရိသတ္ ေတြ စကၠန႔္ပိုင္း ၊ မိနစ္ပိုင္းေလာက္ သာၾကည့္ရတဲ့ ေၾကာ္ျငာေတြ ရဲ့ ေနာက္ကြယ္မွာ မင္းသား ၊ မင္းသမီးေတြ နဲ႔ ရိုက္ကူးေရး အဖြဲ႕သားေတြ ခမ်ာ အျပန္ျပန္ အလွန္လွန္ ႀကိဳးစားရတယ္ ဆိုတာ ေနတိုး ရဲ့ ဒီဗီဒီယိုေလး က သက္ေသပါပဲ။ ပရိသတ္ႀကီး လည္း ေနတိုး ရဲ့ ရိုက္ကြင္းေပၚ က ဗီဒီယိုေလးကို ၾကည့္ၿပီး သေဘာက် ၾကမယ္ ထင္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီး အားလုံး သာယာ ေပ်ာ္ရႊင္တဲ့ ေန႔ေလး တစ္ေန႔ကို ပိုင္ဆိုင္နိုင္ၾကပါေစလို႔ ဆုေတာင္း ေပးလိုက္ပါတယ္ေနာ္။

Source: Nay Toe’s fb
Bilie – Cele Connections

UNICODE

မင်းသားချော နေတိုးက တော့ ငယ်စဉ် ကလေးဘဝကတည်း က အနုပညာနဲ့ ပက်သတ်ရင် သူများ တကာထက် ပိုပြီး ဝါသနာ ကြီးသူ တစ်ယောက် ဖြစ်ပါတယ်။ တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီး ချိန်ကတည်းက အနုပညာ လောကထဲကို ဝင်ရောက် လာခဲ့တဲ့ နေတိုးက အကယ်ဒမီ သုံးဆုရှင် မင်းသား တစ်ယောက်အဖြစ် ထိပ်ဆုံးမှာ နေရာယူထား နိုင်သလို လက်ရှိအသက် လေးဆယ်နီးပါး တိုင် ရုပ်ရှင်၊ ကြော်ငြာတိုင်းမှာ မြင်တွေ့ နေရဆဲ ဖြစ်ပါတယ်။ နေတိုးက လည်း သူ့ကိုအားပေး နေကြတဲ့ ပရိသတ်တွေ စိတ်ပျက် အားလျော့သွားခြင်း မရှိအောင် အမြဲတမ်းအသစ် တစ်ယောက်လို ကြိုးစား နေဆဲ ဖြစ်ပါတယ်။

ရုပ်ရှင် မင်းသား ဆိုပေမယ့် သီချင်းဆို ကောင်းပြီး ဇာတ်လမ်းလိုအပ်ချက် အရ ကပြရတာတွေမှာလည်း အကောင်းဆုံး ကြိုးစားနိုင်တဲ့ နေတိုး က လက်ရှိမှာလည်း ပန်းရောင်ခြယ် နဲ့အတူတူ သရုပ်ဆောင် ထားတဲ့ ဖုန်းကြော်ငြာ လေးကြောင့် ပရိသတ်တွေ ကြား ရေပန်းစား အောင်မြင်နေ တာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ဝတ်မှုံရွှေရည်က ပန်းရောင်ခြယ် နဲ့ ဖုန်းကြော် ငြာထဲက အမှတ်တရတွေ နဲ့ အလွဲတွေကို ပရိသတ်တွေ ကြည့်ရှု နိုင်ဖို့ သူ့ရဲ့ Youtube စာမျက်နှာကနေ အခုလိုပဲ တင်ဆက် ပေးလာပါတယ်။

ပရိသတ် တွေ စက္ကန့်ပိုင်း ၊ မိနစ်ပိုင်းလောက် သာကြည့်ရတဲ့ ကြော်ငြာတွေ ရဲ့ နောက်ကွယ်မှာ မင်းသား ၊ မင်းသမီးတွေ နဲ့ ရိုက်ကူးရေး အဖွဲ့သားတွေ ခမျာ အပြန်ပြန် အလှန်လှန် ကြိုးစားရတယ် ဆိုတာ နေတိုး ရဲ့ ဒီဗီဒီယိုလေး က သက်သေပါပဲ။ ပရိသတ်ကြီး လည်း နေတိုး ရဲ့ ရိုက်ကွင်းပေါ် က ဗီဒီယိုလေးကို ကြည့်ပြီး သဘောကျ ကြမယ် ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီး အားလုံး သာယာ ပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်း ပေးလိုက်ပါတယ်နော်။

Source: Nay Toe’s fb
Bilie – Cele Connections