အဆိုေတာ္မေလး ဆြိဝတ္ရည္ေသာင္း ကေတာ့ သီခ်င္းေတြကို အသံခ်ိဳခ်ိဳ ေလးနဲ႔ သီဆိုတတ္ၿပီး ပရိသတ္ေတြ ကို ဖမ္းစားနိုင္စြမ္းရွိတာ ျဖစ္ပါတယ္ ။ ဆြိဝတ္ရည္ေသာင္းက အဆိုေတာ္အျဖစ္ ေအာင္ျမင္ေန႐ုံသာမက သ႐ုပ္ေဆာင္ အျဖစ္လည္း ဇာတ္ကားေတြရိုက္ကူးခဲ့ရတာ ျဖစ္ပါတယ္ ။ လက္ရွိကာလမွာေတာ့ ဆြိဝတ္ရည္ေသာင္းက ျပည္သူေတြဘက္ကေန အခိုင္အမာရပ္တည္ဝန္းရံေပးေနတာ ျဖစ္ပါတယ္ ။

ဆြိဝတ္ရည္ေသာင္းကေတာ့ ၿပီးခဲ့တဲ့ရက္ပိုင္းကတည္းက လမ္းေပၚ ထြက္ၿပီး လူထုလႈပ္ရွားမႈ ေတြကို လုပ္ေဆာင္ခဲ့တာ ျဖစ္ပါတယ္ ။ အစ္မႀကီးျဖစ္တဲ့ႏွင္းဝတ္ရည္ေသာင္းက ျပည္ပမွာ တတ္နိုင္သေလာက္ စြမ္းေဆာင္ ေနသလို ဆြိဝတ္ရည္ေသာင္းနဲ႔ ေအးေသာင္း တို႔ညီအစ္မကလည္း ျမန္မာနိုင္ငံမွာေနၿပီး တာဝန္ေက်ေနတာ ျဖစ္ပါတယ္ ။ မေန႔ကေတာ့ ဆြိဝတ္ရည္ေသာင္း က ရန္ကုန္ၿမိဳ႕ရွိ ဗဟိုဘဏ္ အေရွ႕ကိုသြားေရာက္ၿပီး ျပည္သူ႔ဝန္ထမ္းေတြကို ေတာင္းဆိုမႈျပဳလုပ္ခဲ့တာ ျဖစ္ပါတယ္ ။

စိတ္ေရာကိုယ္ပါႏွစ္ၿပီး ရင္တြင္းဆႏၵေတြကို ေဖာ္ျပကာ ေတာင္းဆိုခဲ့တဲ့ ဆြိဝတ္ရည္ေသာင္ းကေတာ့ မ်က္ရည္ မထိန္းနိုင္ေအာင္ ျဖစ္ခဲ့ရတာလည္း ျဖစ္ပါတယ္ ။ ခံစားခ်က္အစစ္အမွန္နဲ႔ လူထုလႈပ္ရွားမႈမွာ ပါဝင္ေနတဲ့ ဆြိဝတ္ရည္ေသာင္း ရဲ့ပုံရိပ္ေလးေတြကေတာ့ ပရိသတ္ေတြ ရဲ့ရင္ကိုလႈပ္ခတ္ေစခဲ့တာ ျဖစ္ပါတယ္ ။ ဆြိဝတ္ရည္ေသာင္းက “ပုံ​ေလးရိုက္ထား​ေပးတာ တကယ္အမွတ္တရ​ေလးပါပဲ ​ေက်းဇူးအသီ​ေရ ” ဆိုၿပီး မၽွေဝထားတာ ျဖစ္ပါတယ္ ။ ကဲ ခ်စ္ပရိသတ္ ေတြအတြက္ ဆြိဝတ္ရည္ေသာင္းရဲ့ပုံရိပ္ေလးေတြကို ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္ေနာ္ ။

Source & Photo Credit- Sweet Wutt Yi Thaung’s FB Page & “Kyaw Thiha-ေက်ာ္သီဟ” FB Page

unicode

အဆိုတော်မလေး ဆွိဝတ်ရည်သောင်း ကတော့ သီချင်းတွေကို အသံချိုချို လေးနဲ့ သီဆိုတတ်ပြီး ပရိသတ်တွေ ကို ဖမ်းစားနိုင်စွမ်းရှိတာ ဖြစ်ပါတယ် ။ ဆွိဝတ်ရည်သောင်းက အဆိုတော်အဖြစ် အောင်မြင်နေရုံသာမက သရုပ်ဆောင် အဖြစ်လည်း ဇာတ်ကားတွေရိုက်ကူးခဲ့ရတာ ဖြစ်ပါတယ် ။ လက်ရှိကာလမှာတော့ ဆွိဝတ်ရည်သောင်းက ပြည်သူတွေဘက်ကနေ အခိုင်အမာရပ်တည်ဝန်းရံပေးနေတာ ဖြစ်ပါတယ် ။

ဆွိဝတ်ရည်သောင်းကတော့ ပြီးခဲ့တဲ့ရက်ပိုင်းကတည်းက လမ်းပေါ် ထွက်ပြီး လူထုလှုပ်ရှားမှု တွေကို လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ် ။ အစ်မကြီးဖြစ်တဲ့နှင်းဝတ်ရည်သောင်းက ပြည်ပမှာ တတ်နိုင်သလောက် စွမ်းဆောင် နေသလို ဆွိဝတ်ရည်သောင်းနဲ့ အေးသောင်း တို့ညီအစ်မကလည်း မြန်မာနိုင်ငံမှာနေပြီး တာဝန်ကျေနေတာ ဖြစ်ပါတယ် ။ မနေ့ကတော့ ဆွိဝတ်ရည်သောင်း က ရန်ကုန်မြို့ရှိ ဗဟိုဘဏ် အရှေ့ကိုသွားရောက်ပြီး ပြည်သူ့ဝန်ထမ်းတွေကို တောင်းဆိုမှုပြုလုပ်ခဲ့တာ ဖြစ်ပါတယ် ။

စိတ်ရောကိုယ်ပါနှစ်ပြီး ရင်တွင်းဆန္ဒတွေကို ဖော်ပြကာ တောင်းဆိုခဲ့တဲ့ ဆွိဝတ်ရည်သောင် းကတော့ မျက်ရည် မထိန်းနိုင်အောင် ဖြစ်ခဲ့ရတာလည်း ဖြစ်ပါတယ် ။ ခံစားချက်အစစ်အမှန်နဲ့ လူထုလှုပ်ရှားမှုမှာ ပါဝင်နေတဲ့ ဆွိဝတ်ရည်သောင်း ရဲ့ပုံရိပ်လေးတွေကတော့ ပရိသတ်တွေ ရဲ့ရင်ကိုလှုပ်ခတ်စေခဲ့တာ ဖြစ်ပါတယ် ။ ဆွိဝတ်ရည်သောင်းက “ပုံ​လေးရိုက်ထား​ပေးတာ တကယ်အမှတ်တရ​လေးပါပဲ ​ကျေးဇူးအသီ​ရေ ” ဆိုပြီး မျှဝေထားတာ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ် တွေအတွက် ဆွိဝတ်ရည်သောင်းရဲ့ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော် ။

Source & Photo Credit- Sweet Wutt Yi Thaung’s FB Page & “Kyaw Thiha-ကျော်သီဟ” FB Page